Mammograms မင်မိုဂရမ်

ရင်သားကင်ဆာအတွက် မင်မိုဂရမ်ရိုက်စစ်ဆေးတာ အလွန်အသုံးကျတယ်။ ဒါပေမယ့် ပါဖက်မဖြစ်ပါ။ သတိထားစရာတွေ ရှိတယ်။ ၁ဝဝ% ရောဂါမတွေ့နိုင်ပါ။ ဓါတ်ရောင်ခြည်နည်းနည်းလေး သုံးရတယ်။ ခဏခဏရိုက်တာမှာ အကျိုးနဲ့ အပြစ် ချိန်ဆရတယ်။

အမျိုးသမီးအသက်ငယ်သူတွေဆိုရင် အဖြေဖတ်ရတာပိုခက်တယ်။ နို့ထွက်ဂလင်းတွေ အရွတ်တွေက ပိုများကြလို့ ဖြစ်တယ်။ အသက်ကြီးသူတွေမှာ အဆီပိုများလာပြီး၊ နို့ထွက်ဂလင်းနည်းလာလို့ ဖတ်ရတာပိုလွယ်ကူတယ်။ ၁ဝ% လောက်မှာ ထပ်စစ်ဘို့လိုကြတယ်။ ဥပမာ အာလ်ထွာဆောင်းနဲ့ ဘိုင်အော့ပစီ။ မင်မိုဂမ်မှာ မူမမှန်တာတွေ့တိုင်းတော့ ရင်သားကင်ဆာမဟုတ်သေးပါ။ တချို့ကို အရင်ရိုက်တာနဲ့ နောက်ရိုက်တာ ယှဉ်ကြည့်ရတယ်။ နောက်ကလေးယူမှာ စိုးရိမ်ရန် မရှိလောက်ပါ။

ဒေါ်မြမြအေး ကနေ့ ပုံမှန်စစ်နေကျ မင်မိုဂရမ်ရိုက်စစ်ရပါတယ်။ မိသားစုဆရာဝန်ကနေ ရင်သားကင်ဆာဌာနကို လွှဲပေးထားတယ်။ အချိန်ကျရင် ဖုန်းဆက်ပြီး ရက်ချိန်ယူခိုင်းတယ်။ ကနေ့ နေ့လည် ၁၂ နာရီခွဲမှာ စိန့် ဖရန့်စစ်ဆေးရုံ ဘရက်စင်တာမှာ။ တူးဒီရိုက်ချင်တာ သရီးဒီရိုက်ချင်သလား မေးတယ်။ ကျန်းမာရေးအာမခံက ကာဗာမဖြစ်ရင် ၃ဝ နဲ့ ၅၇ ဒေါ်လာပေးရမယ်တဲ့။ ကျန်းမာရေးဆိုတော့ ပေးရတာကိုမမြင်ဘူးပေါ့။ မင်မိုဂရမ်ရိုက်တယ်။ အဖြေပါပေးတယ်။ ကောင်းတယ်တဲ့။ ဘယ်နှစ်ကျပ်မှလည်း မပေးခဲ့ရပါ။ အသွားရော အပြန်ပါ ရာသီဥတုသာယာတယ်။

ဒေါက်တာတင့်ဆွေ

၂၄-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး