သာသနာ ရောင်ဝါထွန်းစေ

မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပခန်းကျောင်း ခေါ် မဟာအတုလကာရီ ဆင်မင်းကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသရဲ့ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာပွဲ

ဆရာတော်ဟာ ကျွန်တော့်အဖေ ဦးဘချို (ကွယ်လွန်) ရဲ့ ညီအရင်းဖြစ်ပါတယ်။

ထပ်ဆင့်ဆက်ကပ်ပူဇော်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ ကျွန်တော်နဲ့ နိုင်ငံရေးမှာ လက်တွဲ လုပ်ခဲ့သူဖြစ်တယ်။ သူကတော့ ထောင်ကျခဲ့ရပြီး၊ ကျွန်တော်က ပြည်ပြေးဖြစ်ခဲ့ရပါတယ်။

ကနေ့မှာပဲ ကျွန်တော့်အဖေ၊ ဆရာတော်နဲ့ ကျွန်တော်တို့ရဲ့ဇာတိ ပုလဲမြို့နယ် မင်းရွာမှာ ဆရာတော်ကိုပူဇော်ပွဲက ပုံတွေနဲ့ မန္တလေးမှာ ပူဇော်ပွဲကပုံတွေပါ ရလာတယ်။

မင်းရွာ၊ မန္တလေး၊ ဦးလေးတို့ကို အထူးသတိရနေတယ်။ ကျွန်တော့်အဖို့မှာ သာသနာရေးရော နိုင်ငံရေးပါ အရေးကြီးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး