Myanmar-English မြန်မာ-အင်္ဂလိပ်

ကွန်မင့်တခု = ဆရာ Spoken English နှင့်ပတ်သက်ပြီးလည်း တင်ပေးပါလား။ လေ့လာချင်လို့ပါ။ နေရတာကတောမှာ သင်ဖို့အခွင့်လမ်းက နည်းတယ်လေ။

ကွန်မင့်တခု = အင်္ဂလိပ်အသံထွက်တွေ ရေးတဲ့အခါမှာလည်း၊ ဂိုဏ်း ၂ ဂိုဏ်းကွဲပါသေးတယ်။ ဥပမာ real ကို ရီးရဲ(လ်) နဲ့ ရီးရဲ(လ) အသတ်ထည့်သူ၊ မထည့်သူ ဆိုပြီးတော့။

ကွန်မင့်တခု = ဆရာ အိန္ဒိယန်းတွေတော့ အင်္ဂလိပ်စာသိပ်ကောင်းတယ်ဗျာ။ ဗြီတိသျှကပေးခဲ့တဲ့ အမွေထဲမှာသူတို့ တန်အောင် အသုံးချပြလိုက်ပါပြီ။

ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူသင့်တယ်။ အိန္ဒိယ-အင်္ဂလိပ်၊ မြန်မာ-အင်္ဂလိပ် ကပြားတွေကို မယူသင့်ပါ။ Myanmar ကို မှန်အောင်မထွက်နိုင်ကြပါ။ အိန္ဒိယန်းတွေက R သံကို ပီပီသသထွက်တယ်။ မြန်မားရ်။ ဒေါက်တာဆိုရင်လည်း ဒေါက်တားရ်လို့ ထွက်တယ်။

မြန်မာ-အင်္ဂလိပ်ကတော့ ဒီလို့ တခါက ဘုန်းကြီးကျောင်းသားတွေ အင်္ဂလိပ်စာကို အသံထွက်ပြီးအော်ဖတ်နေကြတယ်။

Do you eat fowl curry? မြန်မာအသံထွက်ပါ စရေးပေးထားတယ်။ ဒူးယူ - အိ(တ) - ဖေါင်း(လ) - ကာရီ။
အဲတာကို ဘုန်းကြီးကကြားတယ်။ ကြာတော့ ဆရာတော်ကမနေနိုင်လို့ ပေးစမ်း မင်းတို့စာအုပ်ဆိုပြီး ဖတ်ကြည့်တယ်။ အသံထွက်မှန်နဲ့ ဖတ်ပြလိုက်တယ်။ တရားဟောသလို အသံ အနိမ့်အမြင့်နဲ့။

ဒူးယူ၊ အိတ့ ဖေါင်းလ ကာရီ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး