Images ပုံစည်းကမ်း

ရုပ်သေတွေ ဗီဒီယိုတွေတင်ကြတယ်။ တချို့တင်တာတွေက အများအတွက်မသင့်လျှော်တာတွေ ဖြစ်နေတယ်။ ညစ်ညမ်းပုံတွေ မသင့်တာတော့ လူတိုင်းသိပါတယ်။ တချို့ပုံတွေက တခြားလူတွေအတွက် အော့နှလုံးနာစရာတွေ ဖြစ်နေတယ်။ လူဆိုတာ မတူကြပါ။ တချို့က အိမ်မွေးတိရစ္ဆာန်လို မွေးထားပေမယ့် တချို့အတွက် မသတီစရာတွေ ဖြစ်ပါတယ်။ မြွေတို့ ကြွက်တို့၊ ဖါးတို့ကို တချို့က မမြင်ချင် မကြားချင်ကြပါ။ အလာဂျီရတာထက်ဆိုးတယ်။ ကိုယ်ချင်းစာသင့်ပါတယ်။

မေးခွန်းတွေနဲ့အတူ ပုံတွေပါထည့်ပေးကြပါတယ်။ တချို့ကသာအထောက်အကူရပြီး တချို့က မလိုအပ်ပါ။ တချို့က မပို့သင့်တာတွေ။ ကင်မရာ အလွယ်ရတိုင်း စောင့်ထိန်းစရာ၊ ဆင်ခြင်စရာတွေကို မေ့သွားကြတယ်။

တချို့က (ကန်တော့ပါ) အညစ်အကြေးစွန့်ရာနေရာတွေရဲ့ပုံတွေပို့ကြတယ်။ ဝမ်းသွားထားတဲ့ပုံ၊ ရာသီနဲ့ ကိုယ်ဝန်ပျက်လို့ ဆင်းတဲ့ပုံတွေလည်း ပို့ကြတယ်။ မလိုအပ်ပါ။

တချို့က (ကန်တော့ပါ) လိင်အင်္ဂါပုံတွေလည်း ပို့ကြတယ်။ ယောက်ျားတွေရော မိန်းကလေးတွေကပါ ပို့ကြတယ်။ အညစ်အကြေးနဲ့ မျိုးပွါးလမ်းရောဂါအတွက် ပုံလို မလို အရင်မေးပြီးမှသာ ပို့သင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး