ကသစ်ပန်းသီချင်း

မင်္ဂလာပါဆရာ၊ မိုးခြိမ်း၊ မိုးချုန်း၊ ဘယ်လိုသုံးပါသလဲခင်ဗျ။

ချိန်း
ချိန်းချက်ထားသည်
ချိန်းဆိုသည်
ချိန်းရက်
ချိန်းသောရက်

ခြိမ်း
ထစ်ခြိမ်းသည်
ခြိမ်းခြောက်သည်
မည်သံခြိမ်းခြိမ်း
မိုးခြိမ်းသည်
ခြိမ်းချောက်သည် (သတ်ပုံစာအုပ်ဟောင်း)
ခြိမ်းမောင်း
ခြိမ်းမောင်းသည်
ရိုက်ခြိမ်း

ချုံး
ချုံးကျ
ချုံးချုံးကျချောင်း
ချုံးပွဲချငို
ပိန်ချုံး

ချုန်း
ချုန်းချုန်းမြည်
မိုးချုန်းသည်

ထစ်
ထစ်ချုန်း
ထစ်ကြူးမြည်
ထစ်ခြိမ်း
ထစ်အုန်း
လှေကားထစ်

ကသစ်ပန်းသီချင်း
နတ်စည်ငယ်လေ၊ ပုဇွန့်လက်ရိုး အာလမ္ဗရာ၊ ကျော်ဝန်းသံဝါ ဆော်ရွမ်းညံစာစာ၊ တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ၊ အုံ့မှိုင်းညိုပြာ၊ မိုးထက်ကယ်ဝဠာ ကိုးချက်နယ်မှာ၊ တိမ်ခိုးယှက် မိုးသက်လေးတွေဖြာ့။

အသူရာနတ်မင်းပြည်မှာ နီနီရဲရဲဆုပ်ဆုပ်ခဲခဲ ကသစ်ပန်းတွေပွင့်စမြဲဖြစ်တယ်။ မိုးကျတော့မယ်ဆိုရင် ဘော်ငွေရောင် တလက်လက်ဖွေးဖြူနေတဲ့ သခွပ်ပန်းတွေပွင့်တယ်။ အဲဒီအခါမှာ အသူရာနတ်မင်းဟာ သူ့ကိုလှည့်စား အနိုင်ယူသွားတဲ့ သမက်တော်သိကြားမင်းရှိရာ မြင့်မိုရ်တောင်ထိပ်က တာဝတိန်သာနတ်ပြည်ကို စစ်ချီတက်တယ်။

သိကြားမင်းရဲ့ နတ်စစ်သည်တွေက ပုဇွန်လက်မရိုးအခွံနဲ့လုပ်ထားတဲ့ အာလမ္ဗရာစည်တော်ကို တီးခတ်ပြီးစစ်ချီကြတယ်။ အရပ်ရှစ်မျက်နှာ မိုးကောင်းကင်တခုလုံးမှာ အုံ့မှိုင်းပြီး တိမ်မှောင်ပြာတွေ ခြုံသိုင်းတွယ်ဆိုင်းထားသလိုနေတယ်။ အသူရာ နတ်မင်းကြီးရဲ့ စစ်အခင်းအကျင်းဟာ နဂါး၊ ဂဠုန်၊ ဂုမ္ဘာန်၊ ယက္ခတွေနဲ့ အာလိန်ငါးဆင့်စီကာဆင့်ထားတယ်။ သိကြားမင်းဟာ ယူဇနာ တသိန်းခြောက်သောင်း ရှစ်ထောင်မြင့်တဲ့ မြင့်မိုရ်တောင်ကြီးကို ပေါက်ထွက်သွားနိုင်တဲ့ ဝရဇိန်လက်နက်ကို ဆွဲကိုင်ပြီး၊ နတ်မြင်းတထောင်ကတဲ့ နတ်စစ်ရထားဝေဇယန္တာကိုစီးကာ စစ်ထွက်ပါတယ်။

မာမာအေး ကသစ်ပန်း https://www.youtube.com/watch?v=h7m07Fj82O0

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး