မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, February 5, 2017

Office ရုံးခန်းမရှိပါ

တမြန်နေ့လောက် ရုပ်ပုံစည်းကမ်းကို ရေးပါတယ်။ ပို့စ်တင်တာတွေကိုတော့ သိပ်မပြောလိုပါ။ မေးခွန်းတွေမှာ ပုံတွေပို့ရင် စည်းကမ်းရှိစေချင်လို့ပါ။ အရုပ်တွေမှာ အညစ်အကြေးတွေ၊ လိင်ပိုင်းဆိုင်ရာတွေ ပို့ကြတယ်။ လိုပါသလား အရင်မေးပြီးမှသာ ပို့ကြပါ။

အသံဖိုင်တွေ မပို့ဘို့နဲ့ ဖုန်းဆက်မမေးဘို့ ထပ်ပြောပါရစေ။ သူများတွေကို မသိစေလိုတာရော အားနာရတာရောကြောင့် ဖုန်းဆက်ရင် မကိုင်ပါ။ နားကြပ်တပ်ထားရတာ သက်တောင့်သက်သာမရှိပါ။

ကျွန်တော့်မှာ နိုင်ငံရေးတာဝန်မရှိကတည်းက သီးသန့်ရုံးခန်း မထားနိုင်ပါ။ ကိုယ့်အိမ်ခန်းထဲမှာပဲ အလုပ်လုပ်ရတယ်။ အိမ်ကို အမျိုးအဆွေတွေ ဧည့်သည်တွေ လာကြတယ်။ အခုဆိုရင် သွားလေရာကို ကွန်ပြူတာဖြစ်ဖြစ်၊ ဖုန်းဖြစ်ဖြစ် ယူသွားပြီး၊ မေးခွန်းတွေကို ဖတ်ရ ဖြေရတယ်။ တခါတလေ စာသင်ကျောင်းမှာ။ တခါတလေ ဘုန်ကြီးကျောင်းမှာ။ တခါတလေ ကားပေါ်မှာ။ ဘေးမှာ လူမပြတ်ပါ။

ထပ်ပြောပါရစေ။ ဖုန်းဆက် မမေးပါနဲ့။ အသံဖိုင်နဲ့ မမေးပါနဲ့။ ပုံတွေကို စည်းကမ်းတကျသာပို့ပါ။ ကြီးကျယ်တယ်ထင်လည်း မတတ်နိုင်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.