Nat (Spirit) နတ်ကိုးကွယ်မှု

နတ်ပွဲအကြောင်းလေးရေးတော့ ယုံသလား၊ စွမ်းသလား စသဖြင့်ရေးလာကြတယ်။ အစဉ်အလာရိုးရာပွဲမျိုးအနေနဲ့ ကန့်ကွက်စရာမရှိပါ။ မြန်မာပြည်မှာ နတ်ကိုးကွယ်မှု အတော်ကျယ်ပြန့်လွန်းတယ်။ လွန်လွန်းတာတွေလည်းရှိတယ်။

နတ်ပွဲအကြောင်းပြပြီး လုပ်စားနေတာတွေကိုတော့ အကုန်သဘောမကျပါ။ နတ်ကို ရတနာသုံးပါထက်လွန်ကဲပြီး ကိုးကွယ် ဆည်းကပ်ကြတာမျိုးကိုလည်း အားမပေးပါ။ ဘုရားစင် မည်ကာမတ္တအထက်က အုန်းသီးဆွဲထားတာတို့၊ သီလ ၅ ပါး မစောင့်ပဲ၊ ၃၇ မင်းကိုးကွယ်တာတို့၊ ဆရာတော်တွေထက် နတ်ကတော်တွေကို ပိုအားကိုးတာတို့ကို အထင်သေးပါတယ်။

 (၃၇) မင်း နတ်အမည်များ
1. သိကြားမင်း
2. မင်းမဟာဂီရိ
3. နှမတော်ကြီး
4. ရွှေနံဘေး
5. သုံးပန်လှ
6. တောင်ငူမင်းခေါင်
7. မင်းတရား
8. သံတော်ခံ
9. ရွှေနော်ရထာ
10. အောင်စွာမကြီး
11. ငါးစီးရှင်
12. အောင်ပင်လယ်ဆင်ဖြူရှင်
13. တောင်မကြီး
14. မောင်မင်းရှင်
15. ရှင်တော်
16. ညောင်ချင်း
17. တပင်ရွှေထီး
18. မင်းရဲအောင်တင်
19. ရွှေစစ်သင်
20. မယ်တော်ရွှေစကား
21. မောင်ဘိုးတူ
22. ယွန်းဘုရင်
23. မောင်မင်းဖြူ
24. မန္တလေးဘိုးတော်
25. ရွှေဖျင်းကြီး
26. ရွှေဖျင်းလေး
27. မင်းသား မောင်ရှင်
28. ထီးဖြူဆောင်း
29. ထီးဖြူဆောင်း မယ်တော်
30. ပရိမ္မရှင် မင်းခေါင်
31. မင်းစည်သူ
32. မင်းကျော်စွာ
33. မြောက်ဘက်ရှင်မ
34. အနောက် မိဘုရား
35. ရှင်ကုန်း
36. ရှင်ကွ
37. ရှင်နဲမိ

နတ်အကြောင်းသိလိုသူများ ဦးဖိုးကျားရေးတဲ့ (၃၇) မင်းကိုဖတ်ပါရန်။ https://burmesebooks.files.wordpress.com/2009/11/37minuphoekyar.pdf

နတ်ပွဲအကြောင်းပြုပြီး ကောင်းရောင်းကောင်းဝယ်လုပ်ကြသူတွေကို ဘာတခုမှ ပြောစရာမရှိတဲ့ပြင် ဈေးရောင်း ကောင်းကြပါစေလို့ ဆုတောင်းပါတယ်။ လူစည်ကားရာတိုင်း ပွဲတိုင်းမှာဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကိုတော့ သတိထားကြစေချင်တယ်။ နတ်ကရာ ကျီးမော့လို မလုပ်ကြပါနဲ့။ လူ့အလို နတ်မလိုက်နိုင်ပါ။ နတ်တို့ဖန် ရေကန်အသင့်ကြာအသင့် ရှိကြပါစေ။ သူတော်ကောင်း နတ်ကောင်းမပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆
၂၇-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး