TB breakthrough ဆေးယဉ်တီဘီ စစ်နည်းသစ်

တချို့တီဘီပိုးတွေက ဆေးယဉ်ကြတယ်။ ဗြိတိသျှဆရာဝန်တွေက ပဌမဆုံး ဆေးယဉ်တီဘီရောဂါစစ်ဆေးနည်းသစ်ကို တွေ့ရှိလိုက်ပါတယ်။ အောက်စဖို့ဒ်နဲ့ ဘာမင်ဟမ်က သုတေသနလုပ်သူတွေကနေ DNA genome sequencing နည်းနဲ့ ရောဂါအမျိုးအစားတွေကို သိနိုင်တယ်လို့ ဆိုပါတယ်။ အရင်ကလို ပိုးနဲ့ဆေးရွေးဘို့ရာ လနဲ့ချည်ပြီး စောင့်စရာမလိုပဲ ရက်ပိုင်းလေးနဲ့သာသိတော့မယ်။

MDR-TB နဲ့ XDR-TB ဆေးယဉ်တီဘီတွေကို ပိုးမွေးယူနည်းနဲ့သာသိမယ်။ Culture and drug susceptibility testing ပိုးသာမက ဘယ်ဆေးနဲ့ရနိုင်မလည်းကိုပါ တခါတည်းစစ်ရတယ်။ တတ်နိုင်တဲ့တိုင်းပြည်တွေမှာတော့ Molecular diagnostics မော်လီကူလာနည်းပညာနဲ့စမ်းတယ်။ ရိုးရိုးစမ်းနည်းက အဖြေရဘို့ ၂ လလောက် ကြာတယ်။ နည်းသစ်က ၂ နာရီသာကြာမယ်။ တချို့တိုင်းပြည်တွေမှာ ဓါတ်ခွဲခန်းအဆင့်နိမ့်လို့ သူများဆီပို့စမ်းရတယ်။

၂ဝ၁၂ တုံးကစာရင်းအရ လူပေါင်း သန်းတဝက်မှာ ဆေးယဉ်တီဘီရောဂါကိုခံစားနေကြရတယ်။ ဒါပေမယ့် သူတို့ထဲက လေးပုံတပုံကသာ ဆေးရုံဆေးခန်းကိုလာရမှန်းသိကြတယ်။ မတ်လ ၂၄ ရက်နေ့ဟာ ကမ္ဘာ့တီဘီနေ့ဖြစ်တယ်။ တနှစ်မှာ လူပေါင်း ၉ သန်းတီဘီကူးစက်ခံနေရတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၇
http://www.bbc.com/news/health-39376641

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး