Saint Patrick Day စိန့် ပက်ထရစ်ဒေး

မတ်လ (၁၇) ရက်နေ့ဟာ စိန့် ပက်ထရစ်နေ့ဖြစ်တယ်။ စိန့် ပက်ထရစ်ဆိုတာ အိုင်ယာလန်ကနေစတယ်။ အဲဒီ အေဒီ ၄၆၁ ခုနှစ်အချိန် ဗြိတိန်မှာ ရိုမန်ကက်သလစ်ခရစ်ယန် ထွန်းကားနေချိန်ဖြစ်တယ်။ သူဟာပြန်ပေးဆွဲခံရပြီး အိုင်ယာလန်မှာ ကျွန်ဖြစ်ရောင်းစားခံရတယ်။ အဲဒီမှာ ဘာသာရေးလေ့လာပြီး အိုင်ယာလန်မှာ ကက်သလစ်ဘာသာကို အစပျိုးပေးခဲ့တယ်။

စိန့် ပက်ထရစ်ဒေးကို အိုင်ယာလန်မှာ အကြီးကျယ်ဆုံးကျင်းပတယ်။ ယူအက်စ်အေ၊ ဂျပန်၊ သြစတေးလျ၊ စင်္ကာပူနဲ့ ရုရှားမှာလည်းကျင်းပတယ်။

စိန့် ပက်ထရစ်ဒေး သင်္ကေတအဖြစ် ပွင့်ဖတ်သုံးခုပါ အစိမ်းရောင် ရှမ်းရော့ပန်းကိုသုံးတယ်။ ဒါပြင် လီပရာချွန်ခေါ်တဲ့ လူပုလေးနဲ့ မြွေရုပ်တွေကလည်း အထိန်းအမှတ်တွေဖြစ်တယ်။ အိုင်ယာလန်ဖြစ် ဂင်းနက်စ်အမည်းရောင်အရက်ကို သောက်သုံးကြတယ်။ အစိမ်းရောင်ဝတ်ဆင်ကြတယ်။

စိန့် ပက်ထရစ်ဒဏ္ဍာရီတခုလိုလည်းဖြစ်တယ်။ သူကနေအိုင်ယာလန်မှာ မြွေတွေကိုရှင်းပေးတယ်ဆိုပေမယ့် အဲဒီမှာ အစကတည်းက မြွေမရှိပါတဲ့။

အိုင်ယာလန်စကားပုံတွေထဲမှာ မိတ်ဆွေတယောက်ရဲ့ အေးစက်မှုဟာ ရန်သူရဲ့ချိုမြိန်မှုထက် ကောင်းတယ်။ သင့်ရဲ့ ဒေါသကို နေဝင်စေပါ။ နောက်နေအထွက်မှာလည်း မရှိပါစေနဲ့။

ပြောစမှတ်လေးတွေလည်းရှိတယ်။ လူတယောက်ဟာ သူ့ဇနီးကို မွှေးမွှေးမပေးတာ အနှစ် ၂ဝ ကြာပြီတဲ့။ ဒါပေမယ့် တခြားယောက်ျားတယောက်ယောက်နေ သူ့မိန်းမကိုလာမွှေးမယ်ဆိုရင်တော့ အသေသတ်မယ်တဲ့။

ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး