Opposite Game ဗြန်ဗြောင်း ဗြောင်းဗြန်

မြန်မာလူမျိုးတွေမှာ ဘာတွေဖြစ်နေသလဲကို မေးတာတွေကနေ သိရတယ်။ ကျွန်တော်ပြည်တွင်းမှာ မနေရတာ နှစ်တွေ ဘယ်လောက်ကြာကြာ အခြေအနေမှန်နဲ့ မကင်းကွာခဲ့ပါ။ ကြာလေ သိလေ။ ကူးစက်ရောဂါမျိုးစုံ သိရတယ်။ ကူးစက်တာမဟုတ်တဲ့ရောဂါတွေ သိရတယ်။ အစုံဆိုတာ တကယ်ကို အစုံ။ အများသိအောင် မျှဝေဘို့ မသင့်တာတွေကိုပါ သိတာ။ ရောဂါတွေအဖြစ်များတိုင်း စိတ်မကောင်းဖြစ်ရတယ်။

ကနေ့တော့ တုန်လှုပ်မိတယ်။ ကျန်းမာရေးအသိအားနည်းတာထက် ပိုနိမ့်ကျသလားလို့ စိတ်နှလုံးညှိုးချုံးရတယ်။

ဆရာ့ ကလေးမရသေးတဲ့သူတွေက တားဆေးကို ပြောင်းပြန်သောက်ရင် ကလေးရမယ်ဆိုတာ ဟုတ်လားရှင့်။

ဓါတ်ရိုက်သလို ကိုယ်ဝန်တားဆေးကို ပြောင်းပြန်သောက်ရင် ကိုယ်ဝန်ရစေမယ်လို့ ပြောပုံကျတယ်။ သွက်သွက်ခါအောင် မှားတယ်။ ကိုယ်ဝန်တားဆေးဆိုတာ အရောင် ၂ မျိုးပါတယ်။ အရောင်တူ ၂၁ လုံးကအတူတူ။ နံပတ် ၁ ကနေ ၂၁ အထိ အတူတူ။ ကျန် ၇ လုံးလည်း ၂၂ ကနေ ၂၈ အထိတူကြတယ်။

ဖေ့စ်ဘွတ်ကို လက်လှမ်းမီတဲ့သူကနေ မေးတာ။ အဲတော့ ဖေ့စ်ဘွတ်ဟာ ဘာလဲ။ အကျိုးရှိစေဘို့မဟုတ်ပဲ ကိုယ်ကျိုး နည်းစေအောင် စေတနာမှားရှိသူတွေလည်း ပါနေတယ်။

ဒေါက်တာတင့်ဆွေ
၎-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး