စဲ နှင့် ဆဲ

၁။ ကျနော် ကြိုးစားနေစဲပါဆရာ။

နေဆဲ၊ ရပ်စဲ။

၂။ ဆရာရှင့် စဲ နှင့် ဆဲ ကိုလည်းရှင်းပြပေးပါဦး။ အိတ်ဆောင် မြန်မာသတ်ပုံကျမ်းမှာ ဆဲရေးတာကိုပဲ ဆဲ လို့ပြောလို့ဆိုပြီး စာရေးမအစ်မတယောက်က ဆောင်ရွက်စဲလို့ ရေးတင်တာကို အထက်လူကြီးကမှားတယ်ပြောတော့ သူက စာအုပ်ထုတ်ပြမယ်လုပ်နေလို့ ကျွန်မကရှင်းပြပေမယ့် သူလည်း လက်မခံချင်သလို ကိုယ်တိုင်လည်း မှားနေသလား ဒွိဟ ဖြစ်နေရလို့ပါ နောင်ကို ထုတ်ဝေထားတဲ့စာအုပ်တွေကို ယုံကြည်လို့ရပါ့မလား ဆရာ ရှင်းပြပေးပါရှင့်။

စဲ
ပရိတ်သတ်စဲပြီ
မိုးစဲပြီ
ရန်စဲပြီ
ဝင်လာမစဲ

ဆဲ
ဆဲဆိုသည်
ဆဲရေးသည်
ရှင်သန်ဆဲ
လာနေဆဲ

အမှား - အမှန်
အဃာသ - အာဃာတ
ခုနှစ်ရက် - ခုနစ်ရက်
ပြောင်းလှဲချိန် - ပြောင်းလဲချိန်
ကာကွန်ဆေး - ကာကွယ်ဆေး
ရှင်သန်စဲပါ - ရှင်သန်ဆဲပါ

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၇
၁၂-၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး