၁၉၉ဝ မှတ်တမ်းဓါတ်ပုံများ



၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးခရီးစဉ် မှတ်တမ်းဓါတ်ပုံတွေကို ၈-၂-၂ဝ၁၄ မှာရရှိပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲမတိုင်မီကာလ စည်းရုံးရေးခရီးအနေနဲ့ ပုလဲမြို့နယ်၊ အလယ်ဘုံရွာကိုရောက်စဉ်က၊ ကျွန်တော်နဲ့ ဇနီး ဒေါ်မြမြအေး။ ဓါတ်ပုံပို့ပေးတဲ့ အိမ်ရှင် မမျိုးဝင်းကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ

လုပ်သားပြည်သူ့နေ့စဉ် သတင်းစာပါ ရွေးကောက်ပွဲရလဒ်သတင်း

၂၇-၅-၁၉၉ဝ နေ့ကကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မြေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း သမိုင်းမှတ်တမ်းကို ရှာဖွေပြီး ဖေ့စ်ဘွတ်မှာတင်ပေးတဲ့ Than Htay ကို အများကြီးကျေးဇူးတင်ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ၊ စစ်ကိုင်းတိုင်း၊ ပုလဲမဲဆန္ဒနယ်မြေ (၂)၊ (NLD) ကိုယ်စားပြုယှဉ်ပြိုင်သူ၊ ဒေါက်တာတင့်ဆွေ ရရှိတဲ့မဲစာရင်း
• မဲပေးခွင့်ရှိသူဦးရေ = ၃၃,၁၉၅
• လာရောက်မဲပေးသူဦးရေ = ၂၄,၂၆၄
• မဲလာမပေးသူ = ၈,၉၃၁
• ရရှိသည့်မဲ = ၆၁့ဝ၈%

ဒေါက်တာတင့်ဆွေ

ရွေးချယ်ခံရခြင်း၏ ဆုလာဘ်

လွန်ခဲ့တဲ့ လေးနှစ်က ၁၉၉ဝ ရွေးကောက်ပွဲရလဒ်သတင်းပါတဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာဟောင်းပို့စ်အောက်မှာ ကျွန်တော့်နဲ့သိကျွမ်းတဲ့ ဆရာတော်တပါးက မှတ်ချက်တခုရေးပါတယ်။ ကျွန်တော်က မိသားတစုလုံး ပြည်ပနိုင်ငံရေးထဲမှာ ပါကြတယ်။

အိမ်နားနီးချင်းအတူနေ ဆွေမျိုးတွေပါ အကုန်စုရင် မဲဆန္ဒနယ်မြေအပိုင်သေချာတယ်။ ၂ဝ၁၅ သတိထား၊ ဒို့အမျိုးစုရဲ့ လူအင်အားတဲ့။

ဆရာတော်သိတဲ့အတိုင်းပဲ အိန္ဒိယမှာနိုင်ငံရေးထဲလုပ်နေတော့ ဗမာဖြစ်နေတာက အပြစ်တခု။ ကိုယ့်သားသမီးတွေ ပါတီထဲဝင်တာကို မိသားစုနိုင်ငံရေးလို့ ပြောတယ်။ အလုပ်လျှောက်ရင် လူကြီးသားသမီးလို့ ပြောတယ်။ သားတွေကြ ပိုဆိုးသေး၊ ဗမာလဲဖြစ်၊ အမတ်သားလဲဖြစ်၊ အမျိုးသမီးလဲမဟုတ်ကြ၊ ဘယ်နေရာမှ လုပ်စရာမရှိတော့ဘူး။ ဒကာမကြီးကြတော့ NLD ဖြစ်နေတာကပြဿနာ။ အမျိုသမီးအဖွဲ့က ထွက်ပေးရပြန်ရော။ ယောက်ျားရဲ့ နိုင်ငံရေးထဲ ဝင်လုပ်တာမျိုး မလုပ်ရဘူးတဲ့။

ပြည်တွင်းထဲမှာတော့ အဲလိုမဟုတ်ပါစေနဲ့လို ဆုတောင်းပါတယ်ဘုရား။ ဆုံးဖြတ်လိုက်ပြီ ဆရာတော် နောက်ဘယ်တော့မှ အရွေးမခံတော့ဘူးလို့။ Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး