2015 global HIV statistics

ကျွန်တော် ပထမဆုံးတောင်းဆိုတယ်ထင်ပါတယ်။ Youtube မှာ hiv အကြောင်းရှင်းပြထားတဲ့ ရုပ်သံ video တွေရှိပေမဲ့ မြန်မာဘာသာစကားနဲ့ မြန်မာဆရာဝန်တွေ မရှိသေးပါသဖြင့် ဆရာအနေဖြင့်ကူညီလို့ရရင် HIV ရောဂါနှင့်ပတ်သက်သော ကူးစက်ပုံ သွေးစစ်ပုံ သွေးစစ်သည့် test တွေအကြောင်း စုံလင့်စွာ Youtube တွင်ဆရာ video ဖိုင်တင်ပေးပါခင်ဗျာ။ လေးစားလျက်။

Youtube မှာ မလုပ်အားပါ။ Blog မှာ အားလုံးတင်ထားပါတယ်။ ပို့ပေးတဲ့သတင်းဖြတ်ပိုင်းအရ မြန်မာပြည်မှာ လူ ၁ဝဝဝ မှာ HIV ရှိသူ ၅ ယောက်လို့ဖတ်ရပါတယ်။

၂ဝ၁၅ စစ်တမ်းတခုအရ ကမ္ဘာမှာ HIV ရှိနေသူပေါင်း ၃၆့၇ သန်းရှိတယ်။ သူတို့ထဲမှာ ကလေးပေါင်း ၁့၈ သန်းပါတယ်။ ကမ္ဘာ့ HIV ဖြစ်နှုန်း ဝ့၈% ဖြစ်တယ်။ လူ ၁ဝဝဝ မှာ (၈) ယောက်နှုန်း။ ၂ဝ၁၅ ခုမှာ AIDS နဲ့ သေဆုံးခဲ့သူပေါင်း ၁့၁ သန်း ရှိခဲ့တယ်။ ကပ်ရောဂါအသွင်ဖြစ်ကတည်းက လူပေါင်း ၇၈ သန်းကိုကူးစက်ပြီး ၃၅ သန်းသေးဆုံးခဲ့ပြီးဖြစ်တယ်။ အများစုက ဆာဟာရအောင်ပိုင်းဒေသမှာဖြစ်တယ်။ ၂၅့၅ သန်းကူးစက်ခံထားရတယ်။ ၂ဝ၁၅ ခုနှစ်မှာ ပိုးတွေ့ လူနာသစ်ပေါင်း ၂့၁ သန်းရှိတယ်။ လူနာ ၁၇ သန်းက ART ဆေးသောက်နေနိုင်ကြတယ်။ အဲတာက ပိုးတွေ့သူတွေရဲ့ လူကြီး ၄၆% နဲ့ ကလေး ၄၉% သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး