ပုတ် နှင့် ပုပ်

၁။ အိပ်ပုပ်ကြီးတာ အိပ်ပုတ်ကြီးတာ ဘယ်ဟာအမှန်လဲဆရာ သူငယ်ချင်းတဦးနဲ့ငြင်းနေရလို့ပါဆရာ

၂။ ဆရာမင်္ဂလာပါ။ အိပ်ပုပ်လို့ရေးရတာလား၊ အိပ်ပုတ်လို့ရေးရတာလားဆရာ။

အိပ်ပုတ်က မှန်မလားမသိပါ။ ပုတ်လောက်ကြီးတဲ့သဘောလား မပြောတတ်ပါ။ အစားပုတ်တယ်လို့လည်း ပြောကြတယ်။ ပါးစပ်ပုပ်ဆိုရင်တော့ မယဉ်ကျေးတာတွေပြောတယ်လို့ဆိုလိုတယ်။ စိတ်ပုပ်ကလည်း စိတ်ထားညံ့တယ်လို့ပြောတာ။ အဲတာ သတ်ပုံစာအုပ်တွေမှာ မပါ။ စကားအဖြစ်သာပြောတာ။

ပုတ်
စပါးပုတ်
ပါဋလိပုတ်ပြည်
ပုတ်ခတ်ပြောဆို
ပုတ်တလုတ်ကန်
ပုတ်ပြတ်ငှားရမ်း
ပုတ်သင်ညို
ရိုက်ပုတ်သည်
လှိုင်းပုတ်သည်
အိုးပုတ်
ဆောက်ပုတ်လက်နက် (ထုရိုက်စရာ)
ရေလှိုင်းပုတ်
တင်းပုတ်

ပုပ်
ခင်ပုပ်ငှက်
ဆူးပုပ်ရွက်
ပုပ္ပါးတောင်
ပုပ်စပ်
ပုပ်ပွ
ပုပ်အဲ့အဲ့
ပုပ်စော်နံ
ဝက်ပုပ်ရွာ
သစ်ပုပ်ပင်
သစ်ပုပ်ရွာ
အစိမ်းပုပ်ရောင်
အပုပ်နံ့
မြွေငန်းပုပ်
လငပုပ်ဖမ်း

ပုဒ်
ဇနပုဒ်
နာမ်ပုဒ်
ပုဒ်ထီးပုဒ်မ
ပုဒ်ပါဇ်အကရာ
သိက္ခာပုဒ်

ပုသ်
ဥပုသ်သီလ
ဥပုသ်စောင့်

ပုထ်
ဣရိယာပုထ်

ပုဂ်
ပုဂ္ဂိုလ်
ပုဂ္ဂလိက
ပုဂ္ဂလဓိဋ္ဌာန်

ပုစ်
ပုစ္ဆာ

ပုဗ်
ပုဗ္ဗနိမိတ်
ပုဗ္ဗကြယ်

ဖုတ်
ငါးပိဖုတ်
ဆံပင်ဖုတ်သိုက်
ဖုတ်ခနဲကျလာသည်
ဖုတ်တစ္ဆေ
ဖုတ်ပူမီးတိုက်
ဖုတ်ဖုတ်မြည်သံ
ဖုတ်ကြီးသင်္ဂြိုဟ်
ဖုတ်လှိုက်ဖုတ်လှိုက်
ဖုတ်သွင်းရထား (ဖုဿရထား)
ဖုတ်ကောင်
မီးမှာဖုတ်သည်
ဦးစွန်းဖုတ်
တောခြုံဖုတ်

Lu Lu အိပ်ပုပ်က relevant ဖြစ်မယ်ထင်တယ် သေလို့ ပုပ်ပွ သွားလို့ အသေလို့ အိပ်တဲ့သဘော
Thar Gyi အိပ်ပုတ်
Grace Grace အိတ်ပုတ် (တ်) က အမှန် ဖြစ်မယ်လို့ ယူဆပါတယ်ဆရာ .. 😊

ပုပ်သိုးနေအောင်အိပ်တယ်လို့လည်းပြောနိုင်တယ်။ အိပ်ပုတ်ကြီးလို့ ကြီးစာလုံးနဲ့တွဲရင် ပုတ်လောက်ကြီးသဘောဖြစ်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး