ရွာကအမျိုးတွေ

ကျွန်တော်မွေးတဲ့ဇာတိ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းရွာမှာ ကျွန်တော့်အမျိုးအရင်းတွေ သားတယောက်နဲ့အတူ နှမတယောက်ရဲ့အိမ်ရှေ့မှာရိုက်ထားတဲ့ပုံ အခုပဲရတယ်။

ညီတွေ နှမတွေက ကျွန်တော့်ကို အကိုလေးလို့ ခေါ်ကြတယ်။ အိမ်ရှင် မတင်နွဲ့က သူ့အကိုလေးကို ဝါကျတကြောင်း ပြည့်အောင် ပြောခဲတယ်။ မပြောရဲတာလို့ပြောတာက ပိုမှန်တယ်။ ကျွန်တော်တို့အမျိုးက ကြီးစဉ်ငယ်လိုက် ချစ်ကြောက် ရိုသေကြတယ်။ ကျွန်တော့်အဖေကတည်းက အဲလို။ ကျွန်တော့်ကိုလည်း အဲလို။ ကျွန်တော့်သားတွေလည်း အဲလိုလာမယ်။

ပုံမြင်တာနဲ့ မင်းရွာရေသောက်လိုက်ရသလိုပဲ။ ညီတွေ နှမတွေ ကျန်းမာကြစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၇
ည ၁၂ နာရီ ၂၁ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး