စဉ် ဇဉ် ဇင် စင်

စံရွှေမြင့်ကာတွန်းထဲက စာသားကို ကွန်မင့်တခုက ထောက်ပြပါတယ်။

၁။ သံယောစဉ် အပြစ်မြင်မိတာလေးပါဆရာ။

ဟုတ်တယ်။ သံယောစဉ် မဟုတ်။ သံယောဇဉ်။ လှာလည်း လာဖြစ်သင့်တယ်ထင်တယ်။ ကျွန်တော်တင်ပြနေတဲ့ ဟိုအရင်ကထုတ်တဲ့ စာအုပ်တွေထဲမှာလည်း ထောက်ပြစရာတွေရှိပါတယ်။

၂။ သံယောဇဉ်လား၊ သံယောစဉ်လားဆရာ။ အချိန်ရလျှင် ဖြေပေးပါဆရာ။

၃။ ဆရာရှင့် ဂီတသံစဉ်လို့သုံးလား၊ ဂီတသံဇဉ်လို့သုံးလား မသဲကွဲလို့ဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင့်။

သံယောဇဉ်၊ ဂီတသံစဉ်။

စဉ်
ကွန်းစဉ်တိုင်
စဉ်ဆက်ရှေးတီး (ရှေးရိုးစဉ်လာထုံးစံအတိုင်း)
စဉ်တိုက် ဆက်တိုက်
စဉ်နက္ခတ်

စဉ်ပါး (လွင့်စင်)
စီစဉ်သည်
တံစဉ် (တစဉ်)
ထွန်းပစဉ်အခါ
ပျက်အစဉ် ပြင်ခဏ
ဖိတ်စဉ်သည်
မင်းစဉ်မင်းဆက်
လွင့်စဉ်
လာစဉ်
သံစဉ် (သံစဉ်သင်္ကေတ)
သွားစဉ် လာစဉ်
အစဉ်မပြတ်
အစဉ်မသင့် (အစီအစဉ် မသင့်၊ အဆင်မသင့် မဟုတ်)
အစဉ်အလာ
အစီအစဉ်
နေ့စဉ်မှတ်တမ်း

ဇဉ်
ဇဉ်ဖျင် (ဇင်ဖျင်)
ပုထုဇဉ်
ပယောဇဉ်
ဥယျောဇဉ်
ဘောဇဉ်
သံယောဇဉ်
သမ္မဇဉ်
ဂေါရာဇဉ်

ဇင်
ဇင်ယော်ငှက် (စင်ရော်ငှက်)
ဇင်ရွေးပင်
သဇင်ပန်း

စင်
ကင်းစင်
စင်စစ်
စင်ကြယ်
စင်ပြိုင်
စင်ရော်ငှက်
စင်္ကြံလျှောက်
စာအုပ်စင်
ထမ်းစင်
ပစ္စင်ရင်တား
ဗူးစင်
မစင်ကျင်ကြီး
ယက်ကန်းစင်
ဖြူစင်သော
အပျိုစင်
ရေအိုးစင်

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၈




Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး