ရဟန္တာစာလုံး ဘာတုံးတော့ မသိ

တခါက ရဟန္တာဖူးချင်တယ်ဆိုသူ ကျောင်းကိုရောက်လာ။ ကျောင်းနဲ့ခပ်ဝေးဝေးက ဝါးရုံတော်ထဲခေါ်သွားတယ်။
ဒီဝါးက -
ဖြောင့်သလားမမေးနဲ့။
ဒီဝါးကရော -
ကောက်ပါသော်ကော။
ဒီဝါးပင် -
ရှည်တယ်ဘုရာ့။
ဒီဝါးပင်က -
တိုပါ့။

ကျောင်းကိုပြန်ရောက်။ လျှောက်စမ်းပါဦး ရဟန္တာတွေ့ခဲ့လား။
နိုး။
ဖြောင့်နေတာကို ကောက်ချင်စိတ်မရှိသူ၊ ကောက်နေတာကို ဖြောင့်ချင်စိတ်ကင်းသူ။ ရှည်နေတာကို မတိုစေချင်သူ၊ တိုနေတာကို မရှည်စေချင်သူ။

အဲတာကတော့ စာအုပ်ထဲက။ ဖေ့စ်ဘွတ်မှာက -
မှန်နေတာကို မှားစေချင်သူ။ လွဲနေတာကို အဟုတ်မှတ်စေချင်သူ။ အေးချမ်းနေတာကို ပွက်လောညံစေချင်သူ။ ကျဆုံးသွားပြီးသူကို နန်းအပ်ချင်သူ။

ဤတွင် ရဟန္တာပို့စ်ပြီးဆုံး၏။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး