ဦးလေး ဆရာတော်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသအား နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့တံဆိပ်တော်ကပ်နေစဉ်

ကျွန်တော့အဖေရဲ့ညီအရင်းတွေက ဘုန်းကြီးတွေ။ ကျွန်တော် အလယ်တန်းကျောင်းသားဘဝမှာ ဦးလေးအကြီးဆုံးဆီမှာ နွေရာသီကျောင်းပိတ်တိုင်း စာသွားသင်ခဲ့တယ်။ ဆေးကျောင်းသားဖြစ်တော့ အခုဘွဲ့တံဆိပ်ရတဲ့ ဦးလေးဆရာတော်ဆီမှာ အဆုံးအမနဲ့ စောင့်ရှောက်မှုခံယူခဲ့ပါတယ်။ ဆရာတော်က ကျွန်တော့်ကို မောင်တင့်ဆွေလို့သာခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး