Sense of Humor ရီစရာ တခါတခါပြော

၁။ ရီလိုက်တဲ့အချိန်မှာ အရာအားလုံးရဲ့အပြင်ဘက်ကို တခဏတော့ ကျွန်တော် ရောက်သွားတယ်ဆရာ။ ဆရာရော ဘယ်လိုခံစားမိပါသလည်းဆရာ။

၂။ ဒါမှဆရာ့ တခါတလေ သရော်စာ တင်ပါဆရာရဲ့။

၃။ ဆရာ နောက်တတ်တာပဲနော်။

Sense of humor ဟာသဉာဏ်နဲ့ Satire သရော်စာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ Satire သရော်တာမှာ Criticism ဝေဖန်ကန့်ကွက်တာပါတယ်။ ရှုံ့ချတာပါတယ်။ ကျွန်တော် စာရေးတာမှာ တခါတခါဟာသလေးနှောတာကို သရော်စာလဲမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကိုမကြိုက်ပါ။ စစ်အုပ်စုကိုတောင် ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။

ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်တာမျိုးကသာ သင့်မြတ်တယ်။ စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ ဟာသအများကြီးရှိတယ်။ ငါကမှ နပိုလီယန်အစစ်ဆိုတဲ့ ဟာသကို ပြောဘူးပါတယ်။ ပြန်စဉ်းစားကြည့်တော့ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။

ပညာဉာဏ်နည်းသူတွေက မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးလဲ မသင့်ဘူး။ မြန်မာစကား အနည်းအပါးသာ တတ်တဲ့ တိုင်းရင်းသူဆရာမလေးတယောက် ဆေးခန်းရောက်ကာစမှာ စီနီယာတွေကို ဆီးစစ်တာသင်ပေးခိုင်းတယ်။ ဗိုလ်လိုလဲ ကျွန်တော်က သင်ပေးတယ်။ ပြီးမှ သေချာအောင် ပြန်မေးပါတယ်။ အေ့း့ အခုစစ်တာဘာလဲ။ သူဖြေတာက သေးတဲ့။ နောက်ဆရာမအသစ်တွေ ရောက်ပြန်ရင် အဲဒီနမူနာလေးပြောပြတယ်။ ဒါပေမဲ့ အရင်ဆရာမနာမည်ကို ထည့်မပြောပါ။

စာသင်ပေးရင်း မပြင်းရအောင်။ မှတ်မိအောင်။ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ပြောလေ့ရှိပါတယ်။ ဖရင်းတယောက်က မှန်ကြိုက်သူသီချင်း တင်တော့ မှန်ဘဲကြိုက်နော်လို့ရေးလိုက်တယ်။ သူကနားလည်တယ်။ ဒေလီ ဆေးခန်းမှာတုန်းက ဗမာမဟုတ်တဲ့ ဆရာမလေးတွေကို ဘီးကြိုက်ကို ပြောင်းပြန်ဖေါ်ပေးတာတောင် လိုက်မမီကြဘူး။ သူထင်နေတာက ကြိုက်ဘီးတဲ့၊ ပြီးကြရော့။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂ဝ၁၅
၂၈-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး