Hirschsprung's disease မွေးရာပါ အူမကြီးရောဂါ

မင်္ဂလာပါဆရာရှင့်။ ကျွန်မနာမည့့် ပါ။ အသက် ၃၄ နှစ်ပါ။့ မှာနေပါတယ်။ Hirschsprung's disease ဘာကြောင့် ဖြစ်တယ်။ ရောဂါအနုအရင့်ကိုမူတည်ပြီး ဘယ်လိုကုသလို့ရနိုင်လဲ သိချင်ပါတယ်ဆရာ။ မခွဲမစိတ်ဘဲ ကုသလို့ရတဲ့ နည်းကော ရှိပါသလားဆရာ။ သူ့အလိုလိုကော ပျောက်ကင်းနိုင်ပါသလားရှင်။ ကျွန်မသားလေးကို အဲ့ရောဂါ ဖြစ်နေတယ်လို့ ဆရာဝန်က သံသယရှိနေလို့ပါ။ ကလေးအသက်က ၂ နှစ် ၃ လပါ။ ကလေးခွဲစိတ်က ခွဲခိုင်းနေလို့ပါ။ ကလေးကငယ်သေးတော့ ကျွန်မတို့အနေနဲ့ သူ့ကိုမခွဲစိတ်စေချင်သေးလို့ပါဆရာ။ မခွဲစိတ်ရဘဲ ပျောက်နိုင်တဲ့ နည်းတွေ ရှိရင် သိချင်ပါတယ်ရှင်။ ခုလောလောဆယ် ကလေးက Avolac ဝမ်းပျော့ဆေးကို တနေ့ ၃ ကြိမ် တခါသောက် ၅ ml သောက်နေတာတောင် ဝမ်းကနေ့တိုင်း တနေ့တကြိမ်တောင် ပါဖို့မနည်းလုပ်နေရလို့ပါ။ ဝမ်းပျော့ဆေးကို မသောက်ဘဲနဲ့ သူ့အလိုလို ဝမ်းသွားအောင် ကြိုးစားနေပါတယ်ဆရာ။ ဖြစ်နိုင်ပါသလားဆရာ။ ကျေးဇူးပြုပြီး ကူညီပါအုံးရှင်။

မွေးရာပါ အူမကြီး ကြီးနေတဲ့ရောဂါဖြစ်တယ်။ ဝမ်းသွားတာ ပုံမှန်မဟုတ်ဖြစ်နေမယ်။ မွေးပြီး ၄၈ နာရီအတွင်း ဝမ်းမသွားသေးဘဲနေမယ်။ သိပ်မဆိုးရင် မသိသာဘူး။ ခွဲစိတ်ကုသရမယ်။ ကလေးဟာ ဗိုက်ဖောင်းနေမယ်။ အန်မယ်။ အစိမ်းရောင် အညိုရောင်အန်မယ်။ ဝမ်းချုပ်မယ်။ တချို့ ဝမ်းလျှောမယ်။ လေပွမယ်။ အားနည်းနေမယ်။

ဘာလို့ဖြစ်သလဲ သေချာမပြောနိုင်ပါ။ အူမကြီးကိုအလုပ်လုပ်ပေးတဲ့ အာရုံကြောလေးတွေ ဖွံ့ဖြိုးမှုနည်းနေလို့ဖြစ်ရတယ်။

ရောဂါပါနေတဲ့ကလေးမှာ Enterocolitis အူရောင်တာဖြစ်လာတတ်တယ်။ ပိုးသေဆေးပေးရတယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ တခြားမွေးရာပါရောဂါတခုခုနဲ့လည်းတွဲနေတတ်တယ်။ Down syndrome သို့မဟုတ် congenital heart disease နှလုံးရောဂါ။

ဓါတ်မှန်နဲ့စစ်ရင်ရောဂါကို သိမယ်။ အသားစဖြတ်ယူစစ်ဆေးရင် သိမယ်။

ခွဲစိတ်ကုသနည်းမှာ Bypass နည်းရှိတယ်။ ခွဲတာကို မခံနိုင်တဲ့ကလေးကို ခွဲစိတ်တာ ၂ ဆင့်လုပ်ရတယ်။ Ileostomy နဲ့ Colostomy အရင်လုပ်ပြီးမှာ ပြန်ပိတ်ရတယ်။

ကလေးကို ဖိုက်ဘာပါအစားအသောက်ကျွေးရမယ်။ ရေ-အရည် များများသောက်စေရမယ်။ ကိုယ်လက်လှုပ်ရှားမှု အားပေးရမယ်။ လိုအပ်ရင် Laxatives ဝမ်းနုပ်ဆေးပေးရမယ်။

ဒေါက်တာတင့်ဆွေ
၂-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး