Fertility မျိုးပွါးခြင်း မေးခွန်း

(ကန်တော့ပါ)

ဆရာ ကျွန်မက ကျွန်မသူငယ်ချင်းအတွက် မေးပေးတာပါ။ သူနေတဲ့နေရာက internet အခက်အခဲရှိလို့ပါဆရာ။ သူ့ရဲ့နာမည်က့ ပါဆရာ။ အသက်က ၂၅ နှစ်ရှိပါပြီ။ သူ့အိမ်ထောင်သက် ၂ နှစ်နဲ့ ၉ လရှိပါပြီဆရာ။ အိပ်ထောင်စကျချိန်တုန်းက သူ့အမျိုးသားနဲ့က အလုပ်ကတနေရာစီမို့ ၃ လတခါ၊ ၂ လတစ်ခါလောက်ပဲ တွေ့ဖြစ်ပါတယ်တဲ့။ အဲတာနဲ့ ပုံမှန်တားဆေးတွေမသောက်ပဲ အရေးပေါ်ဆေးတွေပဲ သောက်ခဲ့ပါတယ်တဲ့ဆရာ။ အခုက ဆေးလုံးဝမသောက်တာ ၉ လရှိပါပြီ။ အခုကတော့ တလမှာ ၄ ရက်၊ ၅ ရက်လောက်တော့ အတူနေဖြစ်ပါတယ်တဲ့ဆရာ။ ကလေးက အခုထိမရသေးလို့ စိုးရိမ်နေပါတယ်တဲ့။ ဘာတွေများလုပ်ဖို့လိုအပ်မလဲလို့ပါဆရာ။

မေးခွန်းပါ တစ်တွေကိုပြင်ပါတယ်။ ပီတွေကိုလည်း ပြင်လိုက်ပါတယ်။ ဆောရီး။

ကိုယ်ဝန်-ကလေးရဘို့အတွက် အမျိုးသမီး ရာသီမှန်ရမယ်။ လစဉ်မျိုးဥထွက်နေရမယ်။ သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါမရှိရ။ အမျိုးသားလိုအပ်လို့စစ်ရင် သုက်ရည် အရည်အသွေး + အရေအတွက် မီရမယ်။ အဲတာတွေကို စမ်းသပ်စစ်ဆေးရင် သိမယ်။ လိုတာကို ပြုပြင်ရမယ်။

အရေးပေါ်တားဆေးအကြောင်း ရေးထားတယ်။ ခဏခဏလည်းဖြေရတယ်။ Ecee-2 အီးဇီးတူး မယဉ်ကျေးမှုနဲ့ Ecee-2 အရေးပေါ်တားဆေး သတိပေးစာ ၂ ပုဒ်ရေးထားတယ်။

ဒီစာရေးနေတုန်းမှာ မေးခွန်းလာတယ်။ ဆရာမင်္ဂလာပါရှင့် ကျွန်မက ကုမ္ပဏီဝန်ထမ်တဦးပါ။ အသက်က ၂၆ နှစ်ရှိပါပြီ။ ဆရာနားနဲ့မနာဖဝါးနဲ့နာပါဆရာ။ ကျွန်မချစ်သူက့ သင်တန်းတက်နေပါတယ်ဆရာ။ သူကသင်တန်းကပြန်လာတော့ ကျွန်မတို့လက်မထပ်ဘဲ အတူတူနေကြပါတယ်။ အတူတူနေပြီးတိုင်းသူက essze2 တိုက်ပါတယ်ဆရာ။ တလတည်းကို ဆေးခြောက်လုံး သောက်မိရင် ဘေးထွက်ဆိုးကျိုးဖြစ်မိုင်ပါသလားရှင့်။

မေးခွန်းထဲက တစ် တွေကို ပြင်လိုက်တယ်။ လက်ထက်ကိုလည်း လက်ထပ်လို့ပြင်လိုက်တယ်။ ဆောရီး။

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်းစာ တနေ့မှာ ၅ ယောက်လောက်ဆီပို့ပေးနေရတယ်။ မြန်မာပြည်လူဦးရေအတွက်တောင် စိုးရိမ်မိတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၂-၂ဝ၁၇

Comments

Popular posts from this blog

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

Exercise after Surgery ခွဲစိတ်ထားပြီး လေ့ကျင့်ခန်းလုပ်ခြင်း

Chances of having twins အမြွာကိုယ်ဝန်လိုချင်သလား