DHA မေးကြတဲ့ဆေး

၁။ ဆရာရေ ကလေးကို အားဆေးတိုက်တာနဲ့ပတ်သက်ပြီးမေးချင်လို့ပါ။ မေမေတွေ group ကနေပြီး သူများကလေးတွေ တိုက်ကြတယ်ဆိုလို့ ဝယ်တိုက်ပါတယ်ဆရာ။ children DHA ပါ။ အဲ့တာလေးပါဆရာ။ သားသားက တခြားဆေး အကုန်သောက်ပြီး အဲ့တမျိုးမှ မသောက်ဖူးဖြစ်နေလို့ပါ။ သူ့ရဲ့ကောင်းကျိုး ဆိုးကျိုးနဲ့ ဆက်တိုက်သင့်မတိုက်သင့် သိချင်လို့ပါဆရာ။ သားရဲ့အပြုအမူတွေက ရံဖန်ရံခါထူးဆန်းတော့ autism ဖြစ်မှာ စိုးရိမ်လို့ပါဆရာ။

၂။ ဆရာရှင့် သားသားက ၄ လပါ။ အသိတစ်ယောက်က baby DHA က ဦးနှောက်အာရုံကြော မျက်စိ ကောင်းတယ် ပြောပါတယ်။ အားဆေးက kiddy drop တိုက်ပါတယ်။ သိချင်တာက ဒီဆေး၂မျိုး တွဲတိုက်လို့ရပါသလား baby DHAက ဆရာဝန်မညွှန်ကြားဘဲ တိုက်လို့ရပါသလားရှင့်။

၃။ ဆရာရှင့် ဆရာရေးထားတဲ့ ကိုယ်ဝန်ဆောင်နဲ့ အားဆေးစာလေးဖတ်ပြီး မေးချင်လို့ပါရှင့်။ တချို့ကိုယ်ဝန်ဆောင် အားဆေးတွေမှာ DHA ဆိုပြီးပါတာတွေ့လို့ပါ။ ပြီးတော့ အခုတလော ကြားမိတာက ကလေးတွေ သောက်တဲ့အားဆေးမှာ DHA ပါရင် ဉာဏ်ကောင်းတယ်ပြောကြတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော အဲလိုပါတာ သောက်သင့်မသင့် သိချင်လို့ပါရှင့်။ ဗိုက်ထဲက ကလေးအတွက်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးတွေ ၆ လအထိ ရေတောင်တိုက်စရာမလိုပါ။ အားဆေးမလိုပါ။ အာဟာရချို့တဲ့ကလေးနဲ့ ရောဂါတခုခုကြောင့် လိုအပ်တဲ့ကလေးကိုသာ အားဆေးလို ဖြည့်စွက်ဓါတ်ပေးရတယ်။

DHA ဆိုတာ ဖက်တီးအက်စစ်တမျိုးဖြစ်တယ်။ ပင်လယ်ငါးတွေမှာပါတယ်။ DHA (docosahexaenoic acid) နဲ့ EPA (eicosapentaenoic acid) မတူပါ။ နှစ်မျိုးလုံးက ငါးကြီးဆီတွေဖြစ်ကြတယ်။ ကိုယ်ထဲရောက်ရင်လည်း DHA ကနေ EPA အဖြစ်ပြောင်းတယ်။

ကြော်ငြာအညွှန်းမှာတော့ DHA ကိုအားဆေးအနေနဲ့သုံးကြတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးတွေ အတွက် နို့မှုံ့ထဲမှာ ထည့်ပေးထားတယ်။ အမှန်က မိခင်နို့ထဲမှာပါနေပြီးဖြစ်တယ်။ DHA ကို Arachidonic acid နဲ့ရောပြီး ကလေး ၄ လကနေ ၆ လ ကိုပေးတယ်။ တချို့ရောင်းကုန်အဖြစ် Evening primrose oil ဆီ၊ Thyme oil ဆီနဲ့ Vitamin E ကိုပါရောပြီး ကြော်ငြာတယ်။

လူတွေအစားအသောက်ထဲက ပျမ်းမျှတနေ့မှာ Omega-3 1.6 grams ရနေကြတယ်။ အဲဒီထဲမှာ ALA 1.4 grams နဲ့ EPA + DHA 0.1-0.2 grams ပါနေတယ်။ အစားအသောက်ထဲမှာ Omega-6 ပါတာဟာ Omega-3 ထက် (၁ဝ) ဆ ပိုတယ်။

• အမေရိကန်နှလုံးအသင်းက အဆီပါငါး တပါတ်မှာ ၂ ခါ စားဘို့အကြံပြုထားတယ်။ WHO ကတော့ EPA နဲ့ DHA 0.3-0.5 grams နဲ့ ALA intake of 0.8-1.1 grams နေ့စဉ်စားဘို့ ဖြစ်တယ်။
• Aggression စိတ်ကြမ်းတမ်းခြင်းအတွက် DHA + EPA 1.5-1.8 grams (သို့) DHA 1.5 grams နဲ့ EPA 0.2 grams ကို ၂-၃ လသောက်ပါ။
• မွေးလာမယ့် ကလေးငယ်လေးမှာ အလာဂျီမဖြစ်အောင် ကိုယ်ဝန် ၂၅ ပါတ်ကစပြီး နောက် ၃-၄ လမှာ 1.6 grams EPA and 1.1 grams DHA သောက်ပါ။
• စိုးရိမ်စိတ်များခြင်းအတွက် အိုမီဂါသရီးဆေးတောင့် EPA 450 milligrams + DHA 100 milligrams + omega-3 fatty acids 50 milligrams ၃ လသောက်ပါ။
• သွေးလွှတ်ကြောတွေတင်းနေခြင်းအတွက် (EPA + DHA or 360-1800 milligrams of DHA + 120-1,800 milligrams EPA) one-gram capsules ဆေးတောင့် ၆-၁၂ ပါတ်။
• ပန်းနာအတွက် 2.7-3.2 grams of EPA + 1.8-2.2 grams of DHA or 0.2-1.0 gram of EPA + DHA, 20 milliliters of fish oil, or 10-20 grams of perilla seed oil (ALA) ၁၂ လ။
• အားကစားသမားတွေ ၈ တောင့် နေ့စဉ် ၈ ပါတ်။ Fish oil capsules (3.2 grams of EPA plus 2.2 grams of DHA) ၃ ပါတ်။

DHA ဆေးက နာမည်တော့ကြီးပါတယ်။ ဒါပေမယ့် ဆေးသုတေသနကိုဖတ်ပါ။ ထိရောက်နိုင်ခြေရှိတာတွေကတော့ -
• Age-related macular degeneration (AMD) အသက်ကြီးလို့ချို့ယွင်းလာတာတွေ၊
• Coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ၊
• High cholesterol ကိုလက်စထောများတာ၊

မထိရောက်ဘူးဖြစ်နိုင်တာတွေကတော့ -
• Attention deficit-hyperactivity disorder (ADHD) ကလေးပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ၊
• Mental performance စိတ်ရောဂါ၊
• Depression စိတ်ဓါတ်ကျရောဂါ၊
• Diabetes ဆီးချိုရောဂါ။

တကယ်မထိရောက်တဲ့ရောဂါတွေကတော့ -
• Alzheimer’s disease ရောဂါ၊
• Cystic fibrosis ရောဂါ၊
• Dementia ရောဂါ၊
• Dyslexia ရောဂါ၊
• Improving infant development ရောဂါ၊
• Liver disease (nonalcoholic fatty liver disease) အသည်းအဆီဖုံးရောဂါ၊
• Prostate cancer ဆီးကျိတ်ကင်ဆာရောဂါနဲ့
• Inherited vision loss (retinitis pigmentosa) ရောဂါတွေဖြစ်တယ်။

ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ မသင့်ပါ။ Aspirin ဆေးနဲ့တွဲမသောက်သင့်ပါ။ သွေးခဲစနစ်ကို သက်ရောက်စေနိုင်တယ်။ သကြားဓါတ်တက်စေနိုင်တယ်။ သွေးတိုးကျစေလို့ သွေးကျဆေးနဲ့တွဲရင် ဆေးထိန်းရခက်တယ်။

ဆေးသုတေသနမှာ ကလေးဉာဏ်ကောင်းစေမယ်လို့မပါ။ အသက်ကြီးလို့ချို့ယွင်းလာတာအတွက်တော့ ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး