ချင် နှင့် ခြင်

၁။ ဆရာရှင့် ချင် နှင့် ခြင် တို့ရဲ့ သုံးစွဲပုံကိုလည်း အဆင်သင့်လျှင် ရေးသားပေးစေလိုပါတယ်ရှင့်

၂။ မင်္ဂလာပါဆရာ။ တခုလောက်မေးချင်လို့ပါရှင့်။ စတုတ္ထတန်းသိပ္ပံ အခန်း ၄ သင်တဲ့အခါမှာ ချင်တွယ်ဖန်တိုင် နဲ့ ခြင်တွယ်ဖန်တိုင်ဆိုပြီး၊ ၂ မျိုးတွေ့နေရပါတယ်။ ပုံနှိပ်မှာပါ။ အဲဒါ ဘယ်ဟာအမှန်ပါလဲဆရာ။ ကျေးဇူးပြု၍ဖြေကြားပါ။

ခြင်တွယ်ဖန်တိုင်ကသာ မှန်ပါမယ်။

ချင်
• ကချင်ပြည်နယ်
• ချင်ချင်မြည်
• ချင်ခြင်းဖြစ်နေသည်
• ချင်ရွေးပင်
• စားချင်စရာ
• မချင်မရဲ
• မသိစေချင်ပါ
• ဖြစ်ချင်တိုင်း
• လိုချင်စရာ
• လုပ်စေချင်တယ်
• သွားချင်လာချင်
• အိပ်ချင်မူးတူး

ခြင်
• ခွက်ခြင်ရောင်း
• စပါးခြင်
• ဆင်ခြင်တုံတရား
• ခြင်ခံတန်း
• ခြင်ဆီ
• ခြင်ညှပ်
• ခြင်တွယ်ဖန်ခွတ်
• ခြင်တွယ်ဖန်တိုင်
• ခြင်ပိတ်တန်း
• ခြင်ပုန်း၊ ခြင်ကောင်၊ ခြင်ကိုက်
• ခြင်ယပ်
• ခြင်ကောင်
• ခြင်ထောင်
• ခြင်္သေ့
• အခြင်ရနယ်
• အိမ်မိုးခြင်တင်
• အကြောအခြင်
• နောင်ဆင်ခြင်ပါ

စကားပုံများ
• ကချင်ရက် လက်ကျိုး
• ချည်ပုဆိုးက ပိုးပေါင်းချင်
• ငိုချင်ရက် လက်တို့
• ထမင်းကြမ်းက အငွေ့ထွက်ချင်
• မည်းမည်းမြင်ရာ ငါ့ယောက္ခမထန်းတော မလုပ်ချင်နဲ့
• လာချင်ရင်အနီးလေး မလာချင်ရင်ခရီးဝေး
• သေချင်တဲ့ကျား တောပြောင်း

ဒေါက်တာတင့်ဆွေ
Photos = Pipette and Burette

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး