အခုပဲ ပြန်ရောက်တယ်

မနေ့က ဒီမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ကို တက်ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟွာဒိုဆွန်နဲ့ ဇနီးတို့နဲ့ အင်ဒီယာနာပလစ်မြို့က မြန်မာနိုင်ငံသားတွေ တွေ့ဆုံပွဲကို ဘီအေစီအိုင် ခေါ် မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျုမှာ လုပ်ပါတယ်။

ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးကြတယ်။ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေးမူ အောက်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေပုံ စတာတွေကို ရှင်းလင်းဆွေးနွေးပါတယ်။ ဒေါ်စုဆီက ဘာသံမှ မကြားရဘူးဆိုတာတွေကိုမေးတော့ ပြောသင့်သူတွေကို ပြောနေရုံသာမက လုပ်ဆောင်နေကြောင်း၊ လုပ်တာတွေကလည်း ရေရှည်တည်တံ့စေမှာတွေကို အစီအစဉ်တကျလုပ်နေကြောင်း ဖြေကြားသွားပါတယ်။

နိုင်ငံကိုယ်စားပြု သံအမတ်ကြီးတဦးကနေ အခုလိုဆွေးနွေးမှုကို လွန်ခဲ့တဲ့ (၂၇) နှစ်ကတည်းက ပဌမဆုံးကြားရတာပါ။ အရင်ကတော့ သံရုံးတွေဟာ နိုင်ငံတကာမှာ စစ်အစိုးကို ခုခံကာကွယ်ပြောဘို့နဲ့ ကျွန်တော်တို့တတွေ ဘယ်မှာ ဘာလုပ်နေကြသလဲလို့ စုံစမ်းပြီး ရန်ကုန်ကို အစီရင်ခံဘို့သာလုပ်ကြရတယ်။ အဲတာကို အပြောင်းအလဲအဖြစ် မှတ်ယူပါတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး