ဗိုလ်ကျောင်းထွက်

ပတ်တီး စီးထားရင်သက်သာပေမဲ့ ခြေဖဝါးနဲ့အဆစ်တွေရောင်လာတယ်။ ဘိုလုပ်ရင် အဆင်ပြေနိင်မလဲ ပြောပြပေးပါရှင်။

စာရိုက်လွဲတာတော့ မဟုတ်နိုင်။ ဘယ်လိုလုပ်ရင်ကို မသိသူဖြစ်မယ်။ ဗိုလ်ကျောင်းထွက်လား ဘိုကျောင်းထွက်လား မပြောတတ်။ ရွှေဘိုသူတော့ မဟုတ်လောက်။

ဘို
ကဘိုကရို
မုဆိုးဘို
ရွှေဘိုမြို့

ဗိုလ်
စစ်ဗိုလ်
ဗိုလ်ချုပ်ကျောက်တိုင်
ဗိုလ်စားပဲ
ဗိုလ်တဲ
ဗိုလ်ရှုခံ
ဗိုလ်ခြေ
ဗိုလ်ခြောက်ပါး
ဗိုလ်ကိတ်ပဲ
ဗိုလ်ချုပ်
ဗိုလ်စွဲ
ဗိုလ်ဆံတောက်
ဗိုလ်တဲ
ဗိုလ်ပုံပရိသတ်
ဗိုလ်ပါ
ဗိုလ်ကေ
ဗိုလ်ခြေ
လမ်းဗိုလ်

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး