Rejoinder ကွန်မင့်တွေကို ဖြေကြားခြင်း

ရွှေ ပေါက် = ဆရာ့ရဲ့အတ္ထုပ္ပတ္တိရေးပါလားဆရာ

Tint Swe (လက်ခုပ်သံ + ပြောင်းဖူးအူတိုင်) = ဆရာ့အတ္ထုပ္ပတ္တိ။

Soe Soe Win = ဆရာပြောင်းဖူးအူတိုင်က ဘာအဓိပ္ပါယ်ကိုပြောတာလဲ

Tint Swe ဇာတ်ပွဲမှာ ဗီလိန်လုပ်ရသူကို ပွဲကြည့်သူတွေက ပြောင်းဖူးအူတိုင်နဲ့ပေါက်ကြတယ်။ ဆရာ့နိုင်ငံရေးမှာ ဆရာနဲ့သဘောထားကွဲသူတချို့ကနေ အဲလိုလုပ်တာ ခံခဲ့ရတယ်။ ဂျူလီယက်ဆီဇာကို လုပ်ကြံသူတွေထဲမှာ ဘရူးတပ်စ် ဆိုတဲ့ ရင်းနှီးသူလက်ထောက်လည်းပါတယ်။ ဆရာ အနည်းဆုံး ၃ ခါခံခဲ့ရတယ်။

Lay Lay Yu = ဆရာ အဟောင်းတွေအသစ်မဖြစ်ဘူးဆို ဆရာနဲ့မိသားစုအတွက် အန္တရာယ်လဲ မဖြစ်ဘူးဆို ဆရာ ဘယ်လိုလွတ်အောင် ထွက်နိုင်ခဲ့တယ်ဆိုတာ ပြောပြပါလားဟင်။

Tint Swe လူသေရင်သာ ဆွေးတယ်။ အမှုက မဆွေးဘူးတဲ့။

Lay Lay Yu = အဲဒါ တကယ်ဘဲလားဆရာ

Tint Swe ကိုယ့်အသက်နဲ့ လောင်းကစားသူတွေလည်း ရှိတယ်။ ကျွန်တော့်ဇာတ်လမ်းလေးတွေ နည်းနည်းတော့ ရေးထားတယ်။ ကျွန်တော့်လုံခြုံရေးအတွက် အကူအညီပေးခဲ့ကြသူတွေရဲ့ နာမည်၊ နေရာနဲ့ အဖြစ်အပျက်တွေကို ချန်လှပ်ထားပါတယ်။ သူတို့အားလုံးကို စိတ်ထဲကနေသာ တသက်လုံးကျေးဇူးတင်နေရပါတယ်။ ကျွန်တော့်ကို ရန်ပြုခဲ့သူတွေရဲ့ အမည်နာမတွေတောင် ထည့်မရေးပါ။ သူတို့တတွေ ကျန်းမာကြပါစေ။ အရာရာဟာ အမြဲပြောင်းနေတယ်။ စက္ကန့်မလပ် ပြောင်းလဲနေတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး