မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, January 15, 2017

Yeast infection of men ကျားအင်္ဂါ မှိုပိုး

(ကန်တော့ပါ)

မျိုးပွါးအင်္ဂါမှာ ဖန်းဂတ်စ် ခေါ် မှိုပိုးက အမျိုးသမီးတွေမှာ အတော်ကို အဖြစ်များပါတယ်။ အမျိုးသမီးတွေ ဗဂျိုင်းနား ခေါ် မွေးဖွာလမ်းရောင်တကြိုဖြစ်စေတဲ့ ရောဂါနဲ့ပိုးတွေကတော့  Bacterial vaginosis ဗက်တီးရီးယား ၄ဝ-၄၅%၊ Vaginal candidiasis ကင်ဒီဒိုင်ယေးဆစ် ၂ဝ-၂၅% နဲ့ Trichomoniasis ထရွိုင်ကိုမိုနီယေးဆစ် ၁၅-၂ဝ% ဖြစ်တယ်။ ဆောရီး။

C. albicans မှိုအမျိုးအစားဟာ လူတွေရဲ့ အစာလမ်းဝြေကာင်းထဲမှာ ရှိနေတယ်။ တခြားပူနွေးစိုထိုင်းတဲ့ ကိုယ်ပေါ်က နေရာတွေမှာလည်း ရှိနေနိုင်တယ်။ အရေအတွက်များမှသာ ရောဂါဖြစ်တယ်။ အမျိုးသမီးတွေ ၂ဝ% မှာ ဗဂျိုင်းနားထဲမှာ မှိုပိုးတွေရှိနေကြတယ်။ ရောဂါရယ်လို့တော့ ခံစားချင်မှသာ ခံစားရမယ်။ မှိုပိုးရှိနေသူနဲ့ ဆက်ဆံသူကို ရောဂါကူးစက်တယ်။ ယောက်ျားတွေမှာလည်း ၁၄-၁၈% မှာ အဲလိုပဲ လိင်အင်္ဂါပေါ်မှာ မှိုပိုးတွေရှိနေကြတယ်။ ယောက်ျားတွေမှာတော့ လိင်ဆက်ဆံတာမဟုတ်ပဲလည်း မှိုပိုးရောဂါရနိုင်တယ်။

ယောက်ျားတွေ လိင်အင်္ဂါမှာ မှိုပိုးဖြစ်တာကို Candidal Balanitis လို့ခေါ်တယ်။ ကျားအင်္ဂါရောင်တာအားလုံးရဲ့ ၃ဝ-၃၅% ဖြစ်တယ်။ Antibiotics ဗက်တီးရီးယားသေဆေးသောက်ခြင်း၊ HIV ရှိနေခြင်း၊ ဆီးချိုရှိခြင်း၊ Corticosteroids စတီရွိုက်ဆေးသုံးနေခြင်းနဲ့ တကိုယ်ရေသန့်ရှင်းရေးနည်းခြင်းတွေကနေ ယောက်ျားလိင်အင်္ဂါမှာ မှိုရောဂါရနိုင်တယ်။ သန့်ချင်လွန်းလို့ ရေမွှေးဆပ်ပြာသုံးတာ မသင့်ပါ။ ဖုံးအုပ်ဝတ်ဆင်ရတဲ့နေရာမှာ အချိန်ကြာအောင် ပူနွေးစိုထိုင်းနေတာ မသင့်ပါ။

မှိုပိုးရောဂါဖြစ်ရင် ဒါတွေခံစားရနိုင်တယ်။ လိင်အင်္ဂါထိပ်မှာ ပူလောင် ယားယံမယ်။ နီရဲရောင်နေမယ်။ ပြည်ဝတ်လေးတွေရှိမယ်။ အတူနေရင်နာမယ်။ အဖုံးအရေပြားကနေ ခပ်ပြစ်ပြစ်အရည်ထွက်မာယ်။ အနံ့ဆိုးမယ်။

ကုသရတာ မခက်ပါ။ Azoles ခေါ်ဆေးနဲ့ပျောက်မယ်။ Clotrimazole (Lotrimin) 10 mg သောက်ဆေး တနေ့ ၅ ကြိမ်၊ ၁၄ ရက်။ သို့မဟုတ် Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် တပတ် ၂ ကြိမ်၊ ၄-၆ ခါ။

Clotrimazole (Lotrimin) ဆေး၊ Miconazole (Monistat) ဆေနဲ့ Econazole (Spectazole) လိမ်းဆေးတွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.