Stress Affect Your Appearance စိတ်ရုပ် ဖိအားနှင့် အသွင်အပြင်

တခါကလည်း formarlin အကြောင်းနဲ့ ကျနော်ဆရာကို မေးဖူးပါတယ်။ တကူးတက ဖြေပေးခဲ့တဲ့အတွက် ဗဟုသုတအများကြီးရခဲ့ပါတယ်။ ကျေးဇူးအများကြီးလည်းတင်ပါတယ်။ ခုတခုကတော့ လူတွေမှာ စိတ်ဖိစီးမှုကြောင့် ရုပ်ရည်သွင်ပြင်ပြောင်းလဲလာသလားဆိုတာ သိချင်ပါတယ်။ တခါတလေများ အလုပ်တွေကို အာရုံစိုက်ရင်း ရှည်မှန်းမသိ ရှည်လာတဲ့ လက်သည်းတွေ မုတ်ဆိတ်တွေက လူပေါ်မူတည်ပြီး ရှည်ချိန်ရောက်လို့ ရှည်လာတာလား။ ဒါမှမဟုတ် အလုပ်ဒဏ်ကြောင့်ဖြစ်လာတဲ့ ဖိစီးမှုတွေကြောင့်လား။ တခါတလေ ပုံမှန်ထက်မြန်တယ်လို့ ခံစားမိပါတယ်။ တခါက ကျနော့်အထက်အရာရှိတခုက ရာထူးတိုးယူပြီး ဆံပင်ဖြူလာတယ်။ တာဝန်တွေကြီးလာတယ်။ ပုံမှန်ရာထူးတုန်းက အလုပ်ကိုင်နိုင်နင်းပြီး အေးအေးဆေးဆေးဖြတ်ကျော်လာတယ်။ ဘာမှပြောင်းလဲမှုမရှိခဲ့ဘူး။ ရာထူးတိုးယူပြီးတော့ တာဝန်ကြီးကြီးထမ်းဆောင်လာတော့ တလအတွင်းမှာပဲ သူဟာ အရင်လိုမဟုတ်ပဲ ဆံပင်ဖြူလာခြင်း၊ ရုပ်ရည်က ရင့်လာသလိုမျိုးမြင်လာပါတယ်။ ဒီတာဝန်ယူမှု၊ လုပ်ငန်းကြီးတွေထမ်းဆောင်ခြင်းဟာ လူတယောက်ရဲ့ ရုပ်ရည်စိတ်ရည်ကို ဘယ်လောက်ထိလွှမ်းမိုးသလဲဆိုတာ ထင်မြင်ချက်ကလေး သိချင်ပါတယ်ဆရာ။ ဒီ့အတွက် ကျနော်တို့အနေနဲ့ ဘယ်လို နေသင့်ပါသလဲ။ ကျေးဇူးအများကြီးတင်ပါတယ်။

ခပ်တိုတိုသာရေးပါရစေ။ လူတွေရဲ့စိတ်ဖိအားနဲ့ ရုပ်ဖိအားတွေကနေ အသွင်အပြင်ကိုဘယ်လိုသက်ရောက်သလဲကို အလှအပ အထူးပြုလေ့လာသူတွေက သုံးသပ်ထားတာကတော့

၁။ မျက်စိအောက်မှာ ဖေါင်းလာမယ်။ ဆဲလ်လေးတွေထဲ အရည်ပိုအောင်းလာလို့ဖြစ်တယ်။ ကမ္ဘာအောက်ကို တွဲကျနေမယ်။
၂။ အရေပြားခြောက်သွေ့လာမယ်။ ရေသောက်တာနည်းရင် ပိုဆိုးမယ်။
၃။ ဝက်ခြံထွက်မယ်။ ဟော်မုန်းမညီမျှမှုကနေဖြစ်တယ်။ အစာလမ်းနေဗက်တီးရီးယားတွေ မျှခြေပျက်လို့လည်းဖြစ်တယ်။
၎။ အနီရောင်အစက်အပျောက် ထွက်မယ်။ အင်ပြင်ထွက်မယ်။
၅။ မျက်နှာအရေပြား နီမြန်နေမယ်။
၆။ အရေပြား အရေးအကြောင်းလေးတွေပေါ်မယ်။
၇။ ဆံပင်ဖြူလွယ်မယ်။
၈။ ဆံပင်ပါးမယ်။ ဆံပင်ကျွတ်မယ်။
၉။ လက်သည်းခြေသည်း အစဉ်းကြောင်းဖြစ်မယ်။
၁ဝ။ ကိုယ်အလေးချိန်တိုးမယ်။
၁၁။ အိုစာသလိုထင်ရမယ်။
၁၂။ မျက်နှာသွင်ပြင်က ဆွဲဆောင်မှုနည်းမယ်။ အပြုသဘောမဆောင်သလိုမြင်စေမယ်။

• Anxiety Disorders စိုးရိမ်စိတ်ကဲလွန်ခြင်း http://doctortintswe.blogspot.com/2014/11/anxiety-disorders.html
• Mass Hysteria အစုလိုက်အရူးထခြင်း https://doctortintswe.blogspot.com/2016/07/mass-hysteria.html
• Stress changes brains of boys and girls differently https://doctortintswe.blogspot.com/2016/11/stress-changes-brains-of-boys-and-girls.html
• Stress and Infertility စိတ်ဖိအားများတာနဲ့ သားသမီးမရနိုင်တာ ဆက်စပ်မှုရှိ https://doctortintswe.blogspot.com/2017/07/stress-and-infertility.html?q=stress
• Stress Affect Your Appearance စိတ်ရုပ် ဖိအားနှင့် အသွင်အပြင် https://doctortintswe.blogspot.com/2017/04/stress-affect-your-appearance.html?q=stress

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၇


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး