Rhesus disease ရီးဆပ်ရောဂါ

လူတယောက်ရဲ့သွေးအုပ်စုကို သူ့သွေးထဲမှာပါနေတဲ့ အင်တီဂျင် နဲ့ အင်တီဘော်ဒီကိုစမ်းပြီးသတ်မှတ်ပါတယ်။ အင်တီဘော်ဒီဆိုတာ သဘာဝအရဖြစ်နေတဲ့ခုခံအားလို့ပြောနိုင်တယ်။ ကိုယ်နဲ့မသင့်တာဝင်လာရင် ခုခံတိုက်ဖျက်ပေးမယ်။ အင်တီဂျင်ဆိုတာက သွေးနီဥအပေါ်ယံမှာရှိတယ်။ အင်တီဘော်ဒီက ပလာစမာ ခေါ် သွေးအရည်ပိုင်းထဲမှာရှိတယ်။

ABO system အေဘီအို သွေးအုပ်စု
၁။ A အေမှာ A အင်တီဂျင်ရှိတယ်။ anti-B အင်တီဘော်ဒီရှိတယ်။
၂။ B မှာ B အင်တီဂျင်ရှိတယ်။ anti-A အင်တီဘော်ဒီရှိတယ်။
၃။ O မှာ အင်တီဂျင်တခုမှမရှိ။ anti-A ရော anti-B အင်တီဘော်ဒီပါရှိတယ်။
၎။ AB မှာ A ရော B အင်တီဂျင်ပါရှိတယ်။ အင်တီဘော်ဒီတွေမရှိပါ။

လူဦးရေ ၄၈% က အိုသွေးဖြစ်ကြတယ်။ သွေးလှူတာအများဆုံးဖြစ်တယ်။ မှားသွင်းမိရင် အသက်ဆုံးပါးနိုင်တယ်။

Rh system အာရ်အိတ်ခ်ျစနစ်
လူ့သွေးနီဥမှာ နောက် အင်တီဘော်ဒီတမျိုးလည်းရှိနိုင်တယ်။ RhD antigen လို့ခေါ်တယ်။ ရှိတဲ့သူကို RhD positive ခေါ်ပြီး၊ မရှိသူကို RhD negative ခေါ်တယ်။ အဲတာကြောင့် သွေးအုပ်စု (၂) မျိုးလုံးစစ်ရတယ်။ အဖြေတွေဟာ ဒီလိုရှိမယ်။
A RhD positive (A+)
A RhD negative (A-)
B RhD positive (B+)
B RhD negative (B-)
O RhD positive (O+)
O RhD negative (O-)
AB RhD positive (AB+)
AB RhD negative (AB-)

လူဦးရေ ၈၅% တို့ဟာ RhD positive ဖြစ်ကြတယ်။ ၃၆% က O+ ဖြစ်တယ်။ အများဆုံး။ (O-) သွေးအမျိုးအစားဟာ ဘယ်သူ့ကိုမဆို သွေးလှူနိုင်တယ်။ ဝေသန္တရာသွေးအစစ်ဖြစ်တယ်။

Blood group test သွေးအုပ်စုစစ်ခြင်း
သွေးတစက်ဖေါက်ယူပြီး အင်တီဘ်ေဒီအရည် အမျိုးမျိုးနဲ့ ပေါင်းစပ်ကြည့်ရတယ်။ ဥပမာ anti-B အင်တီဘော်ဒီဘီနဲ့ တွေ့ပေးလို့ စုဝေးသွားရင် အဲတာကို B သွေးသတ်မှတ်တယ်။ ဘာနဲ့တွေ့ပေးပေး စုဝေးမသွားရင် အိုသွေးဖြစ်တယ်။

Pregnancy ကိုယ်ဝန်နဲ့ သွေးအုပ်စု
ကိုယ်ဝန်ဆောင်တိုင်းကို သွေးအုပ်စုစစ်ရမယ်။ မိခင်က RhD negative ဖြစ်နေပြီး၊ အထဲကကလေးဟာ RhD-positive ဖြစ်နေရင်ပြဿနာရှိမယ်။ ဆေးကုရတော့မယ်။ RhD-negative ရှိအမျိုးသမီးကို RhD-negative သွေးသာပေးရမယ်။

Giving blood သွေးလှူခြင်း
လူဦးရေ ၄% တို့ကသွေးလှူကြတယ်။ ကောင်းတယ်။ အသက် ၁၇ နှစ်ကနေ ၆၆ နှစ်အထိလှူနိုင်တယ်။ ကိုယ်အလေးချိန် အနည်းဆုံး ၅ဝ ကီလိုရှိရမယ်။

Rhesus disease ရီးဆပ်စ်ရောဂါ
ကိုယ်ဝန်ဆောင်မိခင်လောင်းရဲ့သွေးကနေ အထဲကကလေးသွေးကို ဖျက်ဆီးနေတာကိုခေါ်တယ်။ အဲလိုဖြစ်တာကို Haemolytic disease of the foetus and newborn (HDFN) လို့လည်းခေါ်တယ်။ မိခင်လောင်းမှာတော့ ဘာမှ မဆိုးစေပါ။

ဖြစ်ရင် ဘယ်လောက်ဆိုးသလဲအပေါ်မူတည်ပြီး ခံစားရမှာတွေကွာတယ်။ တချို့ကို လွယ်လွယ်နဲ့ကုသပေးနိုင်တယ်။
ကလေးမှာ သွေးအားနည်းမယ်။ ဂျွန်းဒစ်ခေါ် အသားဝါဖြစ်မယ်။ သွေးကျဲပြီး စီးလျှောက်တာ မြန်မယ်။ အဲတာနဲ့တော့ ဘာမှမဆိုးသေးပါ။ အာလ်ထွာဆောင်းနဲ့ သိနိုင်မယ်။ ဆိုရင် အတွင်းထဲမှာရောင်နေတာကိုလည်း သိနိုင်မယ်။ မွေးလာရင် ကြွက်သားတွေ အားနည်းနေမယ်။ အားမရှိသလိုနေမယ်။

Haemolytic anaemia ဟီမိုလစ်တစ် အနီးမီးယား သွေးအားနည်းခြင်း
သွေးနီဥတွေ ဖျက်ဆီးခံနေရတယ်။ RhD negative မိခင်ရဲ့သွေးထဲက အင်တီဘော်ဒီကြောင့်ဖြစ်ရတယ်။
အင်တီဘော်ဒီတွေက RhD positive ကလေးရဲ့ သွေးနီဥတွေကို ဖျက်ဆီးလို့ဖြစ်ရတယ်။ ကလေးဟာ ဖြူဖတ်ဖြူရော် ဖြစ်နေမယ်။ အသက်ရှူမြန်နေမယ်။ နို့ကောင်းကောင်းမစို့နိုင်။ အသားဝါမယ်။

Jaundice ဂျွန်းဒစ်
ကလေးမျက်လုံးတွေဝါနေမယ်။ အရေပြားဝါနေမယ်။ ဆီးဝါနေမယ်။ ကလေးသွေးထဲမှာ Bilirubin ဘီလီရူဘင်ဓါတ်တွေ များနေမယ်။ သွေးနီဥတွေပျက်စီးရင် အဲတာတွေထွက်တယ်။ ပုံမှန်ဆိုရင်တော့ အသည်းကနေချေဖျက်ပေးနိုင်တယ်။ ဆီးထဲစွန့်မယ်။ ဒီရောဂါရှိတဲ့ကလေးမှာတော့ အသည်းကနိုင်အောင်မလုပ်နိုင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး