ဦးဝင်းတင်

ဦးဝင်းတင်အမှတ်တရတွေ ဖတ်ရတယ်။ ကျေးဇူး။ ကျွန်တော်တို့ ထိုင်း-မြန်မာနယ်စပ် (ကေအင်န်ယူ) စခန်းတွေမှာ အစည်းအဝေးတွေလုပ်ကြပါတယ်။ မာနယ်ပလောကျပြီးမှပါ။ တခါက အစည်းအဝေးတရက်တာအပြီးမှာ တချို့က ထိုင်းထဲပြန်သွားစရာရှိလို့ သောင်ရင်းမြစ်ထဲဆင်းပြီး၊ စက်လှေကလေးနဲ့ တဖက်ကမ်းကို ကူးဘို့လုပ်နေကြချိန်မှာ ညနေပိုင်းရေဒီယိုနားထောင်ပြီး၊ ကုန်းပေါ်ကနေ ဦးဝင်းတင်လွတ်ပြီဆိုပြီး ဝမ်းသာအားရ အော်ပြောကြတယ်။ အားလုံးက လက်ခုပ်လက်ဝါးတီးကြတယ်။

နာရီပိုင်းအတွင်း ဦးဝင်းတင် ထောင်ထဲ ပြန်ဝင်ပြန်ပြီဆိုတဲ့သတင်းက ဆက်လာပါတယ်။ ပြန်သွားသူတွေ မဲဆောက်တောင် မရောက်သေးပါ။

ကျွန်တော်က ခုထိထောင်မကျဖူးသေးတော့ ကျဖူးသူတွေလို ရေးစရာအကြောင်းကမရှိ။ ဦးဝင်တင်ကို လူချင်းကလည်း မတွေ့ဖူးလိုက်။ စကားတော့ နှစ်ယောက်တည်းပြောဖူးတယ်။ အာရ်အက်အေကနေ ဦးဝင်းတင်နှင့်စကားပြောခြင်း အစီအစဉ်မှာ ဦးဝင်းတင်နဲ့ကေားပြောရသူ ဒုတိယလူဖြစ်ခဲ့တယ်။ ဦးတင်ထွဋ်က ပဌမပြောရတယ်။ ကျွန်တော်နဲ့က နိုင်ငံတကာအရေး ဆွေးနွေးတယ်။

ကျွန်တော် = ဆရာ တချို့အစိုးရတွေက ဗမာပြည်မှာဖြစ်နေတာကို ခပ်ပေါ့ပေါ့ထင်ကြတယ်။ စစ်အစိုးရကို လျှော့တွက်ကြတယ်ဆရာ။ သိပ်မသိကြဘူးဆရာ။

ဦးဝင်းတင် = ဒီလိုဗျ အစိုးရတွေက စစ်အစိုးရဆိုးတာ သိတော့ သိမှာပါ။ သူတို့အကျိုးစီးပွါးအတွက် ပေါင်းနေကြတာဗျ။

ဟုတ်ဆရာ့

ဆိုးတဲ့သူနဲ့ တည့်အောင်နေတတ်သူတွေထဲမှာ ကျွန်တော်တို့မပါ။ မကောင်းတာကို မကောင်းကြောင်းမပြောဘဲ နေတတ်သူတွေထဲမှာ ကျွန်တော်တို့မပါ။ ဘယ်လောက်ကြီးကြီး ပြောရဲတယ်။ မုန်းလို့လည်း မဟုတ်ပါ။ ဆဲလည်းမဆဲပါ။ အချက်အလက်သာ ပြောတယ်။ ကနေ့အထိပါဆရာ။ ကျွန်တော် မဲလည်း မလိုပါဆရာ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၇
၂၁-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး