History of Tit တစ်သမိုင်းကြောင်း

၁။ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ မြန်မာစာကိုအာရုံစိုက်လာတော့ မှန်တယ်။ ဒါပေမယ့် သူကတပြေးညီလုပ်ကြလို့ လမ်းညွှန်တော့ မြန်မာစာအဖွဲ့ကနေ နှစ်ပရိစ္ဆေဒကြာမြင့်စွာသုံးစွဲနေခဲ့ပြီးဖြစ်တဲ့ (တ) အမှန်တွေကို (တစ်) လို့ ပြောင်းပြီး သတ်မှတ်ခဲ့ပါတယ်။ အဲဒီအမှားပြောင်းလဲမှုကို ယူနီဖေါင်းသတ်ပုံလို့ အမည်ပေးလိုက်ပါတယ်။

၂။ ဦးနေဝင်းနောက်တက်တဲ့ စစ်အစိုးရလက်ထက်မှာ (တစ်) မရေးရင် ထုတ်ဝေခွင့်မပေးတော့ပါ။ အဲဒီခေတ်မှာ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေမှာ ပေါ်လစီအရလုပ်ကြတာမို့ အဲဒီ (တစ်) ကို ပေါ်လစီသတ်ပုံလို့ အမည်ပေးပါတယ်။

၃။ ဖွဲ့စည်းပုံနဲ့အစိုးရ အခုဆိုနှစ်ဆက်ရှိပြီ။ (တစ်) ကိုသာ ကျောင်းစာအုပ်တွေ၊ ရုံးစာတွေ၊ လွှတ်တော်ဥပဒေတွေမှာ ရေးစေတယ်။ မြန်မာစာမှာအာဏာရှိနေတဲ့ပုဂ္ဂိုလ်တွေက စေခိုင်းတာဖြစ်လို့ ကုလားထိုင်ရသတ်ပုံလို့ အမည်ပေးပါတယ်။

တလို့ရေးနေတာက မှားလို့ တစ်ပြောင်းတာမဟုတ်ပါ။

၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ - ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်။

၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီးက အသံကိုရေးတဲ့အခါ အမှန်ရေး။့ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။့ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။့ မူကိုဦးစွာချပါ။့

မြန်မာရေးထုံးကျမ်းတစ်စောင် မဟုတ်ပါ။
လုပ်ငန်းတစ်ရပ်ကိုလည်း မဟုတ်ပါ။
စကားတစ်လုံးနှင့် မဟုတ်ပါ။
တစ်ခုခုကို မဟုတ်ပါ။

စာရင်းတခုကို အက္ခရာစဉ်အလိုက်တင်ပြပါမယ်။

ကာတွန်းဦးဘဂျမ်း၊ ခင်မျိုးချစ်၊ ဂျာနယ်ကျော်မမလေး၊ ဇဝန၊ တက္ကသိုလ် ပညာပဒေသာစာစောင်၊ တက္ကသိုလ်ဘုန်းနိုင်၊ တက်တိုး၊ တင်မိုး၊ ထင်ကြီး၊ ဒဂုံရွှေမျှား၊ ဒဂုန်ခင်ခင်လေး၊ ဒဂုန်တာရာ၊ ဒဂုန်နတ်ရှင်၊ နတ်သျှင်နောင်၊ နဝဒေး၊ ပါရဂူ၊ ကြည်အေး၊သြကာသဘုရာရှိခိုး (မြန်မာ့စွယ်စုံကျမ်း)၊ ဗန်းမော်တင်အောင်၊ မင်းသုဝဏ်၊ မင်းကျော်၊ မယ်ခွေ၊ မဟာဆွေ၊ မြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာစာတမ်း၊ မြသန်းတင့်၊ ရန်ကုန်ဘဆွေ၊ ရန်ကုန်နေ့စဉ်သတင်းစာ၊ လှသမိန်၊ လူထုသတင်းစာ၊ လူထုဦးလှ၊ ဝင်းဦး၊ ဝန်ကြီးပဒေသရာဇာ၊ သခင်ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ သခင်သန်းထွန်း၊ သိန်းဖေမြင့်၊ သိပ္ပံမောင်ဝ၊ သုခ၊ အချုပ်တန်းဆရာဖေ၊ အနန္တသူရိယ၊ ဦးပုည၊ ဦးဖိုးကျား၊ ဦးဖေမောင်တင်၊ ဦးနု၊ ကျောင်းသုံး မြန်မာစကားပြေလက်ရွေးစင်၊ ငွေစက္ကူတွေ (မင်းတုန်းမင်း၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီးခေတ်)၊ ဇော်ဂျီ၊ ဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဒေါင်းဖတ်စာ၊ မောင်ထင်၊ ရွှေဥဒေါင်း၊ လောကသာရပျို့၊ သော်တာဆွေ၊ အောင်လင်း၊ အောင်သင်း၊့

အဲဒီပုဂ္ဂိုလ်တွေအားလုံးက တစ်မရေးခဲ့ကြပါ။  အခုခေတ်တစ်ရေးနေသူတွေက အဲဒီပုဂ္ဂိုလ်တွေထက် တော်ကြတယ်လို့ မထင်ပါ။ ဆောရီး။ အဲဒီပုဂ္ဂိုလ်တွေရဲ့စာတွေကို သတ်ပုံပြင်ပြီး ထုတ်ဝေနေကြတာကို အမှားကိုရောင်းစားကြသူများလို့ ခေါ်ပါရစေ။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး