မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, January 20, 2017

Tug-of-War လွန်ဆွဲကြိုး

ကျွန်တော့် ပို့စ်တခု = Omnicef (cefdinir) ဗက်တီးရီးယားအတွက်ဆေး

ကွန်မင့်တခု = ဆရာခင်ဗျား ဖော်ပြပါဆေးဟာ OTC drug မဟုတ်တဲ့အတွက် non-medical များကို သောက်ပုံ သောက်နည်း ညွှန်းလို့မသင့်တော်ဟုထင်ပါတယ်။ ဖော်ပြပါဆေးနဲ့မှ ဆေးမတိုးခဲ့လျှင် သောက်ရမည့်ဆေးများကိုပါ ဈေးနှုန်းနှင့် သောက်ရမည့်ပမာဏအတိုင်းအတာနှင့်တကွဖော်ပြသင့်ပါသည်။ ဆေးနဲ့ ကို ဆေးနှင့် ဟုဖတ်ပေးပါခင်ဗျား။

အကြံပြုလာသူက စေတနာနဲ့ဖြစ်ပါမယ်။ OTC ဆိုတာ ဆေးကောင်တာကနေ ဆရာဝန်လက်မှတ် မလိုပဲ ဝယ်ချင်သူ ဝယ်လို့ရတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။ အဲလိုပြောလာသူတွေ ၁ဝ ယောက်မကရှိပါပြီ။ ဆိုးဆိုးဝါးဝါး ဝေဘန်သူတွေလည်း လာတယ်။ ကျွန်တော်ရေးပြီးသား ဆေးပညာစာတွေ ထောင်ဂဏန်းကျော်နေပြီ။ ဘလော့မှာ အားလုံးလိုလိုတင်ထားတယ်။ ရေးရတဲ့အကြောင် အခိုင်အမာရှိပါတယ်။ တိုတိုမြန်မြန်လေးတော့ ရေးပါမယ်။

၁။ မြန်မာလူမျိုးတွေ ပြည်တွင်းမှာဖြစ်ဖြစ် တခြားတိုင်းပြည်တွေမှာဖြစ်ဖြစ်အတွက် အခုလို ဆေးပညာအသိ လိုအပ်ကြတယ်လို့ သိပါတယ်။

၂။ အထူးကုဆရာဝန်တွေအထိ လက်လှမ်းမမီသူတွေ များပါတယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကွာလှမ်းသူတွေလည်း မနည်းပါ။ ဘာသာစကားအခက်အခဲနဲ့ ကျန်းမာရေးခက်ခဲနေသူတွေ သန်းဂဏန်းရှိနိုင်တယ်။

၃။ ဆေးပညာကို အတိုင်းအတာတခုအထိသာ သင်ယူရသူတွေ (ကျွန်တော် အပါအဝင်) ရှိတယ်။

၎။ အဲတာတွေကြောင့် ဆေးပညာစာရေးတွေ ရေးပါတယ်။ ဆရာဝန်ဆီလာပြချိန်မှာ လူနာကို ပြောလိုက်နိုင်တဲ့ ဒီဆေးကို တခါသောက် ဘယ်လောက်၊ တနေ့ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ရက်သောက်ဆိုတာထက် ပိုပြီးပြည့်စုံအောင် ရေးရပါတယ်။ ဆေးသုတေသနသစ်တွေအရ ရေးထားပြီးသာလည်း ပြန်ပြင်ရတာတွေရှိတယ်။

၅။ ကျွန်တော်က သိတာကို ချန်မထားတတ်ပါ။ လျှော့လည်းမပြောပါ။ ပိုလည်း မပြောပါ။ ရောဂါအကြောင်းမှာ ဥပမာ ကင်ဆာဆိုရင် ၅ နှစ်အသက်ရှင်နှုန်းပါထည့်ရေးတယ်။ ဆေးတခုတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေလည်း ထည့်ရေးပါတယ်။

မေးနည်းစည်းကမ်းနဲ့အညီ မေးလာရင် ဆေးပညာစာတွေပို့ပါတယ်။ အဲတာဟာ ဆေးကုသတာ မဟုတ်ပါ။ တချို့က ဆေးနာမည်အများကြီးထဲက တခုရွေးပေးခိုင်းတယ်။ မဖြေပါ။ မမြင်ရ မစမ်းရသူကို အဝေးကနေ ဆေးကုသလို မကုပါလို့သာ ပြန်ရေးပါတယ်။ ကျွန်တော့်က စာကိုရေးရင်လည်း အပြည့်အစုံ၊ မရေးရင်လည်း လုံးလုံးရပ်လိုက်ဘို့ ဖြစ်ပါတယ်။ စေတနာနဲ့ အကြံပေးသူတွေကို လေးစားပါတယ်။ ခက်ခဲနေကြသူတွေမျက်နှာကို ပိုမြင်နေမိတယ်။ ကျွန်တော့်အခြေအနေက လွန်ဆွဲခံနေရတဲ့ကြိုးတချောင်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.