ကိုယ့်ကိုယ်ကို

ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ကိုကိုယ် ဘယ်ဟာက အမှန်ပါလဲဆရာ။

အရင်ကလည်း မေးတယ်။ ကို့ကိုယ်ကိုနေမှာပါဆရာ။ အဲလို မဟုတ်ပါ။

ကိုယ့်ကိုယ်ကိုဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ စာရေးရင် မိမိကိုယ်မိမိလို့သာ ရေးပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကိုလို့ ဆိုလိုတယ်။ ကိုယ်ခန္ဓာမှာ ကိုယ်လို့သာရေးတယ်။ ကိုဆိုရင် မည်သူ့ကို၊ မည်သည့်အရာကိုဆိုတဲ့ အပြုခံတခုကို ဆိုလိုတယ်။

ကို = ကံအနက်။ ကိုယ် = ကိုယ်အင်္ဂါ။

မြန်မာအဘိဓါန်မှာ ကိုယ့်ကိုယ်ကို မပါ။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်သိက္ခာကိုယ်၊ ကိုယ့်မင်းကိုယ့်ချင်း၊ မိမိကိုယ်မိမိ လို့သာ ပါတယ်။

ကွကို၊ ကွကိုယ်ဆိုတာ စကားပျက်တွေဖြစ်တယ်။ ကိုယ်ဟာကို (သို့) ကိုယ့်ဟာကိုယ် လို့ပြောချင်ပုံရတယ်။ ကိုယ်ဟာကို ဆိုရင် ကိုယ့်ရဲ့ဟာကို ဖြစ်မယ်။ မယဉ်ကျေးတာတခုခုကို ဟာလို့ပြောတယ်။ ဥပမာ မွေးရာပါ၊ ငယ်ပါ။ ကန်တော့ပါ။

ကိုယ့်ဟာကိုယ်ဆိုရင် ကိုယ်ကိုယ်တိုင်လို့ ဆိုလိုတယ်။ တနည်းအားဖြင့် မိမိကိုယ့်ကိုယ်ကို တခုခုပြုတာဖြစ်သွားမယ်။ ဥပမာ ဆူဆိုက်လုပ်ခြင်း။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး