Mottoes အတိုအထွာများ

• ဇရာသဘောကိုငါသိ၊ သက်ကြားအိုကျန်းမာရေး ငါဆက်ရေးနေ၏။
• အရက်ဖြတ်ဆေးစာ အရက်သမားတွေ မဖတ်ကြမှန်းသိ၊ ငါဆက်ရေးနေ၏။
• အာဏာရှင်တွေ နားခါးမှန်းငါသိ၊ ဒီမိုကရေစီစကား ငါဆက်ပြောကြားနေ၏။
• ပြည့်နေတဲ့ပန်းကန်ထဲ ထပ်ထည့်လို့မရတာငါသိ။ မပြည့်သေးဘဲ လက်နဲ့ဖုံးတားတတ်ကြတာလည်း ငါမြင်နေရ၏။
• တရားသေသမား တရားသွားမဟောနဲ့ဆိုတာငါသိ၊ တရားမျှတရေးကဗျာ ငါဆက်ရေးနေ၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး