မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 7, 2017

RDT ငှက်ဖျား အမြန်စစ်ဆေးနည်း

ဆရာရှင့် သမီးက သားဖွားဆရာမပါဆရာ။ သမီးတို့ကို malaria test စစ်ဖို့ RDT ပေးတယ်ဆရာ။ ငှက်ဖျားဖြစ်ဖူးပြီးနောက် ဖျားတော့ ငှက်ဖျားပုံစံပဲဆရာ။ လူနာကိုမေးပြီး စစ်ပေးတယ်ဆရာ။ အများအားဖြင့် စစ်တာ သိပ်မတွေ့ရဘူးရှင့်။ အခြားဆေးပေးတော့လည်း မသက်သာတာနဲ့ ဆေးရုံလွဲလိုက်တယ်ဆရာ။ ဆေးရုံရောက်တော့ ငှက်ဖျားလို့ ပြောတယ်ဆရာ။ သမီးတို့ကို test လုပ်လို့ + ဆိုမှဆေးပေးရမယ်လို့ ပြောပါတယ်ဆရာ။ test လုပ်တာသွေးယူမမှန်လို့လား ဘာကြောင့်ဆိုတာ သိချင်လို့ပါရှင့်။

RDT ဆိုတာ Malaria rapid diagnostic tests ငှက်ဖျား အမြန်စစ်ဆေးနည်းဖြစ်တယ်။ သွေးထဲက ငှက်ဖျားပိုး Antigens အင်တီဂျင် ပရိုတင်းကို စမ်းတာဖြစ်တယ်။ WHO ကပြဌာန်းထားတဲ့နည်းဖြစ်တယ်။ မြန်မာပြည်မှာ အခြေခံကျန်းမာရေး ဝန်ထမ်းတွေကို သင်ပေးထားတယ်လို့သိရတယ်။

စမ်းနည်းတချို့ကနေ P. falciparum သို့ P. vivax ကိုသာ စမ်းနိုင်တယ်။ တချို့P. falciparum, P. vivax, P. malariae နဲ့ P. ovale တွေအကုန်စမ်းလို့ရတယ်။ P. falciparum ဟုတ် မဟုတ်စမ်းနည်းလည်းရှိတယ်။ လူနာသွေးဖေါက်ယူပြီး စမ်းတယ်။ ၁၅-၃ဝ မိန်စမှာ အဖြေသိမယ်။

ငှက်ဖျားကုသတာမှာ လူနာရဲ့ အသက်၊ ကိုယ်အလေးချိန်နဲ့ ကိုယ်ဝန်ရှိ မရှိအချက်တွေကိုလည်း ကြည့်ရမယ်။ ဒါပြင် ငှက်ဖျားပိုးအမျိုးအစားနဲ့ ဆေးယဉ် နေ မနေပါသိရတယ်။

စမ်းလို့ အဖြေက အပေါင်းမပြသူကို ဆေး ပေးမလား။ WHO ကတော့ ဆေးမပေးမီ မိုက်ကရိုစကုပ်နည်းနဲ့ဖြစ်ဖြစ် RDT နည်းနဲ့ဖြစ်ဖြစ် ငှက်ဖျားရှိတာ သေချာစေဘို့ လမ်းညွှန်ထားပါတယ်။ စမ်းသပ်နည်း မဖြစ်နိုင်တဲ့အခြေအနေမှာသာ ရောဂါလက္ခဏာကြည့်ဆေးပေးပါလို့ဆိုပါတယ်။ ဆေးရဲ့ ဘေးထွက်သက်ရောက်မှုနဲ့ ဆေးယဉ်ပါးမှာ စိုးရိမ်ရလို့ ဖြစ်ပါတယ်။ ဆေးဖိုးကုန်ကျစရိတ်လည်း ထည့်တွက်တယ်။

ဒီလမ်းညွှန်ကို အာဖရိက ငှက်ဖျားထူထပ်ရာနေရာတွေအတွက် အမျိုးမျိုးစဉ်းစားချက်တွေရှိတယ်။ လေ့လာမှုတွေ လုပ်တယ်။ တချို့နေရာတွေမှာ သွေးစစ်ချက် အဖြေအပေါင်းမပြပဲ ကလေး ၅ဝ% ကျော်ကို ဆေးပေးခဲ့တယ်။ တချို့နေရာတွေမှာ အတိအကျလိုက်နာတယ်။ ငှက်ဖျားရှိလျှက်နဲ့ မှားပြီး မပြတာဟာ ကရိယာအားနည်းချက်၊ သင်တန်းယူခဲ့တာအားနည်းချက်အပြင် ငှက်ဖျားမျိုးကွဲ၊ ထူထပ်မှုတွေကြောင့်ဖြစ်နိုင်တယ်။ တိတိကျကျလုပ်ရင် စမ်းသပ်နည်းဟာ ၉၅% မက မှန်ပါတယ်။

သုတေသနလုပ်နေတဲ့ အာဖရိကအတွက်တော့ လမ်းညွှန်သစ်တွေရှိပေမဲ့ မြန်မာပြည်မှာတော့ မသိပါ။ ကျန်းမာရေးဌာနကညွှန်ကြားချက်သာ လိုက်နာရပါမယ်။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.