Seasonal Literature ရာသီစာ

ကျွန်တော်က အပြင်မှာနေရတဲ့သူမို့ ကနေ့ ကိုယ့်တိုင်းပြည်မှာ တကယ်ရှိနေ ဖြစ်နေတာတွေကို သိပ်သိချင်တာ။ မနှစ်က ဧပြီလအကြောင်းလေးရေးတုန်းက တရုပ်ဧကရာဇ်တွေက လယ်ထွန်မင်္ဂလာ လုပ်ကြတဲ့လလို့ဆိုတော့ ကိုယ့်ဆီမှာ လယ်ထွန်ချိန်ဟုတ်ရဲ့လား စဉ်းစားခဲ့ရတယ်။ မနှစ်ကပါပဲ နွေကျောင်းပိတ်ချိန်စာကို တင်ချင်တော့ စာမေးပွဲတွေ ပြီး မပြီး ဆရာမတယောက်ကို လှမ်းမေးခဲ့ရတယ်။

ဒါပေမယ့် ကနေ့ဖြစ်နေတာချည်းသာသိတဲ့သူတွေဟာ လည်ပင်း နောက်ပြန်မလှည့်နိုင်သူလိုပဲ။ ဇက်ခိုင်နေတယ်။ သမိုင်းဆိုရင်တော့ ရှေးဘယ်လောက်ကျကျ သင့်မြတ်ပါတယ်။

ခုချိန်က လာမယ့်သင်္ကြန်ရက်တွေမှာ ဘယ်ရက်မှာမိုးရွာမလဲ စောင့်စားကြရတဲ့အချိန်။ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း မှန်းကြရတယ်။ မိုးလေးကျရင် ထွန်ရေးပြင်ရတော့မယ့်အချိန် မဟုတ်လား။

ရာသီစာဆိုတာ အစားအစာကိုပြောကြတယ်။ ကျွန်တော့်ရာသီစာက ကျန်းမာရေးမေးခွန်းတွေ။ စားစရာရော ဖတ်ရာပါ၊ အရေးကြီးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး