မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, February 6, 2017

Dementia ဒီမန်းရှားရောဂါ

ဒီမန်းရှားရောဂါဆိုတာ နေ့စဉ်အလုပ်တွေအတွက် ထိခိုက်စေအောင်အထိ မှတ်ဥာဏ်၊ စဉ်းစားမှုစွမ်းရည်ကျဆင်းခြင်းကို ခေါ်တယ်။ ဒီမန်းရှားရောဂါဖြစ်သူတွေထဲမှာ Alzheimer's disease က ၆ဝ-၈ဝ% ပါဝင်။ ဆထုပ်ခေါ် ဦးနှောက်သွေးကြော မတော်တဆ ဖြစ်ပြီးသူတွေမှာဖြစ်တဲ့ Vascular dementia က ဒုတိယအများဆုံးဖြစ်။ အသက်ကြီးလိုဖြစ်တာ မဟုတ်။ Senile dementia လို့ခေါ်တာ မမှန်။

ခံစားရာတွေအမျိုးမျိုးရှိတဲ့အထဲမှာ အောက်ကအချက် အနည်းဆုံး ၂ မျိုးပါနေမယ်။ Memory မှတ်ဥာဏ်နည်း၊ Communication and language ဆက်သွယ်ရေးနဲ့ ဘာသာစကား၊ Ability to focus and pay attention အာရုံစိုက်နိုင်မှုကျဆင်း၊ Reasoning and judgment ဆင်ခြတုံတရားနဲ့ ဆုံးဖြတ်ချက် အားနည်းခြင်းနဲ့ Visual perception အမြင်အားနည်းခြင်း။

အတော်များများက ကာလတိုမှတ်ဥာဏ်နည်းကြတယ်။ မကြာသေးခင်ကလုပ်ထားတာကို မေ့နေတယ်။ အတော်များများက ကြာလေ ဆိုးလာလေဖြစ်တယ်။ ဖြစ်ရတာက ဦးနှောက်ဆဲလ်တွေချို့ယွင်းလာလို့ဖြစ်တယ်။ တွေးတာ၊ အမူအယာနဲ့ ခံစားချက်တွေမှာ အရင်လို မဟုတ်တော့ပါ။

စိတ်ကျခြင်း၊ ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှု၊ အရက်နဲ့ မူးယစ်ဆေးဝါး၊ လည်ပင်းကြီးရောဂါနဲ့ ဗီတာမင် အားနည်းလို့ကနေ ဆက်ဖြစ်တာဆိုရင် အဲတာတွေကို ကုသရှောင်ရှားတာနဲ့ သက်သာစေမယ်။

မဖြစ်အောင်ကာကွယ်သင့်တယ်။ နှလုံးသွေးကြောရောဂါကို ကာကွယ်ပါ။ ကိုလက်စထောများခြင်း၊ သွေးတိုး၊ ဆီးချို၊ ကိုယ်အလေးချိန်များခြင်း ကာကွယ်ပါ။ ကုသပါ။ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးရှောင်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ အစားအသောက် ကျန်းမာရေးနဲ့ညီညွတ်တာကိုသာ စားပါ။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.