မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, February 4, 2017

How much water ရေဘယ်လောက်သောက်ရမလဲ

တန်းပြောလို့မရပါ။ ဆရာဝန်မပြောလဲ သောက်နေကြတာ ဘာမှမဖြစ်သလောက်ပါ။ ဘယ်လောက် သောက်သင့်သလဲ ဆိုတာက အချက်တွေအများကြီးကို ကြည့်ရမယ်။

ရာသီဥတု၊ အရက်၊ ဖျော်ရည်၊ ရေနွေးကြမ်း၊ အစားအသောက်ထဲမှာ ဖိုက်ဘာ၊ ဘယ်လောက်ပါ၊ ပရိုင်း၊ အဆီ၊ သကြားဓါတ်၊ ရောဂါအခံ (ဆီးချို) ရှိသလား၊ နေတဲ့အရပ်က မြင့်တဲ့အရပ်ဒေသမှာလား၊ ဘယ်လိုဆေးတွေ (ဆီးသွားစေတဲ့ သွေးကျဆေး) သောက်နေလဲ၊ ကိုယ်လက်လှုပ်ရှားမှု၊ လုပ်ရတဲ့အလုပ်အကိုင်၊ ကိုယ်ဝန်ဆောင်၊ ကလေးနို့တိုက်၊ ကိုယ်ပူ၊ ဝမ်းလျှော၊ အန်၊ ခွဲစိတ်ကုသထား၊ သွေးထွက်-သွေးသွန်၊ အသက်။

Water Intake Calculator တွက်ချက်နည်းတွေ၊ Water Intake Formulas ဖေါ်မြူလာတွေတော့ ရှိတယ်။ အဲတာတွေ မရေးတော့ဘဲ Water Intake Recommendations အကြံပြုချက်သာရေးပါရစေ။

(၁) Replacement Approach အစားဖြည့်နည်း = လူတွေဟာ ပျမ်းမျှ တနေ့မှာ ဆီး တလီတာခွဲ (၆့၃ ခွက်) သွားတယ်။ ဝမ်းထဲ၊ ချွေးထဲနဲ့ အသက်ရှူထုတ်ရာကနေ တလီတာလောက်ကုန်ဆုံးတယ်။ စားတာတွေထဲကနေ ၂ဝ% ရေရနေတယ်။ ဒါကြောင့် တနေ့မှာ ၂ လီတာ (၈ ခွက်) သောက်နိုင်ရင် လုံလောက်တယ်။
(၂) 8×8 Rule ရှစ် ဥပဒေသ= တနေ့မှာ ၈ အောင်စသောက်ပါ။
(၃) Water Intake per Caloric Intake ကယ်လိုရီနဲ့တွက်နည်း = စားတဲ့ကယ်လိုရီကို ဝ့ဝ၃၄ နဲ့မြှောက်ပါ။

အကြံပြုချက်
ကိုယ့်ကိုယ်ခန္ဓာကိုယ်ကို သိပါ။ ရေဆာနေတာ သိပါ။ အာခေါင်ခြောက်နေတာ သိပါ။ ချွေးထွက်နေတာ သိပါ။ နေမကောင်းတာ သိပါ စသဖြင့်။ လှုပ်ရှားမှုနည်းသူဆိုရင် တနေ့မှာ ၈-၁၂ ခွက် သောက်ပါ။ ချွေးထွက်အောင် လုပ်ရသူဆိုရင် ၁၂-၁၆ ခွက်သောက်ပါ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.