Iodine အိုင်အိုဒင်းများခြင်း

ဆရာခင်ဗျား မေးခွန်းတော့မဟုတ်ပါ။ မြန်မာပြည်ကလူတွေအတော်များများ ကျတော့်အမျိုးသမီးအပါအဝင် သွိုင်းရွိုက်မှာ အကျိတ်ဖြစ်တာ တော်တော်အဖြစ်များနေပါတယ်။ ဘန်ကောက်မှာခွဲစိတ်ပြီးပါပြီ။ ဟိုမှာလဲ အလားတူလူနာတွေ တွေ့ရသလို အပေါင်းအသင်းတွေထဲမှာလဲမေးလိုက်ရင် သွိုင်းရွိုက်ဖြစ်တာများနေပါတယ်။ ဘန်ကောက်ဆရာဝန်တွေက မြန်မာပြည်ကလူတွေအဖြစ်များနေတယ်လို့ဘဲ ပြောပါတယ်။ တချို့ကလဲ အိုင်အိုဒင်းလွန်ကဲလို့ဖြစ်တာဆိုပြီး ပြောကြတယ်။ ဖြစ်နိုင်ပါသလား။ အရင်ခေတ်က ဆားထဲမှာ အိုင်အိုဒင်း မထည့်မနေရဆိုပြီး ဖြစ်ခဲ့ဘူးပါတယ်။ ဆားထုတ်သူတွေကလဲ အိုင်အိုဒင်းကို အတိုင်းအဆမရှိ ထည့်ကြတယ်လို့လဲ ကြားဖူးထားတော့ အဲဒီအကျိုးဆက်တွေများ ဖြစ်နေမလားလို့ပါ။ အခုလဲ ဈေးထဲမှာ အိုင်အိုဒင်းမပါတဲ့ဆားက အတော်ဝယ်ရခက်ပါတယ်။ အိုင်အိုဒင်းလွန်ကဲရင် ဖြစ်နိုင်တယ်ဆိုရင် ဒီကိစ္စကနိုင်ငံတော်အဆင့် ကြပ်ကြပ်မတ်မတ် လုပ်ရမယ်ထင်ပါတယ်။ ဆရာ့အမြင်လေးသိပါရစေ။

အိုင်အိုဒင်းဓါတ်ဆားနည်းလို့ဖြစ်တဲ့ လည်ပင်းကြီးရောဂါစာကို သပ်သပ်ရေးထားပါတယ်။ ဒီစာမှာ အိုင်အိုဒင်းများရင် ဘာဖြစ်နိုင်သလဲကို ရေးပါမယ်။ များရင် မကောင်းပါ။ လူကြီးတွေ တနေ့မှာ 1100 mcg ထက်မပိုသင့်ပါ။ ကလေးတွေ တနေ့မှာ 200 mcg ထက် မပိုသင့်ပါ။ အသက် ၁ နှစ်ကနေ ၃ နှစ်ကလေးတွေ တနေ့မှာ 300 mcg ထက်မပိုသင့်ပါ။ အသက် ၄ နှစ်ကနေ ၈ နှစ် တနေ့မှာ 600 mcg ထက်မပိသင့်ပါ။ အသက် ၉ နှစ်က ၁၃ နှစ်အထိ တနေ့မှာ 900 mcg ထက်မပိုသင့်ပါ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ တနေ့ 1100 mcg ထက်မပိုသင့်ပါ။

သင့်တာထက်များရင် လည်ပင်းကြီးရောဂါရနိုင်တယ်။ သွားနဲ့ သွားဖုံးရောဂါရနိုင်တယ်။ ပါးစပ်နဲ့ လည်ချောင်း ပူလောင်နေမယ်။ အစာအိမ်မကောင်းဖြစ်နိုင်တယ်။ ဝမ်းလျှောနိုင်တယ်။ စိတ်ဓါတ်ကျနိုင်တယ်။ dermatitis herpetiformis အရေပြားနာဖြစ်နိုင်တယ်။ ခုခံအားကမောက်ကမဖြစ်တဲ့ အော်တိုအင်မြူရောဂါရှိသူတွေလည်း အိုင်အိုဒင်းများတာမကောင်းပါ။

Hypothyroidism လည်ပင်းကြီးဟော်မုန်းခြင်း၊ Goiter ရိုးရိုးလည်ပင်းကြီးရောဂါ၊ Thyroid tumor လည်ပင်းကြီးအကျိတ် ရောဂါရှိသူတွေမှာ အိုင်အိုဒင်းများရင် ရောဂါပိုဆိုးစေနိုင်တယ်။

အိုင်အိုဒင်းများနေတာ တာရှည်ရင် Subclinical Hypothyroidism လက္ခဏာမပေါ်သေးတဲ့ လည်ပင်းကြီးဟော်မုန်း နည်းတာ ဖြစ်စေတယ်။ အားကုန်နေမယ်။ ကိုယ်အလေးချိန်များမယ်။ နှလုံးရောဂါဆက်ဖြစ်နိုင်တယ်။

• Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://doctortintswe.blogspot.com/2014/12/carbimazole.html
• Goitre Q and A လည်ပင်းကြီး အမေး-အဖြေ http://doctortintswe.blogspot.com/2015/04/goitre-q-and.html
• Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/12/hyperthyroidism-and-fertility.html
• Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ http://doctortintswe.blogspot.com/2014/12/hyperthyroidism.html
• Hypothyroid in Children လည်ပင်းကြီးဟော်မုန်းနည်းရောဂါ ကလေးမှာလာဖြစ် http://doctortintswe.blogspot.com/2014/12/hypothyroid-in-children.html
• Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ http://doctortintswe.blogspot.com/2014/10/hypothyroidism.html
• Iodine and Goitre (အိုင်အိုဒင်း) နဲ့ လည်ပင်းကြီး http://doctortintswe.blogspot.com/2014/12/iodine-and-goitre.html
• Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး