Time Zone အချိန်ဇုန်များ

Daw Thida Myint အချိန်တွေတော်တော် ကွာတယ်နော်ဆရာ။ မြန်မာ စံတော်ချိန်နှင့် အခြားနိုင်ငံတွေမှာ တူညီ မည့် အချိန်တွေကို ဗဟုသုတအဖြစ် ပြောပေးပါဦးဆရာ။

ကမ္ဘာကြီးက အလုံးကြီးဖြစ်တယ်။ နေကလာတဲ့အလင်းရောင်ရတယ်။ ကမ္ဘာကလည်နေတော့ တခြမ်းကနေ့ဖြစ်နေချိန်မှာ ကျန်တခြမ်းက ညဖြစ်နေတယ်။ နေ့တနေ့ကို ၂၄ နာရီသတ်မှတ်ထားတယ်။ အတိအကျပြောရရင် ၂၄ နာရီထက် ဝ့ဝဝ၂ စက္ကန့်ပိုသေးတယ်။ နေရာဒေသတခုနဲ့တခု နာရီသတ်မှတ်ချက်မူပါ။ အဲလိုမတူညီမှုကို တိကျတဲ့သတ်မှတ်ချက်တွေ လုပ်ထားတယ်။ နိုင်ငံပေါင်း ၁၉၆ (တိုင်ဝမ် အပါအဝင်) နိုင်ငံကို တောင်မြောက်တန်းနေတဲ့ စိတ်ကူး လောင်ဂျီကျု မျဉ်းတွေက ဖြတ်သွားတယ်။ အချိန်သတ်မှတ်မှုကို အဲဒီမျဉ်းတွေနဲ့ ခွဲခြားထားတယ်။ အချိန်ဇုန်လို့ ခေါ်တယ်။ ဇုန်တခုထဲမှာ နိုင်ငံအတော်များများ ပါနေတယ်။ ကျယ်ဝန်းတဲ့ တိုင်းပြည်တွေမှာ အချိန်ဇုန် တခုမကရှိတယ်။ အထူးသဖြင့် အရှေ့နဲ့ အနောက်ရှည်တဲ့ အမေရိကားမှာ အချိန်ဇုန် (၉) ခုနဲ့ ရုရှားမှာ (၁၁/၁၅) ခုရှိတယ်။

Greenwich Mean Time (GMT) ဂရင်းဝစ်ခ်ျစံတော်ချိန်ကို ၁၆၇၅ ကတည်းကသတ်မှတ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက မြို့လေးတခုအမည်ဖြစ်ပါတယ်။ နယူးဇီလန်ဟာ ဂရင်းဝစ်ခ်ျစံတော်ချိန်ထက် ၁၁ နာရီ မိနစ် ၃ဝ စောတယ်။ ဗြိတိန်နိုင်ငံမှာ ၁-၁၂-၁၈၄၇ ကတည်းက မီးရထားစံတော်ချိန်သတ်မှတ်ခဲ့တယ်။ ယူအက်စ်အေမှာ ၁၉၁၃ ကသတ်မှတ်ခဲ့တဲ့ အချိန်ဇုန်တွေနဲ့ ကနေ့ဇုန်တွေ မတူတော့ပါ။

စကော့တလန်ဖွား ကနေဒါနိုင်ငံသား ဆာ ဖင်းဖို့ဒ် ဖလဲမင်းကနေ ၁၈၇၉ မှာ ကမ္ဘာ့အချိန်ဇုန်စနစ်ကို အဆိုပြုခဲ့တယ်။ ၁၉ဝဝ ကျော်တော့ တရားဝင်သတ်မှတ်လာကြတယ်။ GMT/UTC လို့ခေါ်တယ်။ အရင်က ဂရင်းဝစ်ခ်ျမျဉ်းကို ၁၈ဝ မရီဒီယန် သတ်မှတ်တယ်။ နောက်မှာ သုညဒီဂရီ ပရိုင်း မရီဒီယန်သတ်မှတ်တယ်။ UTC အချိန်ဆိုတာ Coordinated Universal Time ဖြစ်တယ်။ ဇူးလူးအချိန်လို့လည်းခေါ်တယ်။

ကမ္ဘာကို အချိန်ဇုန် (၂၄) ခုခွဲထားတယ်။ အတိအကျဆိုရင် ကမ္ဘာ့အချိန်ဇုန် (၂၄) ခုကျော်သေးတယ်။ Military Time Zones စစ်ရေးအချိန်ဇုန်က (၂၅) ခုရှိတယ်။ Daylight Saving Time နေ့အလင်းရောင်ချွေတာရေးစနစ်လည်းရှိသေးတယ်။ စာတပုဒ်ရေးထားတယ်။

UTC နဲ့ (+) (-) ပြတယ်။ ဥပမာ IST အိန္ဒိယစံတော်ချိန်က UTC+5:30 ဖြစ်ပြီး IST အစ္စရေးစံတော်ချိန်က UTC+2:00 ဖြစ်တယ်။ မြန်မာ (ရန်ကုန်) စံတော်ချိန်က UTC+6:30 ဖြစ်လို့ ဂရင်းဝစ်ခ်ျထက် ၆ နာရီခွဲစောတယ်။ ရန်ကုန်မြို့ဟာ ကျွန်တော်နေထိုင်တဲ့ အင်ဒီယာနပလစ်နဲ့ ၁၁ နာရီ မိနစ် ၃ဝ စောပါတယ်။

History of Daylight Saving Time နေ့အလင်းရောင်ချွေတာရေး နာရီပြောင်းစနစ် http://doctortintswe.blogspot.com/2015/03/history-of-daylight-saving-time.html

ဒေါက်တာတင့်ဆွေ
၈-၁-၂ဝ၁၇
ညနေ ၆ နာရီ၊ ၁၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး