Valentine’s Day Word Search ဗယ်လင်တိုင်း ကျောင်းသင်ခန်းစာ

ဗယ်လင်တိုင်းဒေး ဘယ်လိုဖြစ်လာသလဲကို လေ့လာပြီး စာလေး ၂ ပုဒ်ရေးထားတယ်။ တချို့က သူတို့သိထားတာပဲ အမှန်ထင်ကြတယ်။ ကျွန်တော့်ပဌမစာမှာ အနီးစပ်ဆုံးထဲက ဆေးပညာနဲ့ပတ်သက်တာကို ဘက်လိုက်ပြီး ယူတယ်လို့ ရေးခဲ့တယ်။ အဲတော့ ဘာသာရေးသမားက သူသိထားတာနဲ့မညီလို့ပြောတာနဲ့ သီအိုရီ (၄) ခုရှိကြောင်း ကနေ့ ကျောင်းသင်ခန်းစာကို ကိုးကားပြီးရေးလိုက်တယ်။

အေဒီ ၂ဝဝ လောက်က ရှေးရောမခေတ်မှာ ခရစ်ယန်တရားဟောဆရာ ဗယ်လင်တိုင်းကနေလာတယ်။ အဲဒီအချိန်မှာ အုပ်စိုးနေတဲ့ ရောမအင်ပါရာဘုရင်ကြီး ဒုတိယမြောက် ကလောဒီးယပ်က သူ့စစ်တပ်မှာ အိမ်ထောင်မရှိတဲ့သူတွေကိုသာ ဝင်စေတယ်။ အဲဒီအမိန့်တော်ကို သဘောမတူတဲ့ ဗယ်လင်တိုင်းဟာ စစ်သားတွေကို တိတ်တဆိတ် လပ်ထပ်ပေးတယ်။ ကံမကောင်းစွာပဲ အဖမ်းခံရတယ်။ သေဒဏ်ကျတယ်။ ထောင်ထဲမှာ ခရစ်ယန်တရားဟောဆရာဟာ အချစ်နဲ့တွေ့ပါသတဲ့။ သူ့ချစ်သူကို သင့်ရဲ့ ဗယ်လင်တိုင်းဆိုတဲ့ ရည်းစားစာရေးပါသတဲ့။ သူ့ကိုသေဒဏ်ပေးတာက ဖေဖေါ်ဝါရီလလယ်ဖြစ်လို့ ဖေဖေါ်ဝါရီ (၁၄) ရက်ကို သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဗယ်လင်တိုင်းဒေးလို့သတ်မှတ်ပါတယ်။

ဒုတိယသီအိုရီကလည်း ရှေးရောမခေတ်ကနေပဲစတယ်။ ၁၅ ရာစုမှာ မျိုဆက်ပွါးပွဲတော်ကို ကျင်းပတေယ်။ စိုက်ပျိုးရေး နတ်ဘုရား လူပါကားလီယားကို ပူဇော်ကြတယ်။ အဲဒီနေ့မှာ ယောက်ျားတွေနဲ့ မိန်းမတွေကို ထီထိုးသလို မဲကျတဲ့သူချင်း လက်ထပ်ပေးရာကနေ ဗယ်လင်တိုင်းဒေးဖြစ်လာပါသတဲ့။

တတိယသီအိုရီကတော့ အေဒီ ၄ဝဝ ကျော်မှာ ပုပ်ရဟန်းမင်းကြီး ဂယ်လ်ဆီးယပစ်ကနေ ဖေဖေါ်ဝါရီ (၁၄) ရက်ကို စိန့် ဗယ်လင်တိုင်းဒေးအဖြစ် ကြေညာခဲ့တယ်။ တချို့ယူဆတာက ပုပ်ရဟန်းမင်းကြီးဟာ လူပါကဲလီးယား ပွဲတော်ကို တားမြစ်ပေမယ့် ခရစ်ယန်နေ့အားရက်အဖြစ်တော့ သတ်မှတ်လိုပါသတဲ့။

စတုတ္ထသီအိုရီကတော့ အလယ်ခေတ်ကတည်းကဖြစ်တယ်။ ပြင်သစ်နဲ့ အင်္ဂလန်မှာ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့မှာ ငှက်တွေ မိတ်လိုက်တဲ့နေ့ အစလို့ဆိုတယ်။ စိတ်ကူးယဉ်တဲ့နေ့လို့ဆိုပါတယ်။

အချုပ်ကတော့ ဗယ်လင်တိုင်းဒေးဟာ ဘယ်လိုဖြစ်လာခဲ့သလဲအမြင် မတူကြလို့ ဘယ်ဟာက အမှန်လို့ မပြောနိုင်ပါတဲ့။ ငြင်းလိုသူများ အဲဒီသီအိုရီထုတ်သူတွေကိုသာ သွားငြင်းကြပါ။ ကျွန်တော့်ကိုယ်ပိုင် တခုမှမပါကြောင်းပါ။

ကျောင်းမှာတော့ အင်္ဂလိပ်စာဖတ်စာအဖြစ်သင်တယ်။ ပုံထဲမှာ ပြန့်ကျဲအောင်ရေးထားတဲ့ အက္ခရာတွေထဲကနေ အဓိပ္ပါယ်ရှိစကားလုံးတွေကို လိုက်ရှာပြီး အလျားလိုက်ဖြစ်ဖြစ် ဒေါင်လိုက်ဖြစ်ဖြစ် စက်ဝိုင်းလုပ်ခိုင်းပါတယ်။ ဘယ်ကျောင်းသားမှ စိတ်ကူးယဉ်ချိန်မရှိပါ။ နေ့ခင်းက အလုပ်တွေသွားခဲ့ကြရတယ်။ ညနေမှာ အင်္ဂလိပ်စာသင်ယူရတယ်။ နောက်နေ့ အလုပ်ဆင်းကြရမယ်။ အဲ့ နက်ဖြန် ဗယ်လင်တိုင်းပါတီ လုပ်မယ်။ စားစရာ တယောက်တမျိုးယူလာပြီး ဝိုင်းဖွဲစားသောက်ကြမယ်။ သီချင်းဆိုတတ်သူက ဆိုပေါ့။ အဲတာလည်း အင်္ဂလိပ်စကားပြော သင်ခန်းစာပါပဲ။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး