Group Pages အုပ်စုစာမျက်နှာများသို့

၁။ ဆရာ မင်္ဂလာပါရှင့် ကျမသမီးလေးက အခု ၁၀ လထဲမှာပါ။ အခုရက်ပိုင်း (ကန်တော့ပါ) ရှုးသိပ်မပေါက်ဘူး ဖြစ်နေတယ်။ ဒီနေ့ဆို ညနေ ၃:၀၀ လောက်ကမပေါက်တာ အခု ည ၁၂:၀၀ရှိပြီမပေါက်သေးပါဘူး။ ညနေက နို့ဗူး 120m စို့ပါတယ်။ ကျမရုံးကပြန်ရောက်တော့ ချိုစို့ပြီးအိပ်တာ ခုထိရှုးမပေါက်သေးပါဘူး။ တခြား ကလေးနဲ့ပါတ်သက်တဲ့ group page တွေမှာ အရည်အစာလမ်းကြောင်းမှားနိုင်တာတို့ ရေးထားတာမျိးလဲတွေ့လို့ပါရှင်။

ဆီးနည်းတာ ရေတိုက်နည်းတာကို အရင်စဉ်းစားရမယ်။ ရာသီဥတုအရ ရေပိုလိုမယ်။ ဆီးလမ်းနဲ့ အစာလမ်း ဆက်စပ်မှုမရှိ။ အုပ်စုစာမျက်နှာမှာ အရပ်ပြောတွေဆိုရင် အကျိုးမရှိ။ အကျိုးနည်းစေမယ်။

၂။ ဆရာရေ ကလေးကို အားဆေးတိုက်တာနဲ့ပတ်သက်ပြီးမေးချင်လို့ပါ။ မေမေတွေ group ကနေပြီး သူများကလေးတွေ တိုက်ကြတယ်ဆိုလို့ ဝယ်တိုက်ပါတယ်ဆရာ။ children DHA ပါ။ အဲ့တာလေးပါဆရာ။ သားသားက တခြားဆေး အကုန်သောက်ပြီး အဲ့တမျိုးမှ မသောက်ဖူးဖြစ်နေလို့ပါ။ သူ့ရဲ့ကောင်းကျိုး ဆိုးကျိုးနဲ့ ဆက်တိုက်သင့်မတိုက်သင့် သိချင်လို့ပါဆရာ။ သားရဲ့အပြုအမူတွေက ရံဖန်ရံခါထူးဆန်းတော့ autism ဖြစ်မှာ စိုးရိမ်လို့ပါဆရာ။

အော်တဇင်ဆိုတာ ဖွံ့ဖြိုးမှုရောဂါတခုပါ။ ဘာလို့ဖြစ်သလဲ မသိရသေးပါ။ ဘယ်လိုပျောက်စေမလဲ မသိသေးပါ။
- ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/adhd.html
- Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html
- Autism link to air pollution လေထုညစ်ညမ်းမှုနဲ့ (အော်တဇင်) မွေးရာပါကလေးရောဂါ http://doctortintswe.blogspot.com/2014/12/autism-link-to-air-pollution.html
- Mental health in children ကလေး စိတ်ရောဂါများ ပိုတိုးပွါး (၂ဝ၁၃) http://doctortintswe.blogspot.com/2014/12/mental-health-in-children.html

အဲဒီ ၂ ခုက အခုပဲလာတာ။ အဲလိုမေးတာတွေလာတယ်။ Group ဂရုဆိုတဲ့ အစုလိုက်အပြန်အလှန်ပြောကြတာတွေကို ကိုးကားကြတယ်။ တချို့ဆို ကြောက်လန့်ပြီး မေးလာကြတယ်။ အချိန်မရလို့ အရင်မေးခွန်းတွေကို စုမထားဖြစ်ပါ။ စိတ်အားငယ်နေသူကို အားပေးစကားပြောတာက အကျိုးရှိတယ်။ ဘယ်ဆရာဝန်ကို သွားပြသင့်တယ်လို့ ညွှန်တာက အကျိုးရှိတယ်။ ဆရာဝန်မဟုတ်ပဲ ဆေးနည်းညွှန်တာ မှားဘို့များတယ်။ တချို့လည်း ရေလိုက်လွဲကြတယ်။

သူများနိုင်ငံတွေမှာလည်း အဲလိုမျိုးတွေရှိတယ်။ တချို့အုပ်စုတွေက အရေမရအဖတ်မရတွေ။ တချို့က အဆင့်အတန်း ရှိတယ်။ သတိပညာ ဉာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်။ အုပ်စုစာမျက်နှာတွေ  အဆင့်အတန်းရှိကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး