Sweat patches and diabetes
ဆီးချိုကို ချွေးကနေ စစ်နိုင်တော့မလား
ကနေ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဆီးချိုကို ဆင်ဆာသစ်နဲ့
စစ်ဘို့ရာ ချွေးတလီတာရဲ့ တသန်းပုံ တပုံသာ လိုမယ်။ တောင်ကိုရီးယားမှာ စမ်းသပ်နေတာဖြစ်ပါတယ်။
ကြွက်တွေကိုစမ်းနေတာမှာ အဲဒီဆင်ဆာမှာ ဆီးချိုဆေးပါတဲ့ ဆေးကပ်ခွါ
(ဆေးထိုးအပ်သေသေးလေးတွေ) လည်း ထည့်ထားပြီး လိုသလောက် အလိုအလျောက်ထိုးပေးပါဦးမယ်တဲ့။
ဆီးချိုမှာ ၂ မျိုးရှိတယ်။ တစ်အမျိုးအစားက ခုခံအားကမောက်ကမဖြစ်လာလို့ဖြစ်ရပြီး
နှစ်ကတော့ လူနေမှုပုံစံအရ သကြားဓါတ်ကို မထိန်းနိုင်တော့တာဖြစ်တယ်။
တကယ်တော့ ချွေးထဲမှာ သကြားဓါတ်က အတော်နည်းနည်းသာပါတယ်။ ခွေျးထဲမှာပါနေတဲ့
လက်တစ်အက်စစ်ကြောင့် စမ်းရတာခက်တယ်။ ဆင်ဆာဆိုတာ ကွေးနိုင်ကောက်နိုင်တယ်။ အရေပြားမှာကပ်ထားရင်
အလိုက်သင့်ရွေ့လို့ရတယ်။ လူတွေကိုသုံးဘို့တော့ စမ်းသပ်စရာတွေလိုပါသေးတယ်။
ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၇
1. January
1, 2017 New Year's Day
2. January
16, 2017 Martin Luther King Day
3. February
20, 2017 Presidents' Day
4. May
29, 2017 Memorial Day
5. July
4, 2017 Independence Day
6. September
4, 2017 Labor Day
7. October
9, 2017 Columbus Day
8. November
10, 2017 Veterans Day
9. November
23, 2017 Thanksgiving Day
10. December
25, 2017 Christmas Day
Comments
Post a Comment