Viagra ဗိုင်ယာဂရာနှင့် အားကစား

ဒီတပတ် ဥရောပဘောလုံးပွဲစဉ်တွေ နားထားတယ်။ နိုင်ငံတကာပွဲစဉ်တွေရှိလို့ပါ။ တောင်အမေရိကအသင်းတွေ ကစားတာ တချို့ပွဲတွေတော့ ကြည့်ဖြစ်တယ်။ အခု အာဂျင်တီးနားအသင်း ဘိုလီဗီးယား သွားကစားရမယ်။ လာပတ်စ် ကစားကွင်းက ကမ္ဘာမှာအမြင့်ဆုံးဖြစ်လို့ အားကစားသမားတွေအတွက်ခက်မယ်။ ပေပေါင်း ၁၁၉၄၂ မြင့်တယ်။

အဲတာကြောင့် အာဂျင်တီးနား ဘောလုံးသမားတွေကို ဆေးပေးမယ်ဆိုတဲ့သတင်း အခုပဲထွက်လာတယ်။ ဆေးက ဗိုင်ယာဂရာခေါ်တယ်။ တချို့လည်း သိကြပါမယ်။ ပန်းသေပန်းညှိုးအတွက်းပေးတဲ့ဆေးဖြစ်ပါတယ်။ ဆေးအမည်ရင်းက Sildenafil ဖြစ်တယ်။ ဈေးချိုတဲ့ဆေးကို နာမည်အမျိုးမျိုးနဲ့ရောင်းကြတယ်။ မူရင်း ဖိုက်ဇာ ဆေးကုမ္ပဏီကသာ ဗိုင်ယာဂရာ အမည်သုံးခွင့်ရှိတယ်။ ဒီဆေးက သွေးတိုးလည်းကျစေတယ်။ အဆုပ်ထဲကသွေးကြောတွေ ကျယ်စေလို့ ကိုယ်လက် လှုပ်ရှားတာမှာလည်း ပိုပြီးစွမ်းဆောင်နိုင်စေတယ်။ အမြင့်ဒေသမှာ အောက်စီဂျင်နည်းတယ်။ ဗိုင်ယာဂရာက အဲတာကို ပိုကောင်းစေမယ်။

အဲဒီဆေးနဲ့အတူ ပါရာစီတမောနဲ့ ကေဖင်းလည်း တွဲပေးမယ်။ ကေဖင်းကနေ သွေးပိုလွှတ်ထုပေးမယ်။ တက်ကြွနေစေမယ်။ အက်စပရင်ဆေးကလည်း နှလုံးအတက်ရတာသက်သာစေမယ်။ သွေးကျဲစေမယ်။ သွေးခဲမှာ သက်သာစေမယ်။

- Viagra သန်မာစေတဲ့ဆေး http://doctortintswe.blogspot.com/2014/10/viagra.html
- Viagra in Heart Disease နှလုံးရောဂါ နဲ့ (ဗိုင်ယာဂရာ) http://doctortintswe.blogspot.com/2014/11/viagra-in-heart-disease.html

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး