သည်နှစ်မေ

သည်နှစ်မေ နွေနဲ့မတူသေး၊
ညဆယ်နာရီ အိမ်နဘေး စိမ့်စိမ့်လေးအေး၊
မနက်လင်း မြက်ခင်း စိုစိုအေး၊
ညနေ အပြင်သွား အညာသားချွေး၊
မြန်မာပြည် သတိရသေး ကြမ်းကြားလေတေး၊
ဗူးခါးရေပေး၊ မိုးခါးရေဝေး။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၇
ည ၁၂ နာရီ၊ ၃ မိနစ်။

ဒုက္ခိတဖြစ်သွားလည်း အမေ၊
မျက်မမြင်ဖြစ်သွားလည်း အဖေ၊
တောင်းဆိုး ပလုံးဆိုးဖြစ်မသွားတဲ့ သားနဲ့သမီးတွေ။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး