Machupo virus in paracetamol

ပါရာစီတမောမှာ ပိုးပါနေတယ်ဆိုတဲ့ သတင်းအတု

Bo Khaing URGENT WARNING! Be careful not to take the paracetamol that comes written P-500.
It's new, very white and shiny paracetamol. Doctors prove to contain ''Machupo'' virus, considered one of the most dangerous viruses in the world with high mortality rate....See More

အပေါင်းအသင်းတို့ ဒီသတင်းကို အမြန်ဆုံး ရှယ်ပေးကြပါဦး။ ဖော်ပြပါတံဆိပ်နှင့် ပါရာစီတီမောကို မသုံးမိကြစေရန် အလေးအနက်သတိပေးလိုက်ပါသည်။ ဤဆေးတွင် အသက်အန္တရာယ် ဖြစ်စေနိုင်သည့် Machupo အမည်ရှိ ဗိုင်းရပ်(စ်)တစ်မျိုး ပါဝင်နေပါ၍ အထူးရှောင်ရှားရန်နှင့် ဤဖော်ပြပါ သတင်းကိုလည်း အမြန်ဆုံး ရှယ်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။

နောက်တခါ လာပြန်ပြီဟေ့ လို့ပြောပါရစေ။ အရင်ကလည်း ရေးထားပါတယ်။ ဒီဆေးမှာ ပိုးပါတယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ဒီဆေးအကြောင်း အများသိအောင် ရှင်းပြပေးပါဦးဆရာ။ မြန်မာနိုင်ငံမှာ ရောင်းချနေသောဆေးဟု ပြောပါသည်။ ဆရာ ကျန်းမာပါစေ။

ပါရာစီတမော ၅ဝဝ အားထဲမှာ ပိုးပါနေတယ်လို့ရေးတဲ့စာဟာ အတုသာဖြစ်ပါတယ်။ တမင်တကာ လူတွေကို ကြောက်အောင် ခြောက်လှန့်စာသာဖြစ်တယ်။

HOAX – Machupo Virus In Paracetamol
By Brett M. Christensen On February 1, 2017In HoaxesTagged hoax, Machupo virus, paracetamol
Outline: “Urgent” message circulating via social media claims that a new “very white and shiny” type of paracetamol tablets labelled P/500 contains the dangerous Machupo virus.

Brief Analysis: The claims in the warning are utter nonsense. There are no credible reports that support the claim that the Machupo virus has been found in paracetamol or any other medication. Machupo is spread primarily via aerosol transmission of dust particles from infected rodents. Sharing this false warning will help nobody.

သုံးသပ်ချက်အကျဉ်း = အဲတာ လုံးဝက အဓိပ္ပါယ်မရှိတဲ့ ပြောဆိုချက်သာဖြစ်တယ်။ ဆေးထဲမှာ Machupo ဗိုင်းရပ်စ် ပါတယ်တဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံချက် မရှိပါ။ Machupo ဗိုင်းရပ်စ်ဆိုတာ လေထဲနေသာကူးစက်တယ်။ နှာခေါင်းကနေသာဝင်တယ်။ ရောဂါပိုးရှိတဲ့ ကြွက်တွေကလာတဲ့ အမှုံအမွှားထဲမှာပါနေနိုင်တယ်။

ဒီလို ဟောက်စ်သတင်းကို ရှယ်လုပ်ခြင်းဟာ ဘယ်သူ့ကိုမှ အကျိုးမများစေပါ။ ကျွန်တော်တို့လူမျိုးက မူးယစ်ဆေးဆို ကောင်းကျိုးကို ရေးစေချင်။ သတင်းလိမ်သတင်းမှား ရှယ်သလားမမေးနဲ့။

ဒေါက်တာတင့်ဆွေ
၇-၃-၂ဝ၁၇
၎-၄-၂ဝ၁၇
၃ဝ-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး