မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 14, 2017

Restroom အိမ်သာအကြောင်း

(ကန်တော့ပါ)

သူငယ်ချင်းဆရာဝန်တယောက်က ရေးတယ်။ တမျိုးက ဘိုထိုင်ဆိုရင် နောက်တမျိုးကဗမာထိုင်လား။ ရွှေဂျပန်လည်း ဆောင့်ကြောင့်ပါပဲ။ ကုလားထိုင်ကော ဘယ်ကလာတဲ့စကားလဲ၊ ကုလားဖြူ ကုလားမည်း သဲကွဲပါသလား။ ဥရောပထိုင်ခုံလား၊ အိန္ဒိယမူလအစ မဟုတ်ဘူးထင်တာပဲ။

အိမ်သာအကြောင်း ဆေးသုတေသနတွေထဲ မဖတ်ဘူးသေးတာတချက်က ဆောင့်ကြောင့်ထိုင်ဟာ လိပ်ခေါင်းနဲ့ သားအိမ်ကျတာအတွက် အတော်ကိုမကောင်းပါ။ သန့်စင်ခန်းမှာ ရေနွေးရတာဟာ လိပ်ခေါင်းနဲ့ မွေးလမ်းရောဂါ တချို့အတွက် အလွန်သင့်မြတ်တယ်။ တွိုင်းလက်-ပေပါ ခေါ် စက္ကူသုံးတာ လိပ်ခေါင်းရှိနေသူတွေ မသင့်ပါ။ ရေသုံးတာ ကောင်းတယ်။ ရေနွေးက ပိုကောင်းတယ်။

စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကောင်းတယ်။ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။
- လိပ်ခေါင်း၊
- ဂရင်ဂျီနာ၊
- အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊
- ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊
- သားအိမ်နာခြင်း၊
- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊
- ဆီးအိမ်ရောင်ခြင်း၊
- ဆီးကျိတ်ရောင်ခြင်း နဲ့
- ဗဂျိုင်းနားရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။

နိုဝင်္ဘာ ၁၉ ရက်နေ့ကို World Toilet Day ကမာ့္ဘ့အိမ်သာနေ့လို့ ကုလသမဂ္ဂကသတ်မှတ်ထားပါတယ်။ လူ ၂့၎ ဘီလီယန် ကတော့ စနစ်ကျတဲ့အိမ်သာမရှိကြပါ။ လူ ၁ ဘီလီယန်ကတော့ ဟင်းလင်းပြင်မှာသာ အညစ်အကြေး စွန့်နေကြရတယ်။ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်က သန့်ရှင်းတဲ့အိမ်သာနဲ့ မနေနိုင်ကြပါ။ နောက်ဆက်တွဲဆိုးကျိုးကတော့ သန့်ရှင်းရေးနဲ့ဆိုင်တဲ့ ကူးစက်ရောဂါတွေရလို့ လူတွေသန်းနဲ့ချည်ပြီး သေဆုံးနေကြရတယ်။ ကလေးတွေ သေဆုံးတာက ပိုများတယ်။ ကမ္ဘာပေါ်မှာ ရေအလုံအလောက်ရှိပေမယ့် စီးပွါးရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှု ညံ့ဖျင်းလို့ အဲလိုဖြစ်နေရတာပါ။

ဘယ်တိုင်းပြည်မဆို တိုးတက်သလား၊ အိမ်သာကိုကြည့်ရင် သိပါမယ်။ ဒူးမတ်ထိုင်တာဖြစ်ရမယ်။ ရေသုံးတာဖြစ်ရမယ်။ ရေနွေးရရင် အကောင်းဆုံးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၄-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.