Nonsense Society ငွေကိုမလို အချိန်သာလို

အသက်နဲ့ အချက်အလက် မပြောချင်သူတွေ တနေ့မှာ (၁ဝ-၂ဝ) ယောက်လောက်ရှိတယ်။

1. Hi မင်္ဂလာပါဆရာ ပထမ ကိုယ်ဝန်မှာကလေး အသေကိုမွေးပါတယ် နောက်တကြိမ်ကိုယ်ဝန်ဆောင်ရင် ဘာတွေဂရုစိုက်ရမလဲအကြံလေးပေးပါဆရာ အဖြေပေးပါနော်

2. ဆရာ သားတခုလောက်မေးချင်လို့  ရာသီ လာတချက်မလာတချက် ခါးစစ်ကိုက်ရင် ကလေးရနိုင်လား စိုးရိမ်စရာများ ရှိသလား

3. ရာသီလာလို့ပြန်ပြချိန် အာလ်ထွာဆောင်းပါ အိမ်ထောင်ပြုလျှင် သားသမီး  ရနိုင်ပါလားရှင် အိမ်ထောင်ပြုလျှင် ကောင်းနိုင်ပါလား ရောဂါထပ်ဆိုးနိုင်ပါလားရှင် လမ်းညွှန်ပေးပါရှင်

မေးနည်းစည်းကမ်းပြန်ပို့နေရတာ တနေ့မှာ ၂ဝ-၃ဝ ယောက်ဆီကို။

အရေးထဲ ဖေ့စ်ဘွတ် (၁ဝ) နှစ်ပြည့်ဆိုတာက လာသေးတယ်။ နောင်မှာ တသက်လုံး (တသက်လုံး) ဒီလိုစာမျိုး မပို့ပါရန်။ သူများကို အလကား ဒုက္ခပေးနေတယ်။ အဲဒီစာထဲက ပိုက်ဆံ မလိုချင်ပါ။ အခုလိုစာပြန်ရေးနေရတဲ့ အချိန်ကိုသာ ပြန်ရချင်တယ်။ ဒီလိုပြန်ရေးရေးနေရတာ လူ ၃-၄ဝ လောက်ရှိပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး