Skip to main content

Posts

Showing posts from April, 2017

Japan sends biggest warship to protect US supply vessel

အမေရိကန်ထောက်ပို့သင်္ဘောကို အကာကွယ်ပေးရန် ဂျပန်ကနေ အကြီးဆုံးသင်္ဘောတစီးလွှတ်လိုက်

လွန်ခဲ့တဲ့ (၁၃) မိနစ်ကသတင်းဖြစ်ပါတယ်။ ဂျပန်ကနေ ၂၄၉ မီတာရှည်တဲ့ ဟယ်လီကော့်ပတာ ကိုးစီးတင် စစ်သင်္ဘော အီဇူမိုကို လွှတ်လိုက်တာ ဖြစ်တယ်။

မြောက်ကိုရီးယားက နောက်ထပ်နယူကလီးယားစမ်းသပ်မှုလုပ်မှာကို ယူအက်စ်က မလိုလားပါ။ ဒေသတွင်းမှာ တင်းမာမှုဖြစ်နေတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှု မအောင်မြင်ခဲ့ပါ။

ဂျပန်ကအဲလို ပဌမဆုံးအကြိမ် စစ်ရေးလှုပ်ရှားမှုဟာ ၂ဝ၁၅ မှာ အတည်ပြုလိုက်တဲ့ အငြင်းပွါးစရာ ဥပဒေအရ လုပ်တာဖြစ်တယ်။ စစ်ရေးမဟာမိတ်ကို တိုက်ခိုက်ခံရရင် စစ်ကူပေးနိုင်တယ်လို့ဆိုပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဟာ မိမိကိုယ်မိမိ စုပေါင်းကာကွယ်ရေးသာထားရှိဘို့ ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတယ်။

တောင်ကိုရီးယားကမ်းခြေကိုလွှတ်ထားတဲ့ အမေရိကန်စစ်သင်္ဘောအုပ်စုမှာ ကာလ် ဗင်ဆန် လေယာဉ်တင် သင်္ဘောလည်း ပါတယ်။ မကြာသေးခင်ကလည်း ဂျပန်နဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ခဲ့သေးပါတယ်။ ပြင်သစ် ကမ်းတက် တိုက်ပွဲဝင်သင်္ဘောလည်း ဂျပန်အနောက်တောင်ကမ်းစပ်မှာ ရောက်နေတယ်။ အဲတာက ယူအက်စ် + ဗြိတိသျှ + ဂျန်တို့ ရေကြောင်းစစ်ရေးလေ့ကျင့်မှုလို့ဆိုပါတယ်။ တရုပ်က ပြီးခ…

Jaundice လူကြီးအသားဝါ

ဘာသာရေးနဲ့ နည်းနည်းလောက်ဆိုင်တာလေးရေးတာနဲ့ သံဃာ့ဂိုဏ်းအကြောင်း ကွန်မင့်မှာရေးလာလေ့ရှိတယ်။ ဟိုဖက်ကရေးလိုက် ဒီဖက်ကရေးလိုက်။ တခါတခါ တားယူရတယ်။

ကျွန်တော်က ဂဏန်းသုံးလုံးခေတ်မှာလည်း တည့်တည့်မရေးခဲ့ပါ။ အက္ခရာသုံးလုံးကိုလည်း တခါမှမရေးပါ။ ဘုန်းတော်ကြီးဆိုရင် အနေအထိုင် အပြောအဆိုကအစ ဆင်ခြင်စရာတွေကို မိဘဆရာသမားတွေက သင်ပေးထားတာကို အခုထိလိုက်နာပါတယ်။

ကိုးကွယ်ဆည်းကပ်သူတွေက ကံနှစ်ပါး စောင့်ထိန်းနိုင်ကြပြီး၊ ကိုးကွယ်ခံဖက်ကလည်း ကံသုံးပါးလုံး စောင့်ထိန်းနိုင်ကြရင် သာသနာ ရောင်ဝါထွန်းမြဲ ထွန်းနေပါမယ်။

ကလေးငယ်လေးတွေ ဂျွန်းဒစ် ခေါ် အသားဝါဖြစ်ရင် မီးကင်ပေးရတယ်။ လူကြီးတွေ အသည်းကျွမ်းတာတော့ အသည်း လဲပေးရတတ်တယ်။

ဒေါက်တာတင့်ဆွေ

Water poisoning ရေအဆိပ်သင့်ခြင်း

Water poisoning ရေအဆိပ်သင့်ခြင်း

ဆရာ water poisoning ဆိုတာ တကယ်ရှိပါသလား။ ရှိခဲ့ရင် ရှင်းပြပေးပါခင်ဗျာ။

ရေဆိပ်သင့်ခြင်းလို့ ခေါင်းစဉ်တပ်ပေမဲ့ သောက်တဲ့-သုံးတဲ့ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူးထဲကရေတွေ တအားကြီး သောက်ရင်လဲ အဆိပ်သင့်နိုင်တာကို ပြောတာဖြစ်ပါတယ်။ ဆေးစာနဲ့ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက်လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆားအချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာဖြစ်စေတယ်။

အမှတ်တမဲ့တော့ ရေတွေတအားသောက်တယ်ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက်ရတယ်။

ဆေးရုံတွေမှာ လူနာကို လိုတာထက်ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်းရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။

လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်းကနေ စအိုအထိရှိတဲ့ အစာလမ်းကနေ ရေကို စုပ်ယူနိုင်စွမ…

Family of Politics

၂၉-၄-၂ဝ၁၇ နေ့က အကြီးဆုံးမြေး မကေးကေးမင်္ဂလာပွဲအပြီး မိသားစု

ပြည်ပကို ကျွန်တော်မိသားစုပါရောက်လာတော့ ဇနီးကအစ ဒီမိုကရေစီရေးလှုပ်ရှားမှုထဲမှာ ပါကြတယ်။ တချို့က မိသားစုနိုင်ငံရေးဆိုတဲ့ မီဒီယာအသုံးနဲ့ တမျိုးထင်အောင်ပြောကြတယ်။ မင်္ဂလာဆောင်တဲ့မြေးကလည်း ဒေလီကောလိပ်မှာ နိုင်ငံရေးသိပ္ပံဘာသာကိုယူတယ်။

ဒေါက်တာတင့်ဆွေ

မိုးဖွဲဖွဲရွာနေတယ်

စောစောက လက်ဖက်ရည်ဆိုင်ကအထွက် နည်းနည်းပိုသည်းတယ်။ ကနေ့တော့ ကချင်ကျောင်းသားနဲ့ သွားတာ။ သူက ကချင်နဲ့ ရှမ်းမြောက်ပိုင်းသတင်းတွေ ပိုသိသူ။

အိမ်ရောက်တော့ ဟပ်ချိုးဖြစ်ရော။ ဒါတောင် ကျွန်တော့်ကျောင်းသားက ကျွန်တော်မိုးပေါက်မမိအောင် သူ့ကားကို ရှေ့အရောက် မောင်းယူပေးသေးတာ။

မိုးရွာတာက အအေးသက်သာတယ်။ ဒီမှာက မိုးမရွာရင်အေးတာက ပိုတတ်တယ်။ ဒေါ်မြမြအေးကတော့ သစ်ပင်လေးတွေ ပြင်နေပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၇

Life is a beautiful struggle ဇာတ်ဝင်ခန်း

မနှစ်က ဒီနေ့မှာ ပြည်ပနဲ့ လွတ်မြောက်နယ်မြေမှာ ပါတီတဖွဲ့တည်းလုပ်ခဲ့သူတယောက် ထိုင်း-မြန်မာနယ်စပ်မှာ ကွယ်လွန်သွားတဲ့သတင်း ကြားရတယ်။

နိုင်ငံရေးအတွက် ပြည်ပထွက်ကြသူတွေ ၁၉၈၈ မကုန်ခင်ကတသုတ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲအပြီးမှာတသုတ်တို့က အများဆုံးဖြစ်တယ်။ အခုဆိုရင် နှစ်ပေါင်း (၂၉) နှစ်နဲ့ (၂၇) နှစ်စီကြာသွားပြီ။ ပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေမှာ ပြည်ပရောက်ပြီးမှ အထဲပြန်ဝင်သူတွေရှိတယ်။ အခုထိပြန်မဝင်ကြသူတွေဟာ ပြည်ပမှာပဲ ခေါင်းချတော့မယ့်သူတွေလို့ ယေဘုယျပြောလို့ရတယ်။ ဆောရီး။ ပြည်ပနဲ့ တောထဲကိုထွက်မလာခင်က အခြေခံတွေ၊ ထွက်လာခဲ့တဲ့ မျှော်မှန်းချက်တွေ၊ ထွက်လာပြီးလုပ်ကြတဲ့ အလုပ်တာဝန်တွေနဲ့ နည်းနာတွေ မတူကြသလို အပြောင်းအလဲရှိလို့ အကဲဖြတ်ကြတာမှာလည်း မတူကြပါ။

အားမနာတမ်းပြောရရင် ဇာတ်သိမ်းခမ်းတွေပေါ့။ မြန်မာပြည်နိုင်ငံရေးမှာ ဘဝတွေဇာတ်သိမ်းကြတာ အမျိုးမျိုးရှိတယ်။ ကွန်မြူနစ် (အဖြူနဲ့ အနီ) တွေ၊ တိုင်းရင်းသားလူမျိုးစုံက လက်နက်ကိုင်တွေနဲ့ ဒီမိုကရေစီရေးကြိုးပမ်းကြသူတွေ။
ဘဝတခုစီ ဇာတ်သိမ်းသွားပေမယ့် မြန်မာ့နိုင်ငံရေးဇာတ်ရှည်ကြီးကတော့ ဆက်ကနေပါတယ်။ လူတိုင်းကိုယ်စီ ခြေရာ လက်ရာလေးတွေ ချန်ထားရစ်ခဲ့ကြတယ်။

စစ်မှန်တဲ့ရည်မှန်းချက်အတ…

International Day of the Midwife နိုင်ငံတကာ သားဖွါးဆရာမများနေ့

နှစ်စဉ် မေလ (၅) နေ့ကို နိုင်ငံတကာသားဖွါးဆရာမများနေ့လို့ သတ်မှတ်ထားပါတယ်။ ၂ဝ၁၅ အတွက် ဆောင်ပုဒ်ကတော့ The World Needs Midwives Today More Than Ever ကမ္ဘာကြီးက သားဖွါးဆရာမတွေကို အရင်ကထက်ပိုပြီး လိုအပ်နေတယ်လို့ဖြစ်တယ်။ ၂ဝ၁၆ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Women and Newborns: The Heart of Midwifery အမျိုးသမီးများနဲ့ မွေးစကလေး - သားဖွါးဆရာမများရဲ့အသည်းနှလုံး ဖြစ်ပါတယ်။ ၂ဝ၁၇ အတွက် ဆောင်ပုဒ်က Midwives, Mothers and Families: Partners for Life! ဖြစ်ပါတယ်။ သားဖွါး၊ မိခင်နဲ့ မိသားစု - ဘဝရဲ့ အဖော်မွန်အုပ်စုလို့ဖြစ်တယ်။

ဒီလိုနေ့ရက်သတ်မှတ်ကျင်းပရတဲ့ အယူအဆကို ၁၉၈၇ နယ်သာလင်မှာကျင်းပတဲ့ နိုင်ငံတကာ သားဖွါးဆရာမများ ကွန်ဖက်ဒရေးရှင်းကနေစတင်ခဲ့တာပါ။ ၅-၅-၁၉၉၁ နေ့ကစတင်ကျင်းပလာခဲ့ပြီး၊ အခုဆိုရင် နိုင်ငံပေါင်း (၅ဝ) ကျော်မှာ ကျင်းပကြပါတယ်။ ဒီနေ့မှာ သားဖွါးဆရာမတွေရဲ့အခမ်းကဏ္ဍကို လူအများသိကြအောင် အထူးပြုလုပ်ကြပါတယ်။ သားဖွါးဆရာမ တဦးချင်း အနေနဲ့လည်း တခြားအသက်မွေးလုပ်နေကြသူတွေကို ပိုပြီးနားလည်စေအောင် လုပ်ကြဘို့လည်း ပါတယ်။ သူတို့ လုပ်နေတာတွေကိုလည်း သူများတွေကသိကြအောင် လုပ်ကြပါတယ်။

ကျင်းပပုံနည်းလမ်းတွေ အမျိုးမျိုးကိုအကြံပေးထာ…

Careless mistakes မှားရင်ပြင်

၁။ တချို့က ရလာဒ်လို့ရေးသေးတယ်။ အဲဒါက result ကိုသုံးတာမို့လားဆရာ။

ရလဒ်မှာ ရေးချမပါ။ ဒဏ်မှာလည်းမပါဘူး။

၂။ ကျေးဇူးပါပဲဆရာ။ ရောဂါလက္ခဏာတွေက သမီးဖြစ်နေတာနဲ့ တပုံဆန်ထဲပါပဲ။

တပုံစံတည်းလို့ ရေးရတယ်။

၃။ သမီးကိုယ်ဝန်ပြတ်ကျခဲ့ဖူးပါတယ်။

ကိုယ်ဝန်ပျက်ကျလို့ရေးရပါတယ်။

၎။ သက်ဦးလို့ရေးတာနဲ့ နို့မဝမှာဆိုးလို့ လို့ရေးတာကိုပြင်ပေးတော့ ကျေးဇူးတင်သူ တယောက်တိတိရှိတယ်။ အခုမှ သဘောပေါက်တာဆရာ။ ဆရာက သားဦးလို့သာရေးရတယ်၊ နို့မဝမှာစိုးလို့ လို့သာရေးရတယ်လို့ ပြန်ဖြေပေးတော့ ဆရာက ဘာလို့ရေးပါလိမ့်ပေါ့။ ခုမှသိတာ။ ဆရာက အမှန်ပြင်ပေးတာ ကျေးဇူးပါဆရာ။

ကူးဆက်ပုံလို့မေးကြတယ်။ ကူးစက်လို့ရေးရတယ်။ ကူးဆက်ဆိုရင် သစ်ပင်တွေကိုင်းကူးပြီးဆက်တာမျိုးဖြစ်သွားမယ်။ ကူးစက်ခံရမှာ စိုးရိမ်သူတွေ ကူးဆက်တာမလုပ်ပါနဲ့။ တားဆေးဖျတ်လို့ရေး မေးတာလည်းမကြာမကြာလာတယ်။ ဖြတ်လို့သာရေးရတယ်။ ဖျက်ဆိုရင် ကိုယ်ဝန်ဖျက်တာမှာသာ ရေးရတယ်။ ခလေးလို့ရေး မေးသူတွေကလည်း အတော်များတယ်။ ကလေးလို့သာရေးရတယ်။ ကလေးရချင်သူတွေ ကလေးသတ်ပုံမှန်ပါစေ။

ကျွန်တော်လည်း သတ်ပုံမှားရေးတတ်တယ်။ စာရိုက်ရာမှာ ကျတာ ပိုတာ လိုတာတွေဖြစ်တတ်တယ်။ ပြန်ပြင်ပေးကြတယ်။ ကျေးဇူး။ စာအဟောင်းတွေမှာ အမှားတွေပိုပါနေခ…

Events in May မေလထဲမှာ

• The month of Music တေးဂီတလ၊ နယူးဇီလန်
• May 1 = May Day (International Workers' Day) အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
• May 3 = Constitution Day ဖွဲ့စည်းပုံနေ့ ပိုလန် + ဂျပန်
• May 5 = Children's Day ကလေးများနေ့ တောင်ကိုရီးယား + ဂျပန်
• May 5 = International Day of the Midwife နိုင်ငံတကာ သားဖွါးဆရာမများနေ့
• May 5 = မြန်မာနိုင်ငံ မီးသတ်နေ့
• May 8 = World Red Cross and Red Crescent Day နိုင်ငံကတာ ကြက်ခြေနီနေ့
• May 10 = Mother's Day အမေနေ့ မက်ဆီကို + ဂွါတီမာလာ + အယ်လ်ဆာဗာဒို
• May 12 = International Nurses Day သူနာပြုနေ့
• May 12 = International Awareness Day for Chronic Immunological and Neurological Diseases နာတာရှည် ခုခံအားနှင့် အာရုံကြောရောဂါများ အသိပေး လှုံ့ဆော်ရေး နိုင်ငံတကာနေ့
• May 18 = International Day of Capitalism နိုင်ငံတကာ အရင်းရှင်စနစ်နေ့
• May 27 = ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့၊ မြန်မာနိုင်ငံ

ဒေါက်တာတင့်ဆွေ

International Workers Day နိုင်ငံတကာအလုပ်သမားနေ့ အမေရိကမှာ ဘာလို့မကျင်းပသလဲ

နှစ်တိုင်း မေလ (၁) နေ့မှာ ဒပ်ဗလင်ကနေ ဒက္ကား စသဖြင့် ကမ္ဘာ့နိုင်ငံပေါင်းမြောက်များစွာမှာ နိုင်ငံတကာ အလုပ်သမားနေ့ ကျင်းပကြတယ်။ ချီတက်ပွဲတွေ၊ ဆန္ဒထုတ်ဖေါ်ပွဲတွေ၊ အခမ်းအနားတွေ။ တချို့အလုပ်သမားတွေက အနားယူကြတယ်။

ဒါပေမယ့် ဘာလို့ အမေရိကားမှာ မလုပ်ကြသလဲ။ ဝေါဟာရနှစ်လုံးတည်းပါ။ Anarchists မင်းမဲ့နဲ့ Communists ကွန်မြူနစ်ပါလို့ International Business Times မှာ (ကိုးလ် စထရင်ဂလာ) က ရေးသားလိုက်ပါတယ်။ ဒီလို အမေရိကားပျောက်နေတာဟာ အလွန်အဆီအငေါ်မတည့်ပါ။ ဘာလို့လည်းတိုတော့ နိုင်ငံတကာ အလုပ်သမားနေ့ ရယ်လို့ဖြစ်လာစေခဲ့တာက အမေရိကားမှဖြစ်ပါတယ်။ ၁၈၈၆ (သီပေါမင်းပါတော်မူပြီးနောက် ၆ လ) မှာ ချီကာဂို အလုပ်သမားတွေအများကြီးဟာ အလုပ်ခွင်ကနေထွက်ပြီး တနေ့ (၈) နာရီသာအလုပ်လုပ်ခွင့်အတွက် ဆန္ဒပြခဲ့ကြတယ်။ ဒိနောက်မကြာခင်မှာ Haymarket Square (ဟေးမားကက် စကွဲယား) လူစုလူဝေးထဲ ဗုံးခွဲလို့ ၁၁ ယောက်သေပါတယ်။ ရဲ ၇ ယောက်ပါတယ်။ မင်းမဲ့ဝါဒီ (၄) ယောက်ကြိုးပေးခံရတယ်။ သက်သေမခိုင်လုံပါ။

နောက်နှစ်အနည်းငယ်မှာတော့ ဥရောပမှာ အသစ်ဖွဲ့ထားကြတဲ့ ဆိုရှယ်လစ်နဲ့ အလုပ်သမားပါတီတွေကနေ မေလ (၁) ရက်နေ့ကို အလုပ်သမားနေ့ဖြစ်သတ်မှတ်ဖို့ တောင်းဆိုလာကြတယ်။ Haymarket Martyrs…

The moon far away ည လ နဲ့ ပန်း

တမြန်နှစ်က ညဦးပိုင်း ၈ နာရီ ၄၂ မိနစ်အချိန်မှာ နေရောင်မပျောက်သေးပါ။ ကောင်းကင်ပြာမှာ ပေါ်နေတဲ့ လကို အိမ်ခန်းဘေးက ပန်းပင်နဲ့အတူ မှတ်တမ်းတင်ထားပါတယ်။ ခေါင်မိုးအစွန်းလေးပေါ်နေတဲ့ အိမ်အောက်ဆုံးထပ်မှာ ကျွန်တော်ငှားနေပါတယ်။ ဒီမရောက်ခင် အမေရိကမှာ အိမ်ဝယ်ထားတယ်လို့ အတိုင်ခံရတယ်။ ပြည်ပနိုင်ငံရေးမှာ ဘရူးတပ်စ်တွေက များတယ်။

ပန်းပင်နာမည် မသိပါ။ အဆုပ်လိုက်အဖြူရောင်ပန်းတွေက ပွင့်ကာစမှာ မြန်မာပြည်က ကရမက်ပန်းကို လွမ်းစေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၅
၂၉-၄-၂ဝ၁၇

Library Culture စာကြည့်တိုက် ယဉ်ကျေးမှု

ရောက်တဲ့အရပ်မှာ စာကြည့်တိုက်ကို စူးစမ်းမိလာတာ အခုနေရာရောက်မှပါ။ အိန္ဒိယမှာတုန်းက ထူးထူးခြားခြား သတိမထားမိခဲ့ပါ။ ရောက်ရောက်ခြင်း နေအိမ်မှာ အင်တာနက်နဲ့ ဝိုင်ဖိုင်မရသေးခင် အိမ်နားက စာကြည့်တိုက်ကိုသာ တလလောက်ကြာ နေ့တိုင်းသွား အားကိုးခဲ့တဲ့ကျေးဇူးကကြီးတယ်။

မြန်မာပြည်မှာ ငယ်ငယ်လေးတုန်းက မုံရွာမြို့ အလုံလမ်း၊ ကမ်းနားလမ်း၊ သာစည်လမ်း လမ်းဆုံနေရာမှာ အစိုးရက ဖွင့်ထားတဲ့စာကြည့်တိုက်ကို ခဏခဏရောက်တယ်။ ဘာစာအုပ်မှတော့ မငှားဖူးပါ။ သတင်းစာတွေကိုသာ လှန်လှောကြည့်ဖြစ်တယ်။ အဲတာလည်း သွားတာပဲ။

ကျွန်တော့်ဇာတိမင်းရွာမှာ ကျွန်တော်ရဟန်းခံထားတဲ့ဦးဇင်းလေးကနေ စာကြည့်တိုက်လေး ဖွင့်ပေးထားတယ်လို့ တယောက်ကနေလှမ်းအသိပေးလို့ ဝမ်းသာရတယ်။ ကနေ့ အင်ဒီယာနာပလစ်မှာရှိတဲ့ ကွန်မြူနတီကောလိပ်ကို ရောက်တော့လည်း စာကြည့်တိုက်ကို သဘောကျခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

One-sided Story အပြောခံတဲ့သူပဲပြော

မေးတဲ့အရေအတွက်က လျှော့ကျတယ်မရှိ။ သတ်ပုံအမှားတွေလည်း နည်းလာတယ်လို့ မထင်ပါ။ မေးနည်းစည်းကမ်းကို တနေ့မှာ အခါ (၂ဝ) လောက် ပို့ပေးရတယ်။ အသက်-မ-ကျား မပြောလိုသူကဆို ပိုတောင် များလာသလားမသိပါ။ အချိန်မကုန်သင့်ပဲကုန်တာအပြင် အဲလိုလေးရေးတိုင်း ဆရာသည်းခံပေးပါ၊ ဆရာဝန်ဆိုတာစိတ်ရှည်ရတယ်လို့ ဆုံးမသူတွေက ပေါ်လာစမြဲ။

နိုင်ငံရေး ရှေ့မတိုးနောက်မဆုတ်ကာလတွေမှာ ပြောကြတယ်။ ဟိုဖက်ကလည်း နည်းနည်းလျှော့၊ သည်ဖက်ကလည်း နည်းနည်းလျှော့ ဒိုင်ယာလော့လို့ မြန်မာပြည်ပေါက်ပညာရှင်တွေက ပြောကြတယ်။ အဖြူပညာရှင်တွေကတော့ ဒေါ်စုက ခေါင်းမာတယ်တဲ့။ စစ်တပ်ကိုတော့ ထားပါတော့တဲ့။

အသက်-ကျား-မ မပြောလိုသူတွေက သူများကို ပိုဝေဘန်ကြသလား မသိပါ။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂ဝ၁၆
၂၉-၄-၂ဝ၁၇

H mole စပျစ်သီးကိုယ်ဝန်

ဆရာ သမီး ဒီနေ့ ultrasound ရိုက်ကြည့်တော့ စပျစ်သီးသန္ဓေ တည်နေတာတဲ့ရှင်။ ညနေကျရင် သားအိမ်ခြစ်ရမယ် ပြောပါတယ်ဆရာ။ ဘာအန္တရာယ်ရှိနိုင်တယ်၊ ဘာတွေရှောင်ရှားသင့်တယ်၊ ဘယ်လိုနေထိုင်သွားရမလဲဆိုတာ လမ်းညွှန်ပေးပါဦးရှင်။

ဆရာ သမီးအသက်က ၃ဝ ပါ။ သားဦးကိုယ်ဝန်သွေးဆင်းတာနဲ့ ပက်သတ်ပြီး ဆရာ့ကိုမေးဖူးပါတယ်။ ခုကိုယ်ဝန်က h mole စပျစ်သီးသန္ဓေဆိုပြီး သားအိမ်ခြစ်ထားတာ တပတ်လောက်ရှိပါ…

ကျွန်တော် သတ်ပုံစာအုပ်များ

ကွန်မင့်တခု = မြန်မာနိုင်ငံမှာနေသောသူများကို ဒီစာအုပ်လေးကို ဆောင်ထားသင့်ပါကြောင်း ဆရာအနေနှင့် အကြံပြုစေလိုပါတယ်ခင်ဗျာ။
အဲဒီထဲမှာ တစ်တွေနဲ့ ရေးထားပါသလား။ အဲတာဆို ဆောရီး။ ကျွန်တော့်မှာ အရင်ကထုတ်တဲ့ သတ်ပုံစာအုပ် နှစ်အုပ် ရှိတယ်။ တအုပ်က စာမျက်နှာ မစုံတော့ပါ။ နှစ်အုပ်လုံးက ခြစား ပိုးကိုက်။
နောက်ထုတ်သတ်ပုံနဲ့ အဘိဓါန်တွေကို (၁) ယူနီဖေါင်းသတ်ပုံ၊ (၂) ပေါ်လစီသတ်ပုံနဲ့ (၃) ကုလားထိုင်ရသတ်ပုံလို့ အစိုးရသုံးဆက်အမည်နဲ့ခေါ်ပါတယ်။ 
ကိုးကားစရာ ဟိုအရင်ကထုတ်တဲ့စာအုပ်လေး နည်းနည်းပါးပါးရှိတယ်။ အားထားရာက မြန်မာ့စွယ်စုံကျမ်းတစုံနဲ့ ပိဋကတ် သုံးပုံတစုံ။ မြန်မာ့စွယ်စုံကျမ်းကို အသစ်ရေးမယ်လို့ကြားတယ်။ သတ်ပုံတွေကို ကြိုက်သလိုရေးမလားမသိ။ အဲတာကို အတော်လန့်နေမိတယ်။ တရားဝင်စာနဲ့ အကြံပြုချင်နေတယ်။ ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော်တွေကိုတော့ သတ္တမ မတိုင်ခင်ထိ မပြင်ကောင်းပါရဲ့။
ဒေါက်တာတင့်ဆွေ

သင်ခန်းစာ နှင့် သင်ခဏ်းစာ

ဆရာ သင်ခန်းစာ နဲ့ သင်ခဏ်းစာနဲ့မှာ ဘယ်ဟာ အမှန်ပါလဲ။

အရင်သတ်ပုံစာအုပ်ဟောင်းတချို့မှာ သင်ခဏ်းစာလို့သုံးပါတယ်။ နောက်ပိုင်းမှာ သင်ခန်းစာလို့သာရေးတယ်။

ခဏ်း (အခုခေတ်မှာ မတွေ့သလောက်ဖြစ်လာတယ်)
အခဏ်းကဏ္ဍ
စမ္မခဏ်းနက္ခတ်
ယမ္မခဏ်းနက္ခတ်
သင်ခဏ်းစာ
ဇယားခဏ်းတန့် (ဗေဒင်)

ခန်း
ကိန်းခန်း၊
ကုန်ခန်း၊
ခန်းဆီး
ခန်းမဆောင်
ခန်းဝင်ဥစ္စာ
ခန်းဝါ
ခန်းသဉ္ဇာ
ခန်းတောက်ပင်
ခန်းခြောက်
ချွဲခန်းသလိပ် (ချွဲငန်းသလိပ်)
စက်ခန်း၊
စမ္မခန်း (ဗေဒင်)၊
စားခန်းချသည် (စခန်းချသည်)
ဆုံးခန်းတိုင်ရောက် ၊
တခန်းရပ်ပြဇာတ်၊
တိုက်ခန်း၊
တိုင်းခန်းလှည့်လည်၊
တနေကုန် တနေခန်း၊
ဓာတ်ခွဲခန်း၊
ပခန်းမြို့
မီးစာကုန် ဆီခန်း၊
ပြခန်း၊
လင်ခန်းမယားခန်း၊
လမ်းစခန်း
သင်ခန်းစာ၊
အံ့မခန်း
အခမ်းအနား၊
အိပ်ရာတိုက်ခန်း
စေးမခန်းပင်၊
နေထိုင်ရာအခန်း
ရေခန်းခြောက်
လေ့ကျင့်ခန်း၊
သေခန်းရှင်ခန်း၊

ဒေါက်တာတင့်ဆွေ

May Day မေဒေး

နယူးဒေလီမြို့မှာနေစဉ်က နှစ်စဉ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မြန်မာပြည်မှာ (မေဒေး) ဆိုရင် မသိတဲ့သူမရှိလောက်ပါ။ နိုင်ငံတကာအလုပ်သမားနေ့ကိုခေါ်တယ်။ အမေရိကမှာ မေဒေးမရှိပါ။ Labor Day လေဘာဒေးလို့တော့ရှိတယ်။  မြန်မာလိုပြန်ရင်လည်း အလုပ်သမားနေ့ပဲ။ မေဒေးနဲ့ အနှစ်သာရချင်းလည်း မတူပါ။ သူတို့ရဲ့ လေဘာဒေးဆိုတာ အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေးနဲ့ စီးပွါးရေး စွမ်းဆောင်နိုင်စွမ်းကို ဂုဏ်တင်တဲ့နေ့ရက်ဖြစ်တယ်။ နှစ်စဉ် စက်တင်္ဘာ ပထမတနင်္လာနေ့မှာကျရောက်တယ်။ တရားဝင် အလုပ်နားရက်လည်းဖြစ်တယ်။

မြန်မာပြည်မှာလည်း လူမှုရေးတွေဖွံ့ဖြိုးစည်ပင်၊ တိုင်းပြည်စီးပွါးရေးလည်း ကြွယ်ဝချမ်းလာတဲ့တနေ့မှာ လေဘာဒေးလို့ လုပ်နိုင်ကြရင်ကောင်းမှာပဲ။ အခုတော့ နေ့တိုင်းက လောဘဒေးဖြစ်နေသေးတယ်။

ပုံ = လွန်ခဲ့တဲ့ ခုနစ်နှစ် ၁-၅-၂ဝ၁ဝ နေ့က FTUB ကဦးစီးကျင်းပတဲ့ မေဒေးနေ့အခန်းအနား

ဒေါက်တာတင့်ဆွေ

Workplace and stimulant drugs လုပ်ငန်းခွင်နဲ့ ဆေးဝါးသုံးစွဲမှု

စောစောကပဲ ဆေးခြောက်အဆီဆေး ဆရာဝန်လက်မှတ်မလိုပဲ ရောင်းတော့မယ်ဆိုတဲ့သတင်း တင်လိုက်တယ်။ ဒီစာကိုလည်း မနှစ်က မေဒေး ခေါ် နိုင်ငံတကာအလုပ်သမားနေ့မှာ ဒီစာကိုရေးပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားပေါင်း ၂၃ သန်း ကျော်မှာ ဆေးဝါးတမျိုးမျိုးသုံးစွဲနေကြတယ်။ အဲတာကလည်း ဆေးကုသမှုခံယူနေသူစာရင်းသာရှိသေးတယ်။ အသက် (၁၂) နှစ်အထက်လူဦးရေရဲ့ ၁ဝ% ရှိတယ်။ ဆေးဝါးသုံးစွဲမှုဟာ တယောက်တည်းသုံးပေမယ့် မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဆိုးဆိုးဝါးဝါး သက်ရောက်စေပါတယ်။ ငွေကြေးအရပြောရရင် တနှစ်မှာ ၁၉၇ ဘီလီယန် ရှိတယ်။

ဆေးစွဲတယ်၊ ဆေးသုံးကြတယ်ဆိုတာ တရားမဝင်ဆေးတွေသာမကာ တရားဝင်ဆေးတွေကိုပါသုံးစွဲကြတာဖြစ်တယ်။ Painkillers အနားသက်သာဆေးတွေ၊ barbiturates အိပ်ဆေးတွေ၊ stimulants စိတ်ကြွဆေးတွေနဲ့ addictive စွဲစေတတ်တဲ့ဆေးတွေဖြစ်တယ်။ အမေရိကန်လူငယ်လူရွယ် ၂ဝ% တို့ဟာ Marijuana ဆေးခြောက်သုံးနေကြတယ်။ ၄ဝ% တို့ဟာ တကြိမ်တော့ စမ်းကြည့်ကြတယ်။ ၉% တို့ဟာ Cocaine ကိုကိန်းကိုတကြိမ်တော့စမ်းကြည့်ကြတယ်။

ကမ္ဘာမှာ အရက်ကြောင့် တနှစ်မှာ လူပေါင်း ၂့၅ သန်းသေဆုံးနေကြတယ်။ အမေရိကားမှာ ၁ သိန်းသေးတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်ကြားလူရွယ်တွေ နှစ်စဉ် ၃ သိန်း ၂ သောင်းတို့ဟာ အရက်…

Ear infections (1) နားပိုးဝင်ခြင်း (၁)

၁။ ဆရာရှင့် ကျမညီလေး အသက်၂၆ ပါနားထဲနာပေါက်နေလိုပါ ဆေးခန်းပြပြီးပါပြီ သက်သာလို့ လုပ်ပြန်ဆင်းတာ ညိုမိပြီးပြန်ဖြစ်ပါတယ် အလုပ်ကဝပ်ရှော့လုပ်ဆိုတော့မြဲညိုမိပါတယ်ရှင် အဲဒါဆေးစာလေးပေးပါဦးရှင် နာကကိုက်ပါတယ် အသံကြားရင်အူနေတယ်ပြောပါတယ်ရှင် ဖျားလည်းရှိပါတယ်ရှင် ဆရာကျမ္မာသက်ရှည်ပါစေ။ ဖြစ်တာ တပတ်လောက် ရှိပါပြီရှင် အမှားပါရင်ရိုသေစွာတောင်းပန်ပါတယ်ရှင့်

မဖြေခင် သတ်ပုံပြင်ရဦးမယ်။ နာပေါက်ကို အနာပေါက်လို့ရေးသင့်။ နာကကို အနာကလို့ရေးသင့်။ ညို မဟုတ်ပါ။ နှစ်ကြိမ်လုံးမှာ ညိုရေးတာမို့ မှားသိနေတာသေချာတယ်။ ညှော်လို့သာ ရေးရတယ်။ ညှော်က အနာအတွက် အရေးမကြီးပါ။

နားထဲအနာပေါက်တာကတမျိုး အလွန်နာတယ်။ နားအပြင်ပိုင်းမှာ ဖြစ်တယ်။ ပြည်ရှိတတ်တယ်။ ပြည်ထွက်အောင်လုပ်မှ ပျောက်တယ်။ ပိုးသေဆေး + အနာသက်သာဆေး ပေးရမယ်။ အလယ်နားပြည်တည်တာရှိတယ်။ နားစည်ပေါက်တာ ရှိတယ်။ နားအူတာကတမျိုး။ လင့်တွေပေးမယ်။ အရင်ကလည်း မေးကြတယ်။

၂။ ဆရာခင်ဗျာ။ ကျွန်တော့်သမီးလေးက အခုလေးလရှိပါပြီ။ သူ့ဘယ်ဘက်နားထဲမှာ ဝါကျင့်ကျင့်အရည်လိုလို အဖတ်လိုလိုလေးတွေ ထွက်ထွက်နေလို့ပါ။ နားဖာချေးမဟုတ်ပါဘူး။ ပြီးတော့ အနံ့တော်တော်ဆိုးပါတယ်။ ဘာများ ဖြစ်နိုင်ပါလဲလို့ပါခင်ဗျ။

၃။ သမီး အသက်…

Cannabis Oil Cannabinoid or CBD ဆေးခြောက်အဆီ

အငြင်းပွါးစရာ ဆေးခြောက်အဆီဆေးကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အားလုံးမှာ ဆရာဝန်လက်မှတ်မလိုပဲ ရောင်းခွင့်ပြုပါတော့မယ်။

အနာသက်သာစေတယ်။ စိတ်အားများတာသက်သာစေမယ်။ စိုးရိမ်စိတ်များတာသက်သာစေမယ်။ ပျို့အန်တာ သက်သာစေမယ်။ စကီဇိုဖရီးနီးယားစိတ်ရောဂါ။ ဆီးချို၊ ဆထုပ်ခေါ် လေဖြတ်ထားသူတွေလည်း သုံးနိုင်တယ်လို့ ဆိုပါတယ်။ အဆစ်နာ၊ ဒူးနာ၊ ပခုံးနာ၊ လေးဖက်နာအတွက်လည်း နာတာသက်သာစေမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇

North Korea crisis မြောက်ကိုရီးယားအရေးအခင်းသတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တယ်လာဆန်က စကားပြောဖို့လမ်းဖွင့်ထားလို့ ပြောလိုက်

လွန်ခဲ့တဲ့ တနာရီကသတင်းဖြစ်ပါတယ်။ အမေရိကန်ရဲ့ ရည်ရွယ်ချက်က မြောက်ကိုရီးယားအနေနဲ့ နယူကလီယာ လက်နက်တွေ ဖယ်ရှားဖို့ဖြစ်တယ်။ မြောက်ကိုရီးယားကစကားပြောမယ်ဆိုရင် အာဂျင်ဒါတော့ မှန်ရမယ်။

သူဆက်ပြောတာက အမေရိကန်အနေနဲ့ စစ်အင်အားသုံးဖို့လည်း အဆင်သင့်လို့ဆိုတယ်။

တရုပ်နိုင်ငံခြားရေးဝန်ကြီးကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနည်းက အကောင်းဆုံးလို့ဆိုတယ်။

တယ်လာဆန်က ကုလလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားရဲ့ နယူကလီယာခြိမ်းခြောက်မှုဟာ တကယ်ဖြစ်တယ်။ မြောက်ကိုရီးယားကို သံတမန်အရ ဝိုင်းပယ်ထားကြပါလို့ ပြောတယ်။

တောင်ကိုရီးယားနဲ့ ဂျပန်မှာ အမေရိကန်စစ်သားတွေချထားတယ်။ စစ်ရေယာဉ်အုပ်စုချထားတယ်။ တောင်ကိုရီးယားမှာ ဒေါ်လာ ၁ ဘီယီယန်တန် ဒုံးခွင်းစနစ် တပ်ဆင်ထားတယ်။ Thaad လို့ခေါ်တယ်။

ပုံထဲမှာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံပျံအမျိုးမျိုးရဲ့ အလှမ်းမီတဲ့ စက်ဝိုင်းတွေပြထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇
နေ့ ၂ နာရီတိတိ။

Sense of Humor ရီစရာ တခါတခါပြော

၁။ ရီလိုက်တဲ့အချိန်မှာ အရာအားလုံးရဲ့အပြင်ဘက်ကို တခဏတော့ ကျွန်တော် ရောက်သွားတယ်ဆရာ။ ဆရာရော ဘယ်လိုခံစားမိပါသလည်းဆရာ။

၂။ ဒါမှဆရာ့ တခါတလေ သရော်စာ တင်ပါဆရာရဲ့။

၃။ ဆရာ နောက်တတ်တာပဲနော်။

Sense of humor ဟာသဉာဏ်နဲ့ Satire သရော်စာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ Satire သရော်တာမှာ Criticism ဝေဖန်ကန့်ကွက်တာပါတယ်။ ရှုံ့ချတာပါတယ်။ ကျွန်တော် စာရေးတာမှာ တခါတခါဟာသလေးနှောတာကို သရော်စာလဲမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကိုမကြိုက်ပါ။ စစ်အုပ်စုကိုတောင် ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။

ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်တာမျိုးကသာ သင့်မြတ်တယ်။ စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ ဟာသအများကြီးရှိတယ်။ ငါကမှ နပိုလီယန်အစစ်ဆိုတဲ့ ဟာသကို ပြောဘူးပါတယ်။ ပြန်စဉ်းစားကြည့်တော့ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။

ပညာဉာဏ်နည်းသူတွေက မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးလဲ မသင့်ဘူး။ မြန်မာစကား အနည်းအပါးသာ တတ်တဲ့ တိုင်းရင်းသူဆရာမလေးတယောက် ဆေးခန်းေ…

Natural Gas ဓါတ်ငွေ့

နိုင်ငံရေးစကားပြောချင်သူကလာခေါ်လို့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ပြောကြတာတော့ အလေးစားတွေပါ။ တိုက်ပွဲတွေနဲ့ ဘာသာရေးအမည်ခံသတင်းတွေအကြောင်း။ ဘယ်သူတွေကနေ မီးတိုက်ပေးသလည်း၊ ဓါတ်ဆီလောင်းပေးနေသလဲ၊ လေမှုတ်ပေးနေသလဲ။ တချို့အကြောင်းအချက်တွေကို သိပေမယ့် ရေးမဖြစ်၊ ပြောမသင့်တာတွေရှိတယ်။ လူချင်းရင်းနှီးပေမယ့် ပြောမထွက်တာတွေရှိသေးတယ်။

မမြင်ရတာတွေက ပိုကြောက်စရာကောင်းတယ်ဆိုတာ အမှန်တကယ်ရှိတယ်။ အော်နေကြတာတွေတချို့က မမှန်ပါ။ လုပ်ပြနေကြတာတွေတချို့ကလည်း မှားတယ်။ မသိသေးသ၍တော့ သူ့နယ်ပယ်မှာ ဟီးရိုးတွေလို့ မြင်ကြမယ်။ မျက်လှည့်ဆရာပြတာချည်း ကြည့်နေလို့ကတော့ ဦးထုပ်ထဲက ခိုထွက်လာတာပဲ မြင်ရမယ်။

အရောင်အဆင်းမရှိ၊ အရသာမရှိ၊ မီးလောင်ခြင်းကိုအားပေး၏ဆိုတဲ့ဓါတ်ဆိုတာ ငါးတန်းကလည်းကသင်ခဲ့ကြရတယ် မဟုတ်လား။ နိုင်ငံရေးမှာ ဓါတ်ငွေ့တွေက များတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၆
၂၈-၄-၂ဝ၁၇

Tibet Struggle တိဘက်အရေး

ကျွန်တော် အိန္ဒိယမှာနေခဲ့စဉ်က တိဘက်လှုပ်ရှားမှုကြီးနဲ့အတူရှိခဲ့တယ်။ ဘုန်းတော်ကြီး ဒလိုင်လားမား၊ အဝေးရောက် အစိုးရဝန်ကြီးချုပ်၊ လွှတ်တော်အမတ်တွေ၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့တွေနဲ့အတူဖြစ်ပါတယ်။

ပုံတပုံမှာ တိဘက် အဝေးရောက်လွှတ်တော်ဥက္ကဋ္ဌ၊ တိဘက်အဆင့်မြင်တက္ကသိုလ် ဒုအဓိပတိ၊ နောင်မှာ ဝန်ကြီးချုပ် ဖြစ်လာသူ၊ (ဆမ်ဒေါင် ရင်ပိုချေး) တက်ရောက်ပြီး အမှတ်တရပစ္စည်းပေးအပ်ပါတယ်။ ပိုးသားနဲ့ ယက်လုပ်ထားတဲ့ ဘုရားပုံတော်တခုလည်းပါတယ်။ ကျွန်တော့် NCGUB ရုံးခန်းမှာချိတ်ဆွဲထားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက် (၆ဝ) ပြည့်မွေးနေ့ ကျင်းပစဉ်ကပါတယ်။

ပုံတပုံမှာ အဝေးရောက် တိဘက်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် လက်ရှိဝန်ကြီးချုပ် Lobsang Sangay (လောဘ်ဆန်း ဆန်ဂေး) နဲ့အတူဖြစ်ပါတယ်။

ပုံတပုံမှာ တိဘက်အဝေးရောက်ပါလီမာန်ကနေဖိတ်ကြားလို့ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၁၇-၁၈ ရက်နေ့မှာ (ဒါရမ်ဆလာ) ကို သွားရောက် လည်ပတ်ခဲ့စဉ်ကဖြစ်ပါတယ်။

တိဘက်လူမျိုးတွေရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေ အောင်မြင်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၆
၂၈-၄-၂ဝ၁၇

ရံပုံငွေ

Hla Win Nwet ရန်ပုံငွေလား ရံပုံငွေလား သိချင်မိပါတယ်။ အဆင်ပြေရင်ကြုံကြိုက်ရင်ဖြင့် သိချင်ပါတယ်။ သူများတွေ တင်ထားတာတွေ့လို့  မိမိအထင်ကဖြင့် ရံ လို့ တော့ထင်မိပါတယ်။

Chit KoKo ရန်ပုံငွေပါ

Hla Win Nwet အများကဖြင့် ရန်လို့သုံးပေမဲ့ အနက်ကကွာမယ်ထင်တယ်။ ဝိုင်းရံပြီးထည့်ငွေဆိုတော့ ရံလို့ ထင်ပါတယ်။ ဆရာအမြင်နဲ့ အသိကိုလိုချင်တာပါ။

Tint Swe သတ်ပုံစာအုပ်ဟောင်းမှာ ရံပုံငွေလို့ရေးတယ်။ ခေတ်စာအုပ်တွေမှာ ရန်ပုံငွေလို့ရေးတယ်။

သတ်ပုံစာအုပ်ဟောင်းမှ အသုံးများ
ကာရံ
ကာရံဝါကျ
ကိုယ်ရံကြီး
ကိုယ်ရံတော်
တခါတရံ
တရံရောအခါ
ဗညားရံ
ရံပတ်
ရံဖန်ရံခါ
ရံခြုံ
ရံစောင် (အရံစောင့်ထားသည်)
ရံရွေတော်
ရံရွေဘော်
လှည်းရံတိုင်
လှည်းရံတိုင်
ဝန်းရံ
ဝန်းရံ
ဝန်းရံခြင်း
အခြွေအရံ
ကျောင်းနံရံ
ရွှေစာရံဘုရား
နွားမရံရွာ

ရန်
စားရန် သောက်ရန်
စားရန်ငွေ
ဆင်ရန်သွားသည်
နန်းရန်ညွန့်ဖူး
ပန်းရန်သမား
ပြုလုပ်ရန်
ရန်ကုန်မြို့
ရန်စွယ်နှင့်ငေါငေါ
ရန်ပုံခွင်းအမြောကရောင်းရန် ဝယ်ရန်
ရန်ပွဲဖြစ်သည်
ရန်ကြီးအောင်
ရန်မန်မင်း
ရန်ပြုသည်
ရန်သူ
ရန်တွေ့သည်
ရန်ပေါင်မင်း
သွားရန် လာရန်
ဘေးရန်တားဆီး

သတ်ပုံစာအုပ်သစ်မှ အသုံးများ
ရံပတ်
ရံဖန်ရံခါ
ရံရွေတော်
လှည်းရံတိုင်
ဝန်းရံ

ရန…

သာသနာ ရောင်ဝါထွန်းစေ

မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပခန်းကျောင်း ခေါ် မဟာအတုလကာရီ ဆင်မင်းကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသရဲ့ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာပွဲ

ဆရာတော်ဟာ ကျွန်တော့်အဖေ ဦးဘချို (ကွယ်လွန်) ရဲ့ ညီအရင်းဖြစ်ပါတယ်။

ထပ်ဆင့်ဆက်ကပ်ပူဇော်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ ကျွန်တော်နဲ့ နိုင်ငံရေးမှာ လက်တွဲ လုပ်ခဲ့သူဖြစ်တယ်။ သူကတော့ ထောင်ကျခဲ့ရပြီး၊ ကျွန်တော်က ပြည်ပြေးဖြစ်ခဲ့ရပါတယ်။

ကနေ့မှာပဲ ကျွန်တော့်အဖေ၊ ဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ဇာတိ ပုလဲမြို့နယ် မင်းရွာမှာ ဆရာတော်ကိုပူဇော်ပွဲက ပုံတွေနဲ့ မန္တလေးမှာ ပူဇော်ပွဲကပုံတွေပါ ရလာတယ်။

မင်းရွာ၊ မန္တလေး၊ ဦးလေးတို့ကို အထူးသတိရနေတယ်။ ကျွန်တော့်အဖို့မှာ သာသနာရေးရော နိုင်ငံရေးပါ အရေးကြီးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇

လျှံ

ဆရာ ဝေလျံ နှင့် ဝေလျှံ ဘယ်ဟာက မှန်ပါသလဲရှင့်။

လျှံ
မီးတောက်မီးလျှံ
ပြည့်လျှံ
လျှံထက်ကျော်စော
လျှံထွန်းတေဇာ
အပြည့်အလျှံ
အလျှံညီးညီး
အပေါ်လျှံ (အပေါ်ယံ)
အရောင်လျှံ
ရေလျှံ
နှာခေါင်းသွေးလျှံ

လျံဆိုတာ မရှိပါ။ လျင်၊ လျစ်၊ လျပ်၊ လျက်၊ လျော့၊ လျော၊ လျား၊ လျ၊ လျာ၊ လျင့်၊ လျဉ်၊ လျည်၊ လျင်း၊ လျဉ်း လို့တော့ ရှိပါတယ်။

ဝေ
နဝေနဝါ
ပရိယာယ်ဝေဝုစ်
မျက်စိဝေသည်
ဝေငှ
ဝေစု
ဝေဆာ
ဝေဇယန်
ဝေတမ်းဝေပုံ
ဝေဒနာ
ဝေပုံကျ
ဝေပုလ္လတောင်
ဝေဖန်
ဝေဖန်တိကပြု
ဝေဘန်
ဝေယန်ဘုံကျောင်း
ဝေယျာဝစ္စ
ဝေခြမ်း
ဝေဖြန့်
ဝေလီဝေလင်း
ဝေဝုစ်
ဝေသာလီပြည်
ဝေတေတေ
ဝေနေယျ
နှင်းဝေသည်

ဒေါက်တာတင့်ဆွေ

Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း

အခုပဲတယောက်ကမေးတယ်။ မောင်နှမတဝမ်းကွဲလက်ထပ်ခြင်း။ သူမေးတာကို မထည့်တော့ပါ လွန်ခဲ့တဲ့ ၆-၇ နှစ်ကမေးတာကိုဖြေတဲ့စာကို တင်ပါမယ်။

ဆရာခင်ဗျ မောင်နှမတဝမ်းကွဲ အိမ်ထောင်ပြုရင် မွေးတဲ့ကလေးတွေ ဘယ်လိုဖြစ်နိုင်ပါသလဲ။ ကျွန်တော့်မှာ ကလေး ၂ ယောက်လုံး CP ဖြစ်နေပါတယ်ခင်ဗျ။ အကြီးလေးက မျက်စေ့မမြင်၊ အငယ်လေးကလဲ OA တဲ့ဆရာ။

ဆွေမျိုးနီးစပ်လက်ထပ်တာကို Incest ခေါ်တယ်။ တသွေးထဲက မွေးလာသူတွေနဲ့ (မွေးစားတာအပါအဝင်) တအိမ်တည်း နေသူတွေလို့ ကွဲသေးတယ်။ လက်ထပ်ပေါင်းသင်းမှုအပြင် စိတ်ဖြစ်ပေါ်မှု၊ မတော်တဆဖြစ်မှု မတူသေးပါ။

အမျိုးအစားတွေထဲမှာ (အမျိုးလူကြီး + အမျိုးကလေး)၊ (အမျိုးကလေး + အမျိုးကလေး)၊ အမျိုးအရွယ်ရောက်ချင်း၊ တဝမ်းကွဲအမျိုးချင်း။ သုတေသန လုပ်တာတွေက ယေဘုယျချဘို့ခက်တယ်။ အကြမ်းဖျင်း လူဦးရေ ၁ဝ-၁၅% လောက်မှာ ဒီစိတ်မျိုးရှိတတ်ပြီး၊ ကိုယ်ထိလက်ရောက်ဖြစ်တာက ၂% လောက်ရှိမယ်လို့ ယူဆကြတယ်။ ဖခင်-သမီး ဖြစ်ပျက်မှုက အများဆုံး။ မိခင်-သားက အနည်းဆုံး။ အကိုနဲ့နှမ မနည်းလှဘူး။ မောင်နဲ့နှမအကြား ဖြစ်တာမျိုးက မိဘနဲ့သားသမီးကြား ဖြစ်တာထက် များတယ်။ အရွယ်မရောက်သူအပါအဝင် ငယ်သူအပေါ် စော်ကားမှုမျိုးက ရေရှည်သဘောများတယ်။

မျိုးဗီဇတူသူအကြား အိမ်ထောင်ပြုရင် မွေးရာ…

မူကွဲတွေ သတိထားသင့်

ဆရာမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုကဗျာကို ပုံနှိပ်ထုတ်ဝေတာနဲ့ အွန်လိုင်းမှာ စာရိုက်တင်ကြတာ မူကွဲတွေ အမျိုးမျိုး တွေ့ရပါတယ်။ အခုပုံပါကဗျာဟာ မူရင်းအကျဆုံးလို့ယူဆရပါတယ်။ စာပေဗိမာန်ကနေ ၁၉၇ဝ ပြည့်နှစ် ဇန္နဝါရီလမှာ ထုတ်ဝေတဲ့ ဘာသာပြန်စာပေစာအုပ် စာမျက်နှာ ၁၆၆ နဲ့ ၁၆၇ မှာဖြစ်ပါတယ်။

ဖုထစ်ရွတ်တွ ငှက်ဠင်းတတို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

မှတ်ချက် = တစ်ပင်တည်း မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Hello Your Name is Trouble ဒုက္ခပေးခြင်း ကင်းကြပါစေ

Zin Zin
fb(10)နှစ်ပြည့်Messengerသုံးတဲ့သူတိုင်းဆုငွေဘေ10000ရအောင်လုပ်ပေးတာအခုပို့ထားတဲ့ဟာကိုဖိနိပ်ပြီးforwardပေါ်လာရင်၂၀ယောက်ပြန်ဖြန့်ပေးလိုက်

နောင်မှာ တသက်လုံး (တသက်လုံး) ဒီလိုစာ၊ ရွှေပေလွှာ၊ ကျိန်စာမျိုးတွေ မပို့ပါရန်။ ဒီလိုပြန်ပြောနေရတာ လူ ၅ဝ ကျော် ရှိပြီ။ ပို့စ်အဖြစ်တင်တာလည်း ၅ ခါမကတော့ပါ။ စာထဲကငွေ မလိုချင်ပါ။ အခုလိုပြန်ရေးနေရလို့ ကုန်သွားတဲ့အချိန်ကို ပြန်လိုချင်တယ်။ အဲလိုဟာတွေက သူများကိုလိုက်ပြီး ဒုက္ခပေးနေတာသာဖြစ်တယ်။

လူကြီးမင်းဟာ ကျွန်ုပ်ကို ဒီစာနဲ့ ဒုက္ခပေးလာသူ နံပါတ် (၅ဝ) ကျော်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား

Beauty Product Dangers အလှအပသုံးပစ္စည်းတွေရဲ့ အမှန်တရား

သမီးက အလှပြင်ဆိုင်ဖွင့်ထားတော့ ဖြောင့်ဆေး ဆိုးဆေးအနံ့တွေလည်း အမြဲလို ထိတွေ့ရပါတယ်။ ခေါင်းတခြမ်းကိုက် ရောဂါဖြစ်တာလား၊ ခေါင်းထဲမှာ အကျိတ်ရှိလို့ ဖြစ်တာလား စိုးရိမ်လို့ပါဆရာ။ ဦးနှောက်နဲ့အာရုံကြောမှာ CT scan ရိုက်သင့်လားလဲ သိချင်လို့ပါရှင့်။

လှပသော အဆိပ်ဖြစ်နေပါသလား မျက်နှာမှာ မလှတာလေးတွေ ဖြစ်နေလို့၊ အသားအရေ ညိုညိုတိုတိုလေးဖြစ်ချင်လို့၊ ဆံပင်ဖြောင့်ချင်၊ ကောက်ချင်လို့ စတာတွေအတွက် အလှအပသုံး ပစ္စည်းအမယ်ပေါင်းများစွာထဲက ကောင်းတယ် ဆိုတာထဲက တကယ်ကောင်းတာကို ရွေးသင့်တယ်။ အဲလိုပစ္စည်းတွေထဲမှာ ပါတာတွေက ဘယ်လောက်များ စိတ်ချရပါသလဲ။ သတင်းစာတွေ၊ မီဒီယာတွေက များသောအားဖြင့် သည်းခြေကြိုက်ကိုသာ ရေးပါတယ်။ သိပ္ပံပေတံနဲ့ တိုင်းကြည့်ထားတဲ့ သတိထားစရာတွေနဲ့ ရွေးချယ်စရာတွေ တွဲပေးလိုက်ပါတယ်။

(၁) Keratin Straighteners သတိထားပါ
ဆံပင်အလှပြင်ဆိုင်တွေကနေ လုပ်ပေးနေတဲ့ Keratin hair treatments နည်းဆိုတာ ပိုးခြည်လို ချောမွေ့စေပြီး ဆံပင်ကို ထွေးမသွားစေဘူး။ Formaldehyde-free (ဖေါ်မယ်လဒီဟိုက်) မပါဘူးလို့လဲ ကြော်ညာတာလဲရှိတယ်။ ဒါပေမဲ့ (အိုရီဂွန်) က OSHA ရဲ့ လေ့လာချက်အရ အဲဒါတေ…