အကျွတ်တရား ရကြပါစေ

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်
မိလိန္ဒပဥှာပါဠိမြန်မာပြန်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန
သာသနာ ၂၅၅၉၊ ကောဇာ ၁၃၇၇၊ ၂ဝ၁၆
ကမ္ဘာအေးစာပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။

စာမျက်နှာ (၇)
၅။ ထိုအခါ တနေ့သ၌ မိလိန္ဒမင်းသည် များစွာသော စစ်သည်ဗိုလ်ပါဆင်ယာဉ် မြင်းယာဉ် စသည် စစ်အင်္ဂါလေးပါရှိသော စစ်အင်ကျင်းပပွဲကို ရှုစားတော်မူလိုသဖြင့် သာဂလမြို့မှထွက်တောမူ၍ မြို့၏ပြင်ပ၌ စစ်အင်ကျင်းပွဲကို ရှုစားတော်မူ၍ ပြီးဆုံးလတ်သော် စကားပြောဆိုလိုသော ထိုမင်းမိလိန္ဒမင်းသည် လောကကိုချဲ့ထွင်တတ်သူ ပညာရှိတို့၏စိတ်နှလုံးကို တုန်လှုပ်စေတတ်သော သူတို့နှင့် ဆွေးနွေးပြောဆိုမှု၌ စိတ်အားထက်သန်သည်ဖြစ်ရကား ရဲရဲရင့်ရင့် တင့်တယ် စမ္ပယ်လျက် နေကို မော့ကြည့်ပြီးလျှင် အမတ်တို့ကို တိုင်ပင်ပြောဆိုတော်မူ၏။

အချင်းအမတ်တို့ အချိန်များစွာ ကျန်ရှိသေ၏။ အဘယ်ကိုပြုလုပ်ရကုန်အံ့နည်း။ ယခုပင်လျှင် မြို့တွင်းသို့ဝင်၍ တပည့်သံဃာရှိသော ဂိုဏ်းရှိသော ဂိုဏ်းဆရာဖြစ်သော ပူဇော်အထူးကို ခံထိုက်၍ သမ္မာသမ္ဗုဒ္ဓဟူ၍ပင် ဝန်ခံသော သမဏဖြစ်စေ ဗြဟ္မဏဖြစ်စေ တစုံတယောက်သော ပညာရှိသူသည် ရှိသည်ဖြစ်ရာ၏။ အကြင်ပညာရှိသည် ငါနှင့်အတူတကွ ပြောဆိုတိုင်ပင်ခြင်းငှာ ငါ၏ယုံမှား ကင်္ခါကို ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်၏။ ထိုပညာရှိထံသို့ ချဉ်းကပ်၍ အမေးပုစ္ဆာပြဿနာကို မေးမြန်းကုန်အံ့။ ယုံမှားကင်္ခါကို ပယ်ဖျောက်ကုန်အံ့ ဟု (ပြောဆို တိုင်ပင်တော်မူ၏)။

ကျွန်တော့်မှတ်ချက်
တနေ့သ၌ကို တစ်နေ့သ၌လို့ ရေးမထားပါ။
တစုံတယောက်သောကို တစ်စုံတယောက်သောလို့ ရေးမထားပါ။

ဆဋ္ဌသံဂါယနာတင်ဆရာတော်ကြီးများအား ရှိခိုးဦးတင်ပါ၏။ ဆရာတော်ကြီးများရေးသားခဲ့သည့်သတ်ပုံကို ပြင်ဆင် ရေးသားနေသူများ အကျွတ်တရားရကြပါစေဟု ဆုတောင်းပါ၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး